လှည့်စားခြင်းမှာ နှစ်မျိုးရှိမယ်ထင်တယ်။ စာတွေ ပေတွေထဲမှာတော့ လှည့်စားခြင်း ၂ မျိုး လှည့်စားခြင်း ၃ မျိုး စသဖြင့် ရှိချင်ရှိမှာပေါ့။ ဒါမှမဟုတ် တစ်ရာလောက် ရှိရင်လည်း ရှိနေမှာ။ ကိုယ်က စာသိပ်ဖတ်တဲ့သူ မဟုတ်တော့ မသိဘူး။ ဖတ်ဖူးတဲ့ ဆရာကြီးဦးရွှေအောင်ရဲ့ စာအုပ်ထဲမှာကတော့ မာယာနဲ့ သာဌေယျလို့ ပြောတာပဲ။ ခုက အဲဒီ မာယာတွေ သာဌေယျတွေ
လှူတောင် လှူရဦးမယ်
Facebook ပေါ်က အထာနဲ့ ပြောရရင် ဒီစကားမျိုးကို ကြားဖူးတာ ကျုပ်တယောက်တည်းလား လို့ မေးရမယ်။ ဘဝမှာ ကျောင်းတစ်ကျောင်းမှာ ကျောင်းထိုင် ဘုန်းကြီး လုပ်ရလိမ့်မယ်လို့ တစ်ခါမှ တွေးမထားခဲ့ဖူးဘူးဗျ။ သက်သေအားဖြင့် ပြောရရင် ကျုပ်ကွန်ပျူတာသင်တန်းတွေ ဖွံ့ဖြိုးရေးသင်တန်းတွေကို အခမဲ့ သင်ခဲ့တုန်းပေးခဲ့တုန်းက ကျုပ်တပည့်တွေက များသောအားဖြင့် မသတ္တဝါလေးတွေက ပြောခဲ့ကြတယ်။ ဒင်းတို့က ကျုပ်ကို ဦးဂျေလို့ခေါ်ခဲ့ကြတယ်။ သူတို့ပြောတာ
အကြွေးဘက်မှန်
ဟိုး လွန်ခဲ့တဲ့ ရက်ပေါင်း ၁၉၀ ခန့် သက္ကရာဇ်အားဖြင့် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃၀ မှာ အကြွေးတစ်ခုဆပ်ဖို့ အကြောင်းဖန်လာခဲ့တယ်။ ဒီကြားထဲ ဖတ်ရတဲ့ ဆုံးမစာလိုလို ဘာလိုလိုစာတွေက “သင့်မှာ မကောင်းတာတွေ ဖြစ်နေပြီဆိုရင် သင်မကောင်းတာ လုပ်ထားတာ သေချာပြီ” စတဲ့ ဆတော်တစ်ပါးပါးရဲ့ တရားတော်ထဲက စကားလုံးတစ်ခုခုက ဖြတ်ညှပ်ကပ်လုပ်ပြီး Facebook ပေါ်ဓာတ်ပုံစာလှလှလေးတွေ
စေတနာ
စေတနာနဲ့ ပတ်သက်လာရင် တစ်ခါက နာမည်တစ်လုံးရဖူးတဲ့ စာရေးဆရာမ တစ်ယောက်ရဲ့ စကားကို သိပ်ကြိုက်တယ်။ စကားလုံး အတိအကျရယ်တော့ မမှတ်မိတော့ဘူး။ သူပြောတာက “အကူအညီ မတောင်းပါဘဲနဲ့ သွားကူညီရင် အဲဒီစေတနာဟာ အစော်ကားခံရဖို့ သေချာတယ်” ဆိုပြီးတော့ပေါ့။ အစော်ကားခံရတာကို ငါ့စေတနာကို တန်ဖိုးမထားဘူးလို့ သတ်မှတ်ရင်လည်း အဲဒီစေတနာက စေတနာ မစစ်ပါဘူးလို့ အဲဒီဆရာမကြီး ဆက်ပြောပြန်သေးတယ်။ အဲဒီကနေ စပြီး
လွယ်မုဲင်းတောင်
တောင်ဇလပ်ပန်းဟု ပြောလိုက်သည်နှင့် အားလုံး ချင်းလူမျိုးကို ပြေးမြင်ကြမည်။ ထို့နောက် ချင်းတောင်တန်းကြီးကို ပြေးမြင်ကြမည်။ အဘယ့်ကြောင့်ဆိုသော် တောင်ဇလပ်သည် ချင်းမြေ၏ တော်ဝင်ဌာနေပန်း သို့မဟုတ် သင်္ကေတပန်းဖြစ်သောကြောင့် ဖြစ်သည်။ ဇိုမီးချင်းများအတွက် မြင့်မြတ်သော ပန်းလည်းဖြစ်သည်။ ချင်းပြည်တောင်တန်းများ၏ တနံတလျားတွင် ပေါက်ရောက်သောကြောင့်လည်း ဖြစ်သည်။ တောင်ဇလပ်ပန်းကို တောင်စလပ်ပန်း သို့တည်းမဟုတ် လက်ထုပ်သိမ်ဟုလည်း ခေါ်ကြသေးသည်။ တောင်ဇလပ်ပန်းတွင် အရောင်သုံးမျိုးရှိသည်။ အနီ၊
စျေးဝယ်ရင် အဖော်နဲ့ဝယ်ပါ
မနေ့က ၂၀၁၉ ခုနှစ်အတွင်း မန်းလေးကို သုံးခေါက်မြောက်အဆင်း လုပ်ရမယ့်ကိစ္စတွေကို အမြန်အမြန်လုပ်တယ်။ ရောက်လို့ပြီးတာနဲ့ ခဏ တရေးတမောအိပ်၊ မနက်စာ လက်ဘက်ရည်ဆိုင်ထိုင်၊ ပြီးတော့ ကားလေးဘာလေးငှါးပြီး။ မေမြို့ဘက်ကိုတက်တယ်။ ကျောင်းအပ်ထားတဲ့ တူမလေးကို သွားတွေ့ပြီး လိုအပ်တာများကို ဖြည့်ဆည်းပေးခဲ့တယ်။ အဲဒီနောက် ဘုရားကြီးဘက်ပြန်လာ။ အဲဒီမှာ အပ်ထားတဲ့ ဘုရားထီး နှစ်လက်ကို နည်းနည်းပါးပါး စစ်ကြည့်ပြီး လိုချင်တဲ့ ဆွဲလည်းလေးတွေဝယ်တယ်။
မြေနီမှုန်တို့ ဆားငံရေပြေးစိမ်ခြင်း
မုန်းတော့အပြစ် ချစ်တော့အကျိုး မြတ်နိုးတော့သဒ္ဓါတဲ့။ ဒီစာကို ဒီသဘောနဲ့ရေးထားလေတော့ ဒီသဘောနဲ့ဖတ်ပါ။ ခရီးစဉ်လေးအကြောင်းရေးမယ်လုပ်တော့ တနေ့က တက်လာတဲ့ ဆရာနရနီရဲ့ Status ကို ပြေးသတိရမိတယ်။ Status ကို မြန်မာလို ဘယ်လိုဖလှယ်ရမှန်းမသိတော့ ဆရာကျော်စိန်ပြောသလို မြန်မာစကားကို မြန်မာနားလည်အောင် အင်္ဂလိပ်စာညှပ်ပြီးပြောရတယ်ဆိုတဲ့စကားကို လိုက်နာခွင့်လေး ပြုတော်မူကြပါ။ ဆရာနရနီက သူ့ Status မှာ “လူလေးသန်း ၅၀ ရှိပါတယ်။