ကစားနည်းများ ပိုစ့်တွေကို ကျွန်တော့်ရဲ့ http://jjqqyy.wordpress.com မှာ တော်တော်လေး ရေးခဲ့ပြီးပါပြီ။ အခု ဒီမှာပဲ ဆက်ရေး ဖြစ်သွားမယ် ထင်ပါတယ်။ ဟိုဘက်မှာတော့ ဇော်ဂျီ ဖောင့်နဲ့ပဲ ရေးဖြစ်ပါတယ်။ Line Up ရည်ရွယ်ချက် – တက်ကြွစေရန် လိုအပ်ချိန် – ၁၀ မိနစ် လူဦးရေ – သင်တန်းသားအားလုံး လိုအပ်ပစ္စည်း
သူတို့ပြောတာတွေ
ရက်ငါးဆယ်သင်တန်းက သူတို့ ဘာကို ဘယ်လို ရတယ်ဆိုတာကို ပြောထားတဲ့ စကားတွေပါ။ အရင်က 5 Minute Lecture ကလည်း အဲဒါပါပဲခင်ဗျာ။ မှတ်တမ်းတင်ထားတဲ့ သဘောပါ။ Challenge Game ဘယ်အရာမဆို အတူတကွ လုပ်ဆောင်မှ အောင်မြင်နိုင်မှာပါ။ တခါတလေကျရင် ကိုယ့်တစ်ယောက်တည်း လုပ်နိုင်တယ် ဆိုပေမယ့် အားနည်းချက် အနည်းနဲ့ အများရှိမှာပဲ။ အဲဒါကြောင့် လူတွေနဲ့
5 Minute Lecture
ကျွန်တော် ငါးမိနစ်ပို့ချချက်ကို ကြိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က အရင်တုန်းကဆို အရမ်းကြောက်တတ်တယ်။ ငါးမိနစ်ပို့ချတဲ့အချိန်ကစပြီး ကျွန်တော် ကြောက်တတ်တဲ့ စိတ်နည်းသွားတယ်။ ပိုမိုယုံကြည်မှုရှိပြီး ပြောရဲဆိုရဲ ရှိလာပါတယ်။ ရဲရင့်မှု ရှိလာတယ်။ ကြောက်စိတ်နည်းလာ၊ ပြောရဲ ဆိုရဲရှိလာ၊ လူကြီးရှေ့မှာ ပြောရဲ ဆိုရဲ ရှိလာတယ်။ ကျွန်တော်ရွာထဲကစပြီး နောင်တောင်းကို ရောက်တဲ့အခါ သင်တန်းထဲတွင် အရမ်းကြိုက်တယ်။ ဘာလို့လဲဆိုတော့ သင်တန်းထဲက
သူရဲကောင်းမလေးများ
“မင်းတို့ ပရဟိတ လုပ်နေတယ်။ အများအကျိုး လုပ်နေတယ် ဆိုပြီးတော့ သွေးနားထင်တွေ သိပ်ရောက်မနေကြနဲ့၊ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီး မနေကြနဲ့၊ မင်းတို့ဘက်က ဘယ်သူမှ ပါလာမှာ မဟုတ်ဘူး။ မင်းတို့ကို ဘယ်သူမှလည်း အားပေးမှာ မဟုတ်ဘူး၊ အဲဒီအပြင် နှောက်ယှက်ကြဦးမယ်၊ ရန်ရှာကြပါလိမ့် ဦး မယ်၊ အဲဒါတွေကို သိထား” ဆိုတဲ့ နောင်တောင်းဆရာတော်ရဲ့ စကားကို သတိရမိပါတယ်။
အမုန်းဒိုင်ယာရီ
အမုန်းအကြောင်းရေးမယ်လို့ စဉ်းစားတော့ စာရေးဆရာမ ဂျူးရဲ့ အမုန်းကြောင့် ဖြစ်သော စစ်ပွဲများ ဆိုတဲ့ စာအုပ်ကို သွားသတိရတယ်။ အဲ့ထဲမှာ ကြောက်လို့၊ အော့နှလုံးနာလို့၊ အာဏာရှိ အာဏာမဲ့လို့၊ ချစ်မိလု့ိ၊ ကိုယ်ထဲက နှိုးဆော်လို့၊ ဖိနှိပ်ခံရလို့ စသဖြင့် စာရေးဆရာမက အမုန်းရဲ့ အရင်းခံတွေကို စစ်ချကြည့်သွားတယ်။ သူကတော့ ကမ္ဘာချီတာပေါ့လေ။ ဘာကြောင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ စစ်ဖြစ်ကြရသလဲပေါ့။
METANARRATIVES
တနေ့ တနေ့ ကျွန်တော်တို့ အလျားတစ်လံ အနံတစ်ထွာရှိတဲ့ ခန္ဓာကိုယ်ထဲက မမြင်ဖူးတဲ့ စိတ်တွေနဲ့ မုန်းချင်တဲ့လူကို မုန်းပစ်တယ်။ ချစ်ချင်တဲ့လူကို ချစ်ပစ်တယ်။ ချီးမွှမ်းချင်တဲ့လူကို ချီးမွှမ်းပစ်တယ်။ ကဲ့ရဲ့ချင်တဲ့လူကို ကဲ့ရဲ့ပစ်တယ်။ စိတ်ပစ်ချရာမှာ ကိုယ့်ဘဝကို ပစ်ထားတယ်။ ကိုယ့်ဝါသနာအရ ဆိုပြီး တချို့အလုပ်ကို လုပ်ကြတယ်။ တချို့အလုပ်ကို မလုပ်ကြဘူး။ ကိုယ့်စိတ်အလိုကိုလိုက်ပြီး တွန်းထုတ်ပစ်ချင်တဲ့အရာကို တွန်းထုတ်ပစ်တယ်။ ဆွဲဆုပ်ယူထားချင်တဲ့ အရာကို
ဝေယျာဝစ္စပြုလုပ်ခဲ့သူများ (၃)
ဘုရားရှင် ဆယ်ဝါမြောက်ဝါကို ပလလဲတောထဲမှာ ဘာကြောင့် ဝါဆိုတယ်ဆိုတာ အားလုံးသိပြီးသားပဲ ထားလိုက်ပါတော့။ အဲဒီအချိန်မှာ ပါလိလေယျကဆင်ကြီးဟာ သူ့ဆင်အုပ်နဲ့ နေရတာကို ညဉ်းငွေ့လာပြီး တစ်ကောင်တည်း ထွက်လာခဲ့တယ်။ သူ့စိတ်တွေ အရမ်းပူလောင်နေချိန် တစ်နေရာအရောက် အင်ကြင်းပင်ရင်းမှာ ထိုင်နေတော်မူတဲ့ ဘုရားရှင်ကိုလည်းတွေ့ရော ရေအိုးပေါင်းတစ်ထောင်နဲ့ အလောင်းခံလိုက်ရသလို အေးချမ်းသွားတယ်။ ဘုရားရှင်နေဖို့ ဘဒ္ဒသာလအင်ကြင်းပင်ကြီး အောက်မှာ သစ်ခက်နဲ့ အမှိုက်ရှင်းတယ်။ သောက်ရေရဖို့ လုပ်တယ်။