နည်းနည်းပါးပါးကလေး ပျော်စရာများ ဖြစ်မလားရယ်လို့ တိုတိုထွာထွာလေး ရေးကြည့်တာပါ။ နာမည်ကို “ပျော်စရာ အင်နာဂရမ်” လို့ပေးရမလိုလို၊ “လေ့လာချင်စရာ အင်နာဂရမ်” လို့ပေးရမလိုလို နောက်ဆုံး “အင်နာဂရမ် အတိုအထွာလေးများ” လို့ပဲ ပေးလိုက်ဖြစ်တယ်။
၁။ စနက်တံလေးများ
အင်နာဂရမ် ၁ = “မဟုတ်တာ မလုပ်စမ်းနဲ့” ဒီနည်းလမ်းအတိုင်းလုပ်။
အင်နာဂရမ် ၂ = “ဘာလို့များ မင်း သူတို့ကို မကူညီရတာတုန်း”
အင်နာဂရမ် ၃ = “ဖယ် ဖယ်၊ ဖယ်စမ်း၊ ငါ့ရှေ့ကဖယ် ငါလုပ်လိုက်မယ်”
အင်နာဂရမ် ၄ = “တရားသလား၊ ဒါက တရားတယ်တဲ့လား၊ ငါ့ကို ကြည့်စမ်း၊ မင်း အရင်က ဒါမျိုး တခါမှ မတွေ့ဖူးသေးဘူး”
အင်နာဂရမ် ၅ = “ငါ လုပ်ပါရစေ၊ ငါ မင်းအကူအညီမလိုအပ်ဘူး၊ ငါကိုယ်တိုင်ပဲ လုပ်မယ်”
အင်နာဂရမ် ၆ = “ငါ့ကို မထားခဲ့ပါနဲ့ကွာ၊ ငါ မင်းရဲ့ အကူအညီလိုအပ်လို့ပါ”
အင်နာဂရမ် ၇ = “ဒါကြီးက ပျင်းစရာကြီး၊ ငါတို့ ပျော်ဖို့ကောင်းတဲ့ နောက်တမျိုးမျိုး လုပ်ကြစို့”
အင်နာဂရမ် ၈ = “ငါ့ကို ဘာမှ ပြောစရာမလိုပါဘူး၊ မပြောပါနဲ့၊ ရပါတယ်၊ ငါသိတယ်”
အင်နာဂရမ် ၉ = “ငါ့ကောင်တွေ ဖြေးဖြေး”
***
၂။ လိုက်ဖက်တဲ့ အတွဲများ
အင်နာဂရမ် ၁ = ၄, ၇, ၈ နဲ့ ၉
အင်နာဂရမ် ၂ = ၃, ၄, ၈ နဲ့ ၉
အင်နာဂရမ် ၃ = ၂, ၇, ၈ နဲ့၉
အင်နာဂရမ် ၄ = ၁, ၄, ၆, နဲ့ ၇
အင်နာဂရမ် ၅ = ၃, ၅, ၇ နဲ့ ၈
အင်နာဂရမ် ၆ = ၅, ၆, ၇ နဲ့ ၉
အင်နာဂရမ် ၇ = ၁, ၄, ၅ နဲ့ ၉
အင်နာဂရမ် ၈ = ၁, ၃, ၅ နဲ့ ၇
အင်နာဂရမ် ၉ = ၂, ၃, ၆ နဲ့ ၇
***
၃။ ကိုယ်ပိုင်တန်ဖိုးများ
အင်နာဂရမ် ၁ = ပြည့်စုံခြင်းနှင့် ကောင်းမြတ်ခြင်း
အင်နာဂရမ် ၂ = မေတ္တာနှင့် စေတနာ
အင်နာဂရမ် ၃ = တန်ဖိုးထားခြင်းနှင့် တိုးတက်ခြင်း
အင်နာဂရမ် ၄ = အရေးပါခြင်းနှင့် မှန်ကန်ခြင်း
အင်နာဂရမ် ၅ = ဉာဏ်ပညာရှိခြင်းနှင့် ထိုးထွင်းသိမြင်ခြင်း
အင်နာဂရမ် ၆ = အသိုင်းအဝိုင်းအတွင်းနေခြင်းနှင့် လုံခြုံစွာနေထိုင်ခြင်း
အင်နာဂရမ် ၇ = လွတ်လပ်ခြင်းနှင့် ပွင့်လင်းခြင်း
အင်နာဂရမ် ၈ = ယုံကြည်ခြင်းနှင့် တရားမျှတခြငး်
အင်နာဂရမ် ၉ = သဟဇာတဖြင်းနှင့် ယှက်နွယ်ခြင်း