ယှက်နွယ်မှု
သူတို့နှစ်ယောက်တွဲပြီဆိုလျင်ဖြင့် ပြီးပြည့်စုံတဲ့ စုံတွဲတစ်တွဲ ပေါ်လာပေပြီဟု မှတ်သင့်သည်။ သူတို့က တယောက်အပေါ် တယောက် အရေးပါလှသော စွမ်းရည်ကိုယ်စီများဖြင့် နွယ်ယှက်ထားကြသောကြောင့် ဖြစ်သည်။ ထိုစွမ်းရည်ကား အမျိုးအစား စုံလင်လှသော လိုအပ်ချက်များဖြစ်ကြသည်။ အင်နာဂရမ် နံပါတ် ၄ သမားတို့က နံပါတ် ၃ သမားတို့အား သူတို့၏ အရည်အချင်း မည်ကဲ့သို့ ရှိသည် သူတို့က မည်သည့် အတိုင်းအတာအထိသာ အလုပ်လုပ်နိုင်သည် မိမိခံစားချက်၏ အကျိုးသက်ရောက်မှု စသည်တို့ကို ကောင်းမွန်စွာ သင်ကြားပြသပေးနိုင်သည်။ နံပါတ် ၄ တို့သည် နံပါတ် ၃ ၏ ထိလွယ် ရှလွယ်သော ကိစ္စရပ်များကို အလွယ်တကူ ဖယ်ရှားပေးနိုင်သည်။ ထို့အတူ ခံစားချက်များကိုလည်း လှပစေတတ်သည်။ လက်တွေ့မကျသည့်တိုင် နံပါတ် ၃ တို့၏ ဘဝအတွက် အရေးပါသော ကဏ္ဍတိုင်းတွင် နံပါတ် ၄တို့၏ လုပ်ဆောင်ချက်များက ထိထိမိမိ ရှိတတ်သည်။ နံပါတ် ၃ တို့ သူတို့ကို သူတို့ ပြန်ပြီး သိရှိနိုင်ရန်အတွက် သူတို့၏ အတွင်းမှလာသော ဆန္ဒကို သိရှိရန်အတွက် နံပါတ် ၄ တို့က နံပါတ် ၃ နေရာတွင် ဝင်ရောက်ခံစား ကပြနိုင်သည်။ နံပါတ် ၄ တို့က နံပါတ် ၃ ၏ နေပုံ ထိုင်ပုံ ပြောပုံ ဆိုပုံ စသည်တို့ကို ကောင်းကောင်း ဖော်ထုတ်ပေးနိုင်သည်။ ထို့အတူ ကောင်းမွန်သော ဆက်ဆံရေးများနှင့် အရည်အသွေး အစစ်အမှန်များကို ပြသပေးနိုင်သည်။ နံပါတ် ၃ တို့၏ ပုံစံသည် နံပါတ် ၄ တို့ ဖြည့်စွက်ပေးလိုက်သော စွမ်းရည်များစွာကို ပိုင်ဆိုင်နိုင်သည်။ ထို့အတူ နံပါတ် ၃ တို့ကလည်း နံပါတ် ၄ ၏ အောင်မြင်နိုင်သော စွမ်းရည်သစ်များ ဖော်ထုတ်ရာတွင် အထောက်အကူ အလွန်ဖြစ်ပါသည်။ နံပါတ်လေးတို့၏ အတွင်းစိတ်ခံစားချက် ချက်ချင်းလက်ငင်းတုန့်ပြန်တတ်မှုနှင့် တခါတရံ နက်နက်ရှိုင်းရှိုင်း ခံစားတတ်မှု မိမိကိုယ်ကို ပြင်းပြင်းထန်ထန် ပြန်လည်သံသယဝင်မှု စသည်တို့ကို နံပါတ်သုံးတို့က ဆန်းစစ်လေ့လာပေးတတ်ပြီး ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းပေးနိုင်သည်။ နံပါတ်လေးတို့၏ ရီလေးရှင်းရှစ်တစ်ခု တည်ဆောက်ရာတွင် ဖြစ်ပေါ်လာသည့် ရှက်တတ်မှု၊ နိမ့်ချမှု၊ မိမိကိုယ်ကို ယုံကြည်ချက် အားနည်းမှု စသည်အတွက် စကားကို မည်သို့ပြောရမည် ဘယ်အချိန်တွင် ဘယ်လိုပြောရမည်စသဖြင့် နံပါတ် ၃ တို့က သင်ပေးတတ်သည်။ နံပါတ် ၃ တို့က ရီလေးရှင်းရှစ်တစ်ခု၏ အတိမ်အနက်ကို ကောင်းကောင်း သဘောပေါက်သည်။ လိုအပ်သည့် ပန်းတိုင်ကို လက်တွေ့ကျကျ သွားတတ်သည်။ ကောင်းကောင်းလည်း လမ်းညွှန်တတ်သည်။ နံပါတ် ၄ တို့၏ မကြာခဏ အားလျှော့ပစ်လိုက်သည့် အပြုအမူကိုလည်း ထိန်းချုပ်နိုင်စွမ်းသည်။ နံပါတ် ၃ တို့သည် နံပါတ် ၄ တို့အား မိမိ၏ ကိုယ်ပိုင် အပြုအမူ မည်ကဲ့သို့ ထားရှိရမည်ဆိုသည်ကို ကောင်းကောင်း သင်ကြားပေးနိုင်သည်။ မိမိ၏ ခံစားချက်အပေါ် အားထားသည့် အပြုအမူများအား မည်သို့ရှောင်ရှားရမည် မိမိကိုယ်ကို ပြန်လည် သံသယဝင်မှုများကို မည်ကဲ့သို့ တိမ်းရှောင်ရမည်ကို ကျွမ်းကျင်ပိုင်နိုင်စွာ လက်တွေ့သင်ကြားပေးနိုင်သည်။
တကယ်တမ်း နံပါတ် ၃ နှင့် နံပါတ် ၄ နှစ်ယောက်စလုံး မသိစိတ်၏ အပြုအမူနောက် လိုက်တတ်ကြသူများ ဖြစ်သည်။ မသိစိတ်၏ တုန့်ပြန်မှုအတိုင်း ပြုမူတတ်ကြသည်။ သူတို့အတွဲကို တုန့်ပြန်လွယ် ပေါက်ကွဲလွယ်သည့် အတွဲများအဖြစ် လူသိများကြသည်။ သူတို့၏ ပုံရိပ်ကိုလည်း သူတို့သိကြသည်။ လူတကာက သူတို့ကို ဘယ်လို လက်ခံထားကြသည်ကိုလည်း သူတို့နားလည်သည်။ သူတို့စွမ်းအင်ကို သူတို့ဖြုန်းတီးကြပုံ ပြန်လည်ထိန်းသိမ်းကြပုံနှင့် သူတပါး၏ ခံစားမှုကို သိနေသည့်ပုံ၊ သူတို့၏ သိမြင်နားလည်ပုံ၊ သူတို့ဘဝအပေါ် သူတို့ ပျော်ရွှင်မှုများကို ရှာဖွေပုံမှာလည်း အံ့အားသင့်ဖွယ်အတိဖြစ်သည်။ သူတို့နှစ်ဦးစလုံး လက်ရှိ တည်ရှိနေသော အဖြစ်အပျက်များ သူတို့သိထားသော အကြောင်းအရာများထက် ကျော်လွန်၍ စကားလုံးဖြင့် ရှင်းပြရခက်သော အကြောင်းအရာများနှင့် အချင်းချင်း ယှက်နွယ်နေတတ်သည်။ သူတို့နှစ်ဦးစလုံးသည် ဝိဉာည်အရ တွဲယှက်လျက် နတ်ဖက်သလို စုံတွဲမျိုးဖြစ်သာ ဖြစ်ကြသည်။ သူတို့နှစ်ဦးစလုံး၏ အတူနေထိုင် ပေါင်းသင်းနေမှုကို သူတို့သာ နားလည်ကြသည်။
ဖြစ်နိုင်ချေ
သူတို့နှစ်ဦးစလုံး မိမိကိုယ်ကို ယုံကြည်သည့် ယုံကြည်ရန်အချက်အလက်များ ကိုယ်စီ ရှိကြသည်။ အများ၏ ဂရုစိုက်မှုကိုလည်း လိုလားကြသူများ ဖြစ်သည်။ ထိုကဲ့သို့ဖြစ်အောင်လည်း ပြုလုပ်ကြသူများ ဖြစ်သည်။ သူတို့၏ ကိုယ်ပိုင်တည်ရှိမှုကို တပါးသူက မေးခွန်းထုတ်စရာ ဖြစ်နေတတ်သည်။ သို့သော်လည်း သူတို့ကတော့ဖြင့် သဘောမကျကြပေ။ သူတို့က ရှက်ဖွယ်ကိစ္စများ တန်ဖိုးမရှိသည့်အရာများကို ဖုန်းကွယ်ထားတတ်သည်။ သူတို့နှစ်ယောက်စလုံး တပါးသူနှင့် လျှို့ဝှက်စွာ ယှဉ်ပြိုင်လိုစိတ်များ ရှိကြသည်။ တခါခါ မသိမသာမှသည် သိသိသာသာအဖြစ် ယှဉ်ပြိုင်တတ်ကြသေးသည်။ သူတို့အား အခြားသူတို့ ဂရုစိုက်မည်ဆိုလျင် မိမိအား ဉည်းဆဲသည့်နည်းဖြင့်ပင် အသုံးပြုတတ်သည်။ ထိုကဲ့သို့ ပြုလုပ်ရခြင်းကိုလည်း သူတို့ကိုယ်နှိုက်ကိုက နှစ်ခြိုက်ကြသည်။ သူများ အသိအမှတ်ပြမည်ဆိုလျင် သူတို့ ဘာလုပ်ရလုပ်ရ လုပ်တတ်ကြသည်။ နှစ်ယောက်စလုံး ဂရုစိုက်မှု အသိအမှတ်ပြုမှုကို လိုလားကြသူများဖြစ်သည်။ သို့သော်လည်း ထိုအထဲတွင် နံပါတ် ၃ က နည်းနည်းမြင်သာသည့်အနေအထားတွင် ရှိသည်။ နံပါတ်လေးက တိတ်ဆိတ်သော်လည်း သူများထက် ကျော်လွန်လိုစိတ် ထင်ရှားကျော်ကြားလိုစိတ်ပိုရှိသည်။ ထိုအတွက်လည်း အင်အားကို ပိုသုံးသည်။ နံပါတ် ၄ တို့၏ လုပ်ရပ်သည် မောင်းတင်ထားသည့် သေနတ်ခလုတ်ပေါ် လက်တင်ထားသည်နှင့်တူသည်။ လိုအပ်ချက်တွေ မှားယွင်းမှုတွေနဲ့ ပြည့်နေတတ်သည်။ ဤအချက်က နံပါတ်သုံး၏ အချက်ဖြစ်နေတတ်သည်။ သူတို့၏ ဆက်ဆံရေးတွင် နံပါတ် ၃ ၏ အပြုအမူများက နံပါတ် ၄ ၏ အပြုအမူလောက် အာရုံစိုက်ခံရမည် မဟုတ်ပါ။ တကယ်တမ်းတော့လည်း ဤအနေအထားတွင် ရှိနေပါက သူတို့နှစ်ဦး၏ ဆက်ဆံရေးကို တည်ငြိမ်စေမည့် အနေအထားဖြစ်သည်။ ပုံမှန်အားဖြင့် နံပါတ် ၄ တို့က နံပါတ် ၃ တို့မှ ရည်မှန်းထားသည် အနေအထားထက် ပို၍ အာရုံစိုက်ခံချင်သည်။ တခုခုဆိုလျင် သူ့ကို သတိရစေချင်သည်။
ပြဿနာကတော့ သူတို့မြင်စေချင်သလို သူတို့သိစေချင်သလို ပတ်ဝန်းကျင်က မမြင် မသိပေ။ နှစ်ယောက်စလုံးက ဖြစ်နိုင်ချေထက် ကျော်ပြီး ဂရုစိုက်မှုကို မျှော်လင့်နေတတ်ကြသည်။ နံပါတ် ၄ တို့လက်ခံထားသည့်အချက်မှာလည်း သူ့အားနည်းချက် သူ့အမှား မှန်သမျှကို နံပါတ် ၃ က ပြုပြင်ပေးမည် ပြင်ဆင်ပေးမည်ဟု ဖြစ်သည်။ တကယ်တမ်း နံပါတ် ၃ က နံပါတ် ၄ အပြုအမူကို အထူးအဆန်းသဖွယ် မြင်တတ်သည်။ အလေးအနက် မြင်နေတတ်သည်။ တန်ဖိုးရှိသည့်အရာ ဆွဲဆောင်မှု ရှိသည့်အရာဟု မြင်နေတတ်သည်။ ဤအချက်က သူတို့ကို ခက်စေသည်။ သူတို့နှစ်ဦးစလုံး သူတို့၏ ဆန္ဒများ မပြည့်ဝလျင် ရန်လိုတတ်သည့် သဘောတွင် ရှိသည်။ သူတို့နှစ်ဦးစလုံး၏ အဆိုးဆုံးအချက်မှာ တဦးအပေါ် တစ်ဦး နာကျင်စေသည့်နည်းဖြင့် ဂရိုစိုက်မှုကို ရှာဖွေခြင်းဖြစ်သည်။ သို့သော် လမ်းလွဲလိုက်ခြင်းဖြစ်သည်ဟု သတိမထားမိ ဂရိုမစိုက်မိပြန်ပေ။ သူတို့လုပ်ရပ်သည် သူတို့အား လူညွှန့်တုံးစေသည့် အလုပ်မျိုးဖြစ်နေတတ်သည်။ တစ်ဦးနှင့်တစ်ဦး နာကျည်းစေတတ်သည့် နည်းလမ်းဖြစ်တတ်သည်။ သူတို့ဝန်းကျင်ရှိ လူနှင့် သူငယ်ချင်းများအတွက် အတင်းပြောစရာ အပြစ်တင်စရာတွေ ဖြစ်နေတတ်သည်။ သူတို့နှစ်ဦးစလုံး၏ လုပ်ရပ်များသည် သူတို့နှစ်ဦးလမ်းခွဲဖို့ သွယ်ဝိုက်သည့်နည်းလမ်းဖြင့် တွန်းပို့နေသလို ဖြစ်တတ်သည်။ သူတို့နှစ်ဦးစလုံး တစ်ဦးအပေါ် တဦး လေးစားမှု အလေးထားမှုတို့ အဆုံးသတ်သည်နှင့် ရန်ဘက်အဖြစ် ပြောင်းသွားတတ်သည်။ တယောက်နှင့် တယောက်နာကျည်းမုန်းတီးကာ တဖက်သား ပြိုလဲသွားအောင် တိုက်ခိုက်တတ်ကြသည်။