ယှက်နွယ်မှု
အင်နာဂရမ် နံပါတ် (၁) နှင့် နံပါတ် (၇) တို့သည် ထူးခြားစွာ ပြည့်စုံသည့် စုံတွဲများဖြစ်ကြသည်။ အပြန်အလှန်ဆက်ဆံရေးလည်း ကောင်းကြသည်။ သူတို့သည် တစ်ဦး၏ လိုအပ်ချက်ကို တစ်ဦး ကောင်းမွန်စွာဖြည့်ဆည်းပေးကြပုံမှာ ဆန့်ကျင်ဘက်တွေ ဖြစ်ကြသည်။ ဤနည်းဖြင့် သူတို့သည် တစ်ဦး၏ အောင်မြင်မှုကို တစ်ဦးက ထောက်ပံ့နေသကဲ့သို့ ဖြစ်စေသည်။ တဦး၏ လိုအပ်ချက်ကို တစ်ဦးက ဖြည့်ဆည်းပေးနေသကဲ့သို့လည်းကောင်း တဦး၏ အားနည်းချက်ကို တစ်ဦးက ဖြည့်ပေးနေသကဲ့သို့လည်းကောင်း မတူကွဲပြားစွာ တည်ရှိနေကြသူများအဖြစ် မြင်ကြရမည် ဖြစ်သည်။ နံပါတ် (၁) သမားက ကောင်းမွန်ဖြောင်မတ်မှုဖြင့်လည်းကောင်း နည်းစနစ်ကျကျဖြင့်လည်းကောင်း ကောင်းမွန်သော အလုပ်နှင့် ကောင်းမွန်သော အလေ့အကျင့်ဖြင့်လည်းကောင်း ပျော်ရွှင်ဖွယ်ကောင်းသော နေထိုင်မှုအတွက်အတွက် စွန့်စားမှုများဖြင့်လည်းကောင်း ဘဝကို ပုံဖော်ပေးတတ်သည်။ အသစ်အသစ်သော အရာများကိုလည်း ဆောင်ကြဉ်းပေးတတ်သည်။ ရရှိလာသောအရာများတွင်လည်း သောက တစိုးတစိမှာ မပါစေဘဲ အရာအလုံး ပြည့်စုံကုံလုံသော အနေအထားဖြစ်နေအောင် နံပါတ် (၁) က စွမ်းဆောင်ပေးတတ်သည်။ နှစ်ယောက်စလုံး အနာဂတ်ကို ဦးတည်နေသောအနေအထား အများစံထားရလောက်သော အနေအထားရှိသည့် အလုပ်ကို ကောင်းကောင်း စတင်လုပ်ဆောင်တတ်သလို ကောင်းမွန်သည့် အစီအစဉ်များလည်း ချတတ်သည်။ နံပါတ် (၇) သမားကျပြန်တော့ ရွေးချယ်စရာများစွာရှိသည့် ပုံစံကို ပိုသဘောကျသည်။ ထို့နောက် လိုအပ်လျင် လိုအပ်သလို ပြောင်းလဲ၍ အရှုံးမရှိသည့် လမ်းစဉ်ကို လိုက်ချင်သည်။ နံပါတ် (၇) က လွတ်လပ်မှုနဲ့ သဘာဝကျမှုကို သဘောကျသည်။ နံပါတ် (၁) သမားက ပို၍ စနစ်ကျတတ်သဖြင့် နံပါတ် (၇) သမားများ လမ်းများပြီး ရွေးချယ်ရခက်နေလျင် ကောင်းမွန်စွာ လမ်းပြပေးနိုင်သည်။ ထို့နောက် တိုင်ပင်ဆွေးနွေး၍ အကောင်းဆုံးဖြစ်မည့် အစီအစဉ်အတိုင်း တဆင့်ချင်းစီ ပြလုပ်စေနိုင်သည့် စွမ်းအင်များ ရှိသည်။
နံပါတ် (၇) သမားများက နံပါတ် (၁) သမားကို စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ခံစားမှုများကို ပေးတတ်သည်။ ဘဝဆိုတာက ပျော်ရွှင်စွာနေထိုင်ဖို့နှင့် ငြိမ်းချမ်းစွာဖို့နေထိုင်ဖို့က ပိုအခရာကျကြောင်း ပြတတ်သည်။ နံပါတ် (၁) သမားက နံပါတ် (၇) သမားကို ရည်ရွယ်ချက်များနှင့် စိတ်ကူးစိတ်သန်းများကို ပေးတတ်သည်။ ဘဝဆိုတာက မြင့်မြတ်ပြီး အဓိပ္ပါယ်ရှိသည့်အတွက် အကောင်းဆုံး နေထိုင်သင့်သည်ဟု သင်ပြတတ်သည်။
နံပါတ် (၇) က နံပါတ် (၁) ကို စိတ်ဓာတ်တက်ကြွစေတတ်သည်။ သူတို့၏ စိတ်ကူး စိတ်သန်းကို ပြန်လည် ဆန်းသစ်ပေးတတ်သည်။ သူတို့၏ ဆက်ဆံရေးအား လေးလံစေသည့် အကြောင်းအရာများ ဖြစ်ပေါ်လာလျင် တားဆီးပေးတတ်သည်။ နံပါတ် (၁) က နံပါတ် (၇) တည်ငြိမ်သည့်အနေအထားရောက်အောင် ကူညီပေးတတ်သည်။ သူတို့နှစ်ဦး၏ ရည်မှန်းချက်များ ပြည့်ရာဆီသို့ စနစ်တကျနှင့် ညီညီညွတ်ညွတ်ဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း ဦးဆောင်ပေးတတ်သည်။ နံပါတ် (၇) ကလည်း နံပါတ် (၁) ဦးဆောင်မှုကို တန်ဖိုးထားသည်။ ယုံကြည်အားထားသည်။ ထို့အတွက် တယောက်အပေါ် တယောက် အသေးစိတ်ဂရုစိုက်ကြခြင်းအပေါ်လည်း သူတို့က ဂုဏ်ယူတတ်ကြသည်။ သူတို့နှစ်ယောက်သည် တစ်ဦးနှင့် တစ်ဦး အချင်းချင်း ပြန်လည်ထောက်ပံ့ပေးကြမှု မြင့်မားလွန်းသောကြောင့် သူတို့၏ တန်ဖိုးမှာ အနှိုင်းမဲ့ အံဝင်ခွင်ကျဖြစ်နေတတ်ကြသည်။ ထို့အတူ သူတို့သည် သူတို့ဘဝရေရှည်တံ့ခိုင်မြဲဖို့အတွက် အခြေခံချင်းတူသည် အလုပ်များကိုလည်း လုပ်ကိုင်တတ်ကြသည်။ ဤအချက်ကလည်း သူတို့နှစ်ဦးအတွက် အဓိက လှုံ့ဆော်ပေးသော အရာဖြစ်သည်။ သူတို့နှစ်ဦးသည် ဆန့်ကျင်နေသည့်ဘက်ကနေ အတူသွားနေကြသူများ ဖြစ်သည်။ သူတို့၏ ကွဲပြားသော အရည်အချင်းများက သူတို့တစ်ဦးနှင့်တစ်ဦးကို ဆွဲဆောင်နေသကဲ့သို့ ဖြစ်တတ်သည်။
ဖြစ်နိုင်ချေ
သူတို့နှစ်ဦးအတွက် ဖိအားတွေ ဖြစ်လာရခြင်းမှာ နံပါတ် (၁) က နက်နက်နဲနဲ တွေးလွန်းသောကြောင့် ဖြစ်သည်။ ကောက်ချချတတ်သောကြောင့်ဖြစ်သည်။ အလျှော့မပေးသောကြောင့် ဖြစ်သည်။ သူတို့တွေးသည် နည်းလမ်းကသာလျင် မှန်ကန်သည့် နည်းလမ်းဖြစ်သည်ဟု တလမ်းသွား အတွေးအခေါ်ကို ဦးစားပေးလွန်းသောကြောင့် ဖြစ်သည်။ သူတို့က နံပါတ် (၇) ကို စည်းကမ်းကာလနား မရှိ၊ မဖြစ်နိုင်တာတွေကို လုပ်သည်ဟု စွပ်စွဲတတ်သည်။ ကလေးဆန်သည် အတ္တကို ဗဟိုပြုသည်ဟုလည်း ပါလာတတ်သည်။ နံပါတ် (၁) က နံပါတ် (၇) ကို ဗရမ်းပတာနိုင်သည်ဟု ထင်သည်။ တော်တော်လေးကို ရူးနေသည့်လူများဟုလည်း စွပ်စွဲတတ်သည်။ သူတို့ခံနိုင်အားထက် ကျော်၍ လုပ်သည်၊ အခြေအမြစ်မရှိသည့် လမ်းနောက်လိုက်သည်ဟု ထင်သည်။ လူအများကြီးကို ကတိအများကြီး ပေးတတ်တာကိုလည်း မုန်းသည်။ နံပါတ် (၁) သမားများက နံပါတ် (၇) သမားကို အာရုံစူးစိုက်မှုမရှိ တစ်ခုတည်းအပေါ် မသွားဟု မြင်သည်။ ဗရမ်းပတာနိုင်မှုများ စည်းကျော်မှုများက သူတို့ကို စိတ်ပျက်စေသည်။ ရန်ဘက်အဖြစ်တော့ မမြင်သော်လည်း သနားစရာသတ္တဝါလေးအဖြစ် မြင်သွားတတ်ကြသည်။
အခြားတဖက်တွင်လည်း နံပါတ် (၇) သမားများက နံပါတ် (၁) ကို လုပ်ရည်ကိုင်ရည် ညံ့သည်ဟု တွေးသည်။ ဇီဇာကြောင်သည်။ အပြစ်အနာအဆာတွေ ရှာလွန်းသည်ဟု မြင်သည်။ နောက်ဆုံးတွင် သူတို့ထဲမှ တယောက်ယောက်က တဖက်သား၏ ငယ်ကျိုးငယ်နာကို ဖော်လာတတ်သည်။ သူတို့နှစ်ယောက် ပဋိပက္ခဖြစ်ရခြင်းမှာ လူ့အဖွဲ့အစည်းကြီးကို အာရုံစိုက်လွန်းသောကြောင့်လည်း ဖြစ်တတ်သလို ငွေရေးကြေးရေးကြောင့်လည်း ဖြစ်တတ်သည်။ အဘယ်ကြောင့်ဆိုသော် နံပါတ် (၁) များက နံပါတ် (၇) အပျော်အပါးလိုက်စားသည်။ ငွေကြေးတွေ ဖြုန်းတီးသည်ဟု မြင်သောကြောင့် ဖြစ်သည်။ နံပါတ် (၇) ကျပြန်တော့ နံပါတ် (၁) ကို တင်းကြပ်လွန်းသည်။ လူဖြစ်လာတာ ပျော်ဖို့စသည့် အမြင်မရှိဟု ထင်သည်။
နောက်ဆုံးတွင် နံပါတ် (၇) သမားများသည် နံပါတ် (၁) သမားတို့၏ ဆင်ခြင်သုံးသပ်ခြင်းဝါဒအပေါ် တော်တော်လေးကို မကျေမချမ်းဖြစ်သွားတတ်သည်။ သူတို့နှစ်ဦး၏ ဆန့်ကျင်ဘက် အကျင့်များဖြင့် တစ်ဦးအပေါ် တစ်ဦးဆွဲဆောင်သည့် အရာများသည်လည်း ကြာလာတော့ သူတို့ကို ပိတ်မိသွားစေသလို ဖြစ်လာသည်။ နံပါတ် (၇) သမားသည် နံပါတ် (၁) သမားနဲ့ တွေ့လိုက်ရခြင်းမှာ သူ့အား မပျော်ရွှင်မှု ထောင်ချောက် အမိခံလိုက်ရသည့်အလား မပျော်ရွှင်မှု အိမ်ကြီးတွင် နေထိုင်ရသလည့်အလား ထင်မှတ်လာတတ်သည်။ ဤအနေအထားမျိုးတွင် ကံပိုဆိုးသည်မှာ နံပါတ် (၁) သမားတို့၏ လုပ်ရည်ကိုင်ရည်များ ကျဆင်းလာတတ်ခြင်းပင် ဖြစ်သည်။ လုပ်သမျှလည်း နံပါတ် (၇) အတွက် ဆိုးသည့်ကိစ္စရပ်များသာ ဖြစ်နေတတ်သည်။ နံပါတ် (၁) အတွက် နံပါတ် (၇) တို့၏ လေးစားမှုများကျလာသည့်အပြင် စော်ကားသော အပြုအမူများကို ပိုမိုတွေ့လာရနိုင်သည်။ အောက်လုံးနှင့်ပင် ရန်ပြုခံရနိုင်သည်။ နံပါတ် (၁) သမားများက နံပါတ် (၇) အပေါ် ခံစားချက်မဲ့လာပြီးနောက် သူ့ပတ်ဝန်းကျင်တွင် ရှက်စရာကောင်းသည့် အဖြစ်အပျက်များနဲ့ ကြုံရမည်။ စိတ်ပျက်စရာများ စိတ်ဓာတ်ကျစရာများ ဖြစ်သွားမည်။ ထိုအခါ တစ်ဦးနှင့် တစ်ဦးအတွက် နှစ်ဦးနှစ်ဖက်စလုံး၏ ပုံရိပ်သည် စက်ဆုပ်စရာများ ဖြစ်လာသည်။ မထေမဲ့မြင်လုပ်စရာများသာ ဖြစ်လာမည်။
ထို့ကြောင့် နံပါတ် (၁) သမားများက နံပါတ် (၇) အပေါ် စကားပြောတော့မည်ဆိုလျင် ဝေဖန်သည့် စကားလုံး ပါမပါ၊ နှိမ်သည့် စကားလုံး ပါမပါ စဉ်းစားပြီးမှ ပြောသင့်သည်။ အထူးသဖြင့် တိတ်တိတ်လေး နေလိုက်တာက ပိုကောင်းပါသည်။ ထိုမှသာလျင် သူတို့နှစ်ဦး၏ ပဋိပက္ခဖြစ်လာစရာအကြောင်းများ ရှောင်ရှားနိုင်လိမ့်မည်ဖြစ်သည်။