တောင်ကြီး မအေးတော့ပါ “အမလေး အေးလိုက်တာ ရေတောင် မချိုးရဲဘူး” ဟု ယခင့် ယခင် တောင်ကြီးမြို့ကို အလည်တခေါက် ကိုယ်ရောက်တယ် ဆိုသူများ၏ ပါးစပ်ဖျား ဖျတ်ခနဲ ဖြတ်တိုးဖူးသော လေသံကို ကြားဖူးရကား မိမိလည်း ကြွားအံ့ဟု ရည်မှတ်ကာ ကြွားရန်သက်သက်သော သဘောတခုတည်းဖြင့် တောင်ကြီးသို့ မလာစေလို။ ထိုအရာအချင်းများကို လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုခန့်ကပင် တောင်ကြီးမှ
ထင်းရှာသူများ
ဟုတ်ပါတယ်။ ထင်းရှာတာပါ။ မြန်မာ့တော်လှန်ရေးသမိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ထင်းရှာသူတဦးဖြစ်သည်ဆိုတဲ့ ထင်းရှာသူပါ။ ဆရာညီပုလေးရဲ့ မြေးသူကြီးကို ဘယ်ချိန်ဖတ်ဖတ် မြေသူကြီးလို့ပဲ ဖတ်ဖတ်မိသလို ကျုပ် ထင်းရှာသူကို ထင်ရှားသူလို့ ဖတ်မိသွားကြလေမလားလို့ အထူးပင် ရင်လေးနေရပါတယ်။ စာအုပ်တအုပ်နာမည်ကို ထည့်ရေးလိုက်လို့ အဲစာအုပ်ကို ဖတ်တယ်၊ ဖတ်ဖူးတယ်လို့ မထင်ပါနဲ့။ မဖတ်ဖူးဘူးလို့လည်း မထင်ပါနဲ့။ ဖတ်ဖူးခြင်း မဖတ်ဖူးခြင်းကလည်း ထင်းရှာခြင်းအကြောင်းနဲ့ မဆိုင်လို့ ပြောမပြနိုင်ပါဘူး။
သင့်ဘဝအား ပြောင်းလဲစေမည့် စာအုပ် (၂)
လက်ရှိဗုဒ္ဓဘာသာဝင် အများဆုံး ဂုဏ်ကိုပိုင်ဆိုင်ထားသည့် မြန်မာဗုဒ္ဓဘာသာဝင်သူတော်စင်များရော ဝိနယော သာသနဿအာယု ဆိုကာ ဝိနည်းသည် သာသနာ၏ အသက်ဖြစ်၍ ဝိနည်းရှိမှ သာသနာရှိမည်ဟု သေချာယုံကြည်လျက် ဝိနည်းစာအုပ်ကို သေချာချုပ်၍ ပလပ်စတစ်ဖြင့် ဖုံးပြီး သိမ်းထားကြသော ရဟန်းတော်များတို့ စနေ တနင်္ဂနွေညနေများတွင် ဣန္ဒြေသိက္ခာအပြည့်ဖြင့် “မင်းမေ-မို့ အဲကောင်က နောက်တန်းကို ပြန်ပေးရသလား” စသဖြင့် နားဝင်ချိုလှသည့် ပီယဝါစာဖြင့် အားပေးကြသော
သင့်ဘဝအား ပြောင်းလဲစေမည့် စာအုပ် (၁)
ကျွန်ုပ်မှာ ဤစာအုပ်ကို ချပြချင်နေသည်မှာ အတော့်အတော်ပင် ကြာနေချေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်၏ ဘဝကို ပြောင်းလဲစေခဲ့သော စာအုပ်တအုပ် ဖြစ်သောကြောင့်ပင် ဖြစ်သည်။ မည်သူမဆို မိမိ၏ အသက်ကို ကယ်ဖူးသော အသက်သခင်အား မမေ့သင့်။ ပညာကို မြိုချမိသဖြင့် ဗိုက်ထဲ ပညာရှိနေသည့် ပညာရှိ ဆိုသူများကလည်း သူတထူး၏ ကျေးဇူးကို မမေ့ထိုက်ပေဟု မိန့်ခဲ့လေ၏။ လူဟု ဖြစ်လာသည်နှင့်အမျှ
ခေါင်းပါးခြင်း
“ခေါင်းပါးခြင်း” ဆိုတာက ရေးနိုင်သူတွေရေးပြီး ထုတ်နိုင်သူတွေ ထုတ်ဝေထားကြတဲ့ စာအုပ်၊ ဂျာနယ်၊ ကျမ်းစာတွေဆီမှာ ဝေးဝေးမှတခါ ပါလာတတ်တဲ့ စာတလုံးမျှသာဖြစ်ပါတယ်။ ပြောခြင်း၊ ဆိုခြင်း၊ ဩဝါဒတရားနဲ့ မိန့်ခွန်းစတာတွေမှာ တခါမှတလေ ညှပ်ပါလာတတ်တဲ့ စကားတခွန်းလောက်ပဲ။ မကြီးကျယ်ပါဘူး။ ကြီးကျယ်စရာ အကြောင်းလည်း မရှိပါဘူး။ ကြီးကျယ်နေရင်လည်း ဒီမောင်နဲ့ မဆိုင်ပါဘူး။ ခေါင်းပါးခြင်းကို စာဆန်ဆန်ပြောရရင် “ဝေါဟာရတခု” ပေါ့လေ။ ဟုတ်ကဲ့
လျှို့ဝှက်ချက်
ဒါကတော့ လျှို့ဝှက်ချက်အမျိုးမျိုးထဲက လျှို့ဝှက်ချက်တခုအကြောင်းပါ။ လျှို့ဝှက်စရာကို လျှို့ဝှက်ရင်း လျှို့ဝှက်ချက်ဖြစ်လာတဲ့ လျှို့ဝှက်ချက်ကလေးပေါ့။ လျှို့ဝှက်ချက်ဆိုပေမယ့် ထိပ်တန်းလျှို့ဝှက်ချက် မဟုတ်ပါဘူး။ ရိုးရိုး လျှို့ဝှက်ချက်ပါ။ ပီယဆေးဖော်နည်း လျှို့ဝှက်ချက် မဟုတ်ပါဘူး။ သာမန်လျှို့ဝှက်ချက်ပါ။ နိုင်ငံတော် လျှို့ဝှက်ချက်မဟုတ်ပါဘူး။ အကောင်းမြင်စိတ်ထားနည်း လျှို့ဝှက်ချက် မဟုတ်ပါဘူး။ ရုပ်ရှင်မင်းသမီးတယောက်ရဲ့ လျှို့ဝှက်ချက်မဟုတ်သလို စီအီးအိုတယောက်ရဲ့ လိင်ကိစ္စအရှုပ်တော်ပုံ လျှို့ဝှက်ချက်လည်း မဟုတ်ပါဘူး။ ရိုးရိုးမှ တကယ့်ရိုးရိုး လျှို့ဝှက်ချက်ပါ။
တောင်းပလုံး
တောင်းဆိုတာ ဝါးတွေ နှီးတွေနဲ့ ယက်လုပ်ထားတဲ့ ထည့်စရာကို တောင်းလို့ခေါ်တယ်။ ပလုံးလည်း အတူတူပဲ။ တောင်းကျတော့ ဆန်တပြည် နှစ်ပြည်ဆိုပြီး တခုခုကို တိတိပပထည့်လို့ရတာကို တောင်းလို့ခေါ်တာ။ ပလုံးကျတော့ ငယ်တယ်။ ပြည်၊ စိတ်၊ ခွဲနဲ့ တင်းစသဖြင့် တခုခုကို သတ်မှတ်ထည့်လို့ မရဘူး။ သေးတယ်လို့ ဆိုပါတော့။ ဒါမျိုးကို ပလုံးလို့ခေါ်တယ်။ ပြည်တောင်း၊ စိတ်တောင်း၊ ခွဲတောင်း၊