ယှက်နွယ်မှု
မည်သည့်ဘက်က ကြည့်ကြည့် ဤအမျိုးအစား နှစ်မျိုးသည် အဘက်ဘက်က တူညီနေသည်။ နံပါတ် (၂) ကော (၇) ပါ လူမှုရေး ဆက်ဆံရေးကောင်းကြသူများဖြစ်သည်။ ရင်းရင်းနှီးနှီးပြောဆိုတတ်သည်။ ပျော်ဖို့ကောင်းအောင် နေထိုင်တတ်သည်။ သူတို့နှင့် ပေါင်းသင်းသည့် ပုဂ္ဂိုလ်တို့အား ကြီးမားသည့် စွမ်းအင်များ ပေးနိုင်စွမ်းသည်။ တပါးသူပျော်ရွှင်ဖို့ တပါးသူတို့ ကောင်းမွန်သော အချိန်များ ပိုင်ဆိုင်နိုင်စေဖို့ လိုလားကြသည်။ နှစ်ဦးစလုံးသည် မကောင်းသည့် အချက်အလက်များကိုပင် အကောင်းမြင်ပေးနိုင်စွမ်းသည်။ အမြဲတမ်း ကောင်းသည့် ဘက်ကနေ ကြည့်ပေးနိုင်သည်။ အန္တရယ်ရှိသည်ကိုလည်း ကောင်းစွာ သိတတ်ကြသည်။ နှစ်မျိုးစလုံး ဆွဲဆောင်မှု အားကောင်းသည်။ အရာအားလုံးကို အလိုအလျောက်နားလည်သည်။ ထို့နောက် ဘဝ၏ ကောင်းမွန်သောအရာများကို ချစ်မြတ်နိုးကြသည်။ ထပ်ပေါင်းပြောဆိုရလျင် နံပါတ် (၂) တို့က တပါးသူအတွက် နက်နက်ရှိုင်းရှိုင်း ခံစားတတ်သည်။ သူတပါး အချီးနှည်းဖြစ်သွားမှာ အကျိုးမရှိမှာ စိုးရိမ်ပေးတတ်သည်။ နံပါတ် (၂) တို့က နံပါတ် (၇) တို့၏ တင်ကြို စိတ်ကူးထားသည် မဟုတ်ဘဲ စွန့်စားမှုဆန်ဆန်ဖြင့် ပြုလုပ်တတ်သည့် ဘဝအပေါ် စူးစူးနစ်နစ် အာရုံစိုက်တတ်မှုအပေါ် အကောင်းမြင်စိတ်ဖြင့် ဟိုးအတွင်းထဲအထိ လေးစားတတ်ကြသူများ ဖြစ်သည်။ နံပါတ် (၇) တို့က မြင့်မားသည့် စွမ်းအင်များ ယူဆောင်လာပေးတတ်သည်။ ဤအချက်က ဖြစ်နိုင်သည်ဟု သူတို့သိသည်နှင့် စိတ်မြန်လက်မြန် လုပ်တတ်သည်။ စိတ်ကူးတခု ပေါ်လာသည်နှင့် ထိုစိတ်ကူးကို အမြန်ဆုံး အကောင်အထည် ဖော်တတ်သူများ ဖြစ်သည်။ နံပါတ် (၇) တို့သည် ဤဘက်က မီးခလုတ်ဖွင့်လိုက်သည်နှင့် တဖက်မှ ဖန်ချောင်းထလင်းသည့်အလား အလွန်မြန်သော စိတ်ထားရှိကြသူများ ဖြစ်သည်။ နံပါတ် (၂) ကလည်း နံပါတ် (၇) ၏ ထိုကဲ့သို့ မူးယစ်လောက်သော ကိုယ်ရှိန်ကိုယ်ဝါကို သဘောကျသူများ ဖြစ်သည်။ နံပါတ် (၂) က သဘောကျသော်လည်း သူ့အတွက် မဟုတ်။ ထိုတက်ကြွမှုမျိုးကို သူလည်း ရချင်စိတ်ရှိကာ အတူတူ တက်ကြွလိုသောကြောင့် ဖြစ်သည်။ နံပါတ် (၇) က နံပါတ် (၂) တို့အား အခြေခံကျကျ ဟိုဘက်ဒီဘက် ကောင်းကျိုးရှိသည့် အချက်အလက်များကိုသာ ပြုလုပ်ရန် သတိထားမိစေရန် ကူညီပေးတတ်သည်။ ထို့နောက် နံပါတ် (၂) အား သူတို့၏ လုပ်နိုင်စွမ်းနှင့် သူတို့၏ ကျန်းမာရေးကို ဂရုမစိုက်လျင် တပါးသူအား ကူညီနိုင်လိမ့်မည် မဟုတ်ဟု အမြဲတမ်း သတိပေးနေတတ်သူများ ဖြစ်ကြသည်။ အခြားတဖက်တွင်လည်း အင်နာဂရမ်အရ အဆင့်မြင့်သည့် နံပါတ် (၇) များသည် သူတို့နှင့် ထပ်တူကျသည့် အင်နာဂရမ်အရ အဆင့်မြင့်သည့်သူများနှင့် လူအနေနဲ့ရော စိတ်အနေနဲ့ပါ တွေ့သင့်ကြပါသည်။ နံပါတ် (၂) က နံပါတ် (၇) အား သက်တောင့်သက်သာရှိရန် စိတ်ခွန်အားပြည့်ရန် ကူညီပေးနိုင်ကြပါသည်။ ဟိုဟိုဒီဒီလှည့်လှည်သွားလာခြင်းကိုလည်း လျှော့ချပေးနိုင်သည်။
ထို့ပြင် နံပါတ် (၂) ကော နံပါတ် (၇) ပါ အကောင်းမြင်သမားများ ဖြစ်ကြသည်။ သို့သော် နံပါတ် (၂) တို့က တဖက်သားတို့၏ လုပ်ဆောင်ချက်ကိုကြည့်၍ တဖက်သား၏ စိတ်မည်သည့်အခြေအနေတွင် ရှိနေသည်ကို လွယ်လွယ်ကူကူနှင့် တိတိကျကျ ထိုးဖောက်သိနိုင်ကြသူများ ဖြစ်သည်။ ဤအချက်က နံပါတ် (၇) အတွက် စိတ်ဝင်စားစရာကောင်းပြီး သူတို့သိသည့်အချက်များကို ပြောပြရင်း ပျော်ရွှင်နေတတ်သည်။ နှစ်ယောက်စလုံး မှတ်ကျောက်တင်လောက်အောင် ရက်ရောကြသူများ ဖြစ်သည်။ အတွေးအခေါ်ကောင်းကြသည့် စုံတွဲလည်း ဖြစ်သည်။ နံပါတ် (၂) နှင့် နံပါတ် (၇) တို့ လက်ထပ်သည်ဖြစ်စေ အတူနေသည်ဖြစ်စေ ပေါင်းစည်းပြီဆိုပါက လူတွေအတွက် ကောင်းမွန်သည့် အကျိုးများ ဖြစ်ပေါ်စေမည်မှာ သေချာပါသည်။ တခြားသူများနှင့် တခြားသော အတွဲများအပေါ်လည်း မမျှော်မှန်းနိုင်လောက်အောင် အကျိုးရှိလိမ့်မည်ဖြစ်သည်။ သူတို့က နွေးထွေးကြသည်။ ပျူငှါသည်။ ရက်ရောသည်။ သူတို့ကို မြင်သည်နှင့် ပျော်ရသည်ချည်းဖြစ်သည်။ တပါးသူအားလည်း အမြဲတမ်း လိုလားနှစ်သက်စေပါသည်။
ဖြစ်နိုင်ချေ
နံပါတ် (၂) များသည် နံပါတ် (၇) နှင့် ရင်းနှီးနေသော်လည်း သိပ်မကျွမ်းဝင်သေးဟု သူတို့ကိုယ် သူတို့ ယူဆတတ်သည်။ ထို့နောက် နံပါတ် (၇) နှင့် ပို၍ ရင်းနှီးကျွမ်းဝင်ရင် နည်းလမ်းများကို အမြဲရှာဖွေနေတတ်သည်။ သူတို့ အိမ်တွင် အတူနေရတာကို ကြိုက်သည်။ အလုပ်ကိုသွားလျင်လည်း အတူသွားချင်သည်။ အိမ်တွင် အခြေချကာ အတူချက်ပြုတ်စားသောက်ရင်း စကားတပြောပြောနှင့် နေရသည်ကို နှစ်သက်ကြသည်။ တဖက်တွင် နံပါတ် (၇) တို့ကလည်း ထိုင်နေရင်း အကြံဉာဏ်များ ထုတ်နေတတ်သည်။ သူတို့အလုပ်များကိုလည်း အကန့်အသတ်ထားတတ်သည်။ မည်သည့်အချက် မည်သည့်နေရာက သူတို့ကို ဆွဲဆောင်နိုင်လည်း ဆိုသည်ကို စိတ်ဝင်စားသည်။ နံပါတ် (၇) တို့က ရေရှည် လုပ်ငန်းများကို လုပ်ရတာ သဘောကျသည်။ လုပ်နိုင်စွမ်းလည်း ရှိသည်။ သို့သော်လည်း ပြင်းပြသော ဆန္ဒမရှိတတ်။ သူတို့က တယောက်တည်းဟု မခံစားနိုင်သောကြောင့် ဖြစ်သည်။ ထိုအခါမျိုးတွင် နံပါတ် (၂) တို့က အစပိုင်းရိုးရိုး ဝင်ပြောပေးသော်လည်း နောက်ပိုင်း အတင်းရော အဓမ္မပါ ဝင်ရောက်စွက်ဖက်တတ်သည်။ နံပါတ် (၇) ၏ ဇက်ကြိုးကို ကိုင်၍ ထိန်းချုပ်တတ်သည်။ အနီးကပ်နေ၍ အချိန်တိုင်း အတူရှိကာ တတွတ်တွတ် ပြောတတ်သည်။ နံပါတ် (၇) တို့က ဤအခါမျိုးတွင် နံပါတ် (၂) ၏ အပြုအမူထဲ တချက်တည်း ပိတ်မိသွားတော့သည်။ ထို့နောက် နံပါတ် (၂) အပေါ် စိတ်ဝင်စားမှုများ ပျောက်ဆုံးသွားတော့သည်။ (မိမိ၏ စိုးရွံ့မှု ဖြစ်ရခြင်း အကြောင်းအရင်းကို နားလည်သွားသည့် အခါမျိုးတွင်) သူတို့၏ ဆက်ဆံရေးတွေ ပျက်ပြယ် ပုပ်သိုးသွားပြီဟုလည်း ခံစားရတတ်သည်။ နံပါတ် (၂) ကလည်း ဆဋ္ဌမအာရုံကောင်းသူပီပီ နံပါတ် (၇) တို့၏ ပေါ့လာသော ဆက်ဆံရေးကို ကောင်းစွာ နားလည်လာပြီးနောက် နှစ်ဦးသား ဆက်ဆံရေးကို ပို၍ လေးလေးနက်နက်ထား၍ ဆက်ဆံတတ်သည်။ ထို့နောက် နံပါတ် (၇) တို့က မယုံကြည်ထိုက်သူအဖြစ် ခံစားသိမြင်လာသည်။ တကိုယ်ကောင်းဆန်သူများ အတ္တကြီးသူများ ကိုယ့်အတွက်သာ ကိုယ်ကြည့်သူများအဖြစ်မြင်လာကြသည်။ ထိုနောက် နံပါတ် (၇) ဘာလုပ်လုပ် စိတ်မဝင်စားတော့။ နံပါတ် (၇) ကလည်း နံပါတ် (၂) တို့က ခြယ်လှယ်လွန်းသည်။ ပိုင်စိုးပိုင်နင်းနိုင်သည်။ တဖက်သား၏ အပြစ်ကို မြင်လွန်းသည်။ သူတို့လုပ်ရပ်ကြောင့် တဖက်သား မလုံခြုံသလို ခံစားရသည်ကို မသိကြသူများဟု မြင်သည်။ ထို့နောက် နံပါတ် (၇) ကလည်း ဘာမှ ကောင်းကောင်း မလုပ်တော့။
ထို့ပြင် နံပါတ် (၇) များသည် သူတို့ တက်ကြွမှုရရန် စွမ်းအင်များ ပြန်လည်ပြည့်ဝရန် အေးအေးဆေးဆေး အနားယူဖို့ လိုအပ်တတ်ကြသည်။ တခြားသူများကို သူ့၏ အမှားအပေါ် အများကြီး အာရုံ မစိုက်စေချင်။ ပြောလျင်လည်း ငယ်ပေါင်းကြီးဖော်လို တရင်းတနှီးပြောစေချင်သည်။ သူတို့ လိုချင်သည့် အတိုင်းကိုသာ သူတို့ လက်ခံချင်တတ်ပါသည်။ ထိုအချက်ကြောင့် နံပါတ် (၂) က နံပါတ် (၇) အတွက် အသင့်တော်ဆုံး လူဖြစ်ပါသည်။ နံပါတ် (၂) တို့ လွန်လွန်ကျူကျူး မပြောဖို့ရန်သာ လိုပါသည်။ သူတို့နှစ်ဦးစလုံး ချစ်ခြင်းတရား၏ အကျိုးကျေးဇူးများကို သိကြပါသည်။ ဤနည်းနှင့်မရလျင် တခြားနည်းနှင့် စဉ်းစားတတ်ကြသော သူများလည်း ဖြစ်ကြသည်။ သူတို့နှစ်ယောက်က အမြဲ မတိုးသာ မဆုတ်သာ အခြေအနေကို ရင်ဆိုင်ရတတ်သည်။ အပြစ်တွေကိုလည်း တခုချင်းစီ ချပြတတ်ပြန်သည်။ သူတို့တယောက်အပြစ်ကို တယောက် ပုံကြီးချဲ့၍ ပြောတတ်သည်။ သူတို့စိတ်ညစ်လျင် အစားတွေ အများကြီး စားတတ်ကြတာချင်းလည်း တူသည်။ ကျန်းမာရေးကို ဂရုစိုက်ကြသူချင်းလည်း တူသည်။ နံပါတ် (၂) တို့က နံပါတ် (၇) ကို ဖိအား မပေးမိရန်သာ လိုပါသည်။