ဆယ်လ်မွန်းတော့မဟုတ်ပါဘူး၊ ဆန်နိုင်သလောက်တော့ ဆန်ကြည့်တယ်။ ကိုယ်က ရေမြွေပါ။ မြွေဆိုရင် လူတွေ ကြောက်ကြတယ်မဟုတ်လား။ ဆန်တက်တဲ့အခါ ရေအောက်ကနေလည်း မဆန်တတ်ဘူး။ ရေပေါ်ကနေ ကားယားကားယား ကူးတက်တော့တာပဲ။ ဘာကြောင့်ဆန်တက်နေသလဲဆိုရင် ရေနောက်ပါသွားမှာ ကြောက်လို့။ ရေအောက်မှာ ဘာရှိလဲ မသိဘူး။ ဆက်စုန်သွားရင် ပိုကြောက်စရာ ကောင်းနေမလားလို့။ ဒီလိုနဲ့ ခက်တာက ဒီမြွေကို လူတွေက ကြောက်တာပဲ။ ရေမြွေဆိုလည်း မရဘူး။
လွယ်သလား ခက်သလားရာမ
ဒီနေ့ ဆိုက်ခေါင်စံပြကျေးရွာ ဘက်သွားပြီး ပြတင်းတံခါးရွက်လေးတွေ ဝယ်တော့ ရောင်းတဲ့ တရုတ်မက ပြောတယ်။ သူ ချော်လဲပြီးနောက် လက်တဖက်က လှုပ်လို့မရတော့ဘူး ဖြစ်နေတယ်။ သေသာသေလိုက်ချင်တယ်။ အလုပ်မလုပ်ဘဲ သူများလုပ်စာ ထိုင်စားနေရတာ ရှက်တယ်ဆိုပဲ။ ကျွန်တော်ဆို အေးဆေးဖြစ်နေမှာ။ မနက် ထမင်းထချက်တယ်။ စိတ်ကူးရရင် ဘုရားရှိခိုးတယ်။ ပျင်းရင် ပြန်အိပ်လိုက်တာပဲ။ ထမင်းချက်ပြီးပြီ ငါ့တာဝန်ကျေပြီလို့တွေးတာ။ နေ့ခင်းဘက်ဆိုရင်လည်း ကွန်ပျူတာလေး
မနက်ဖြန်များစွာ ရှိတယ်
ဒိုးလုံးရဲ့ သီချင်းတစ်ပုဒ်ရှိတယ်။ သီချင်းနာမည်က “မနက်ဖြန်များစွာ ရှိတယ်” တဲ့။ MTV တောင်ရိုက်ထားသေးတယ်။ အရင်တုန်းက ကြိုက်ခဲ့ဖူးတဲ့ သရုပ်ဆောင်မင်းသား “မင်းမော်ကွန်း” ပါတယ်။ အေးဝတ်ရည်သောင်းနဲ့ စုမေဆိုတဲ့ ကလေးမလေး သရုပ်ဆောင်ထားတာ။ သီချင်းစစလာချင်းမှာပဲ မင်းမော်ကွန်းတယောက် ထောင်ဝတ်စုံနဲ့။ ပြီးမှ နောက်ကြောင်းကို တရွေ့ရွေ့ရိုက်ပြသွားတယ်။ ရင်ခုန်သံတွေ မြန်နေရင် အရာရာဟာ တကယ်ကို လှနေမယ်… ဆိုပဲလေ။ ငါ
နတ်ကိုးကွယ်သူများ
တနေ့က တင်တဲ့ status လေးကိုတော့ဖြင့် အကျယ်ချဲ့လို့ ရေးချင်သေးရဲ့။ ကျောင်းစ ပြောင်းလာတော့ ပထမဆုံး တွေ့တာက စေတီမှာ နဂါးရုပ်။ ကိုယ်က မသိပါဘူး။ ရှေးတုန်းက ထုထားတဲ့အရုပ်မှတ်တာ။ နောက်မှ စေတီပြင်တဲ့သူက သူ့ယုံကြည်မှုနဲ့ သူလုပ်သွားတာတဲ့။ အရုပ်လေးကိုတော့ဖြင့် ဘာမှ မပြောလိုပါဘူး။ သို့သော် ကံ့ကော်ဆတော်က ဘုရားနဲ့ မသင့်တော်ဘူးလို့ မိန့်ဖူးရဲ့။ တနေ့တော့ ကိုရင်လေးတပါးက
စွမ်းရည်
ဒီကနေ့ မနက် အိပ်ယာထပြီး အောက်ကို ခဏဆင်း။ ပြီးတော့ မီတာ တစ်ရာလောက်ရှိတဲ့ ကိုယ့်တောင် အမြင့်ကို ပြန်တက်လာ။ အဲမှာ မောတာပဲ။ ဟောဟဲ ဟောဟဲ နဲ့ကို မောတာ။ ဆိုတော့ ပြန်စဉ်းစားရတယ်။ ငါ့ခမျာ Physical ပိုင်းဆိုင်ရာ သိပ်မထိန်းသိမ်းပါလားပေါ့။ ဟိုးလွန်ခဲ့တဲ့ ၁၆ နှစ်လောက်တုန်းက မန်းလေး ဆေးရုံကြီးကို ဆေးရုံတခါ တက်ရဖူးတယ်။
မြေမှာကပ်ပေါက်တဲ့ အပင်များ
ဆိုပိမ့်မညှာ စေ့စေ့နာလော့ ဂင်္ဂါသမြျှ ပွင့်ကုန်ကြသား ဘုရားသာသနာ ခေါက်အခါတွင် လူရွာနတ်၌ နင်ကြုံကြိုက်လည်း အမိုက်မချွေ အလိုက်နေ၍ အခြေမကြီး အချည်းနှီးလျှင် တီးတီးယောင်ယောင် ခုတိုင်အောင့်တည့်၊ သန်းခေါင်လကွယ် တောအုပ်လယ်၌ ရှစ်နယ်ပတ်ကုန်း အပြည့်ဖုန်းသည် မိုဃ်းလုံးတိမ်တိုက် လျှပ်မကြိုက်သား အမိုက်လေးပြား အင်လေးပါးထက် နင်ကရာထောင် မကမှောင်၏။ လူ့ဘောင်လူ့ရွာ သာသနာ၌ ကြမ္မာတော်၍ ယခုတွေ့လည်း အလေ့မလွဲ အများနဲလျှင်
ကျွန်တော် ဆယ်လီ
လူဆိုတာ ကိုယ့်ကိုယ်ကို သိပ် ပစားပေးတတ်ကြတာ သဘာဝပဲ။ ကိုယ်တွေးတာမှန်။ ကိုယ်လုပ်တာမှန် စသဖြင့် ကိုယ့်ကိုယ်ကို ပစားပေးတာကိုး။ အဲ ဖြစ်လာပြီ ဆိုရင်လည်း ကိုယ့်ဒုက္ခ သိပ်ကြီးတာပဲ။ ကိုယ့်ဒုက္ခလောက် ကြီးကျယ်တဲ့ ဒုက္ခ လောကကြီးမှာ မရှိဘူးလို့တောင် ထင်တာကလား။ ကျွန်တော်မှန်ပြီး သူတို့မှားခဲ့တဲ့ အွန်လိုင်းက ပြဿနာ သို့တည်းမဟုတ် ကျွန်တော်မှားပြီး သူတို့ မှန်ခဲ့တဲ့ ပြဿနာ