ပအိုဝ်းကောင်းကလေးတယောက် ဆေးရုံကိုသွားပြီး သွေးလှူတယ်။ သူနာပြုက မေးတယ်။ “မောင်လေး ဘာသွေးလဲ” “ပအိုဝ်းသွေး” သည်ဟာသလေးကိုဖြင့် ပအိုဝ်းတွေ ခဏခဏပြောလို့ ခဏခဏကြားဖြစ်တဲ့ သွေးနဲ့ပတ်သက်တဲ့ ဟာသလေးပါ။ ဗမာ့သွေးဆိုတဲ့နာမည်နဲ့ အွန်လိုင်းမှာတော့ အကောင့်တွေ တွေ့ဖူးတယ်။ ဗမာ့သွေးဆိုတဲ့ စာအုပ်လား သီချင်းလား ရှိတယ်ထင်ပါတယ်။ သွေးဟာ ပအိုဝ်းသွေး ဗမာသွေးလို့ ပြောတာနဲ့အတူ ကချင်သွေး ကရင်သွေး မွန်သွေးဆိုတာလည်း ရှိချင်
သီချင်းများနဲ့အိမ်
ကျွန်တော်ငယ်ငယ်က တယ်ဖတ်ခဲ့တဲ့ ဝတ္ထုဆိုလို့ သိုင်းဝတ္ထုရယ်၊ အချစ်ဝတ္ထုရယ်ပဲ ရှိတယ်။ အဲဒီအရှိန်တွေရယ်ကြောင့်လားတော့မသိ။ စိတ်ထဲစွဲနေတဲ့ အိမ်ကလေးက ခမ်းခမ်းနားနား သိပ်မရှိလှဘူး။ ပြီးတော့ လူတွေနဲ့ ဝေးရာမှာ အမြဲဖြစ်လေ့ရှိတယ်။ စိတ်ကူးထဲ အိမ်ကလေးက စိုက်ခင်းတွေရဲ့ အလယ်မှာ ရောက်နေတတ်တယ်။ တောထဲမှာရှိနေပေမယ့် သတ်မှတ်တဲ့အနေနဲ့ စည်းရိုးကိုလည်း သစ်ကိုင်းလေးတွေ ဖြတ်ပြီး ခနော်ခနဲ့လေးစိုက်ပြီး နှီးလေးနဲ့ တန်းလေးကို တုတ်ထားတယ်။ အကျယ်ကြီးလည်း
နေရာ
“လာမယ် မလာဘူးကတော့ မင်းရဲ့ သဘောပါ၊ မင်းအတွက် တနေရာ ကိုယ်ရှင်းလင်းထားပါတယ်” ဆိုလား “ဦးထားပါတယ်” ဆိုလား။ ဗဒင်သီချင်းလေး။ ဘယ်သူ့မှ ကိုယ့်ကို နေရာမဦးထားပါဘူး။ ကိုယ်ကိုယ်တိုင် မသွားဘဲနဲ့ ရောက်ရတာပါ။ အဲလို ရောက်ကြရင်း နေရာမှားကြသူများ အကြောင်းပါ။ အသွားမတော်ရင် တစ်လှမ်းပါ။ မသွားဘဲနဲ့ ရောက်ခဲ့တဲ့နေရာတွေလည်း တလှမ်းမှားကြတာပါပဲ။ စိတ်ဒဏ်ရာလေး အကြောင်းနဲ့ စချင်တယ်။ ကျွန်တော့်အနေနဲ့ဆို
လူပီသခြင်း
တနေ့သ၌ ကျွန်ုပ်မှာ မျှော်လင့်မထားဘဲ လူဖြစ်လာ၏။ ကျွန်ုပ်ကား ထိုအဖြစ်ကို မသိ။ လူဖြစ်လာရခြင်းသည် လူဖြစ်လာရခြင်းကြောင့်ဟု ထင်၏။ လူဖြစ်လာသဖြင့် လူဖြစ်လာ၏။ လူဖြစ်လာခြင်းကြောင့် ကျွန်ုပ်မှာ ကြောင်တောင်တောင်ဖြစ်ခြင်း ဇဝေဇဝါဖြစ်ချင်း အလျဉ်းမရှိ လူဖြစ်လာသည်ကို အံ့သြရကောင်းမှန်းမသိဘဲ လူဖြစ်လာ၏။ ဤအရာသည် အဖြူဟုဆိုသဖြင့် ကျွန်ုပ်မှာ ‘အော် အဖြူတဲ့ဟ’ ဟုမှတ်ရ၏။ အမည်းဟုဆိုသည့်အရာကိုလည်း အမည်းဟု မှတ်ရပြန်၏။ အစိမ်းဆိုသဖြင့်
ပြစ်မှုမြောက်သောနေ့
မနက်ခင်းထောင်ထားသော နာရီက လေးနာရီခွဲတွင် သွင်းထားသော ခပ်ညိမ့်ညိမ့်သီချင်းသံဖြင့် မြည်လာသည်။ ခပ်လှမ်းလှမ်းတွင်ရောက်နေသော ဖုန်းဆီကို အိမ်မှုန်စုံမွှားဖြင့် စမ်းပြီး ပိတ်ရန်ဖြစ်ကြောင်းခလုတ်ကို ဘေးသို့ တချက်ခတ်လိုက်၏။ ပြီးလျှင် ဆက်အိပ်လိုက်သည်။ အပြင်မှ တံခါးဖွင့်သံကြားရသည်။ ကိုရင်များ၏ ခြေသံတရှပ်ရှပ်ကြားရသည်။ ကိုရင်များ အိပ်ယာက ထလာကြလေပြီ။ “သောက်တော်ရေလှဲလေ” အပြစ်တင်သံဖြင့် ကိုရင်တစ်ပါးနှင့်တစ်ပါး အသိပေးသံကို ကြားရသည်။ ခဏနေ သောက်တော်ရေခွက်ကို မမီ့တမီဖြင့်
သင်ဘယ်သူလဲ
မိမိကိုယ်ကို သိရှိခြင်း ခေါင်းစဉ်နဲ့ သင်တန်းပေးရင် ဒီခေါင်းစဉ်နဲ့ သင်ခန်းစာလေး တစ်ခုပါတယ်။ ကြောက်စရာ ကောင်းတဲ့ သင်ခန်းစာလို့ မြင်မိတယ်။ ဒါပေမယ့်လည်း ဒီသင်ခန်းစာက မိမိကိုယ်ကို သိရှိဖို့ တော်တော် အထော်ကအကူဖြစ်ပါတယ်။ သင်ဘယ်သူလဲ ဆိုတဲ့ မေးခွန်းကို လူတယောက်တည်းကိုပဲ မေးတဲ့ သင်ခန်းစာ ဖြစ်ပါတယ်။ သင်တန်းသား အခြေအနေအရ အချိန်ကို နာရီဝက် လေးဆယ့်ငါးမိနစ် စသည်ယူတတ်ပါတယ်။
Before I fall
သည် Before I fall ဇာတ်ကားလေး အကြောင်း မရေးရ မနေနိုင်လို့ ရေးကြည့်လိုက်တာပါခင်ဗျား။ ကောင်းတယ် မကောင်းဘူးက တကယ်တမ်းတော့ ကြည့်တဲ့သူနဲ့သာ ဆိုင်သလို သူ့ရဲ့ ခံစားချက်အခံနဲ့လည်း ဆိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ပထမ ကျွန်တော် review ကလေးရေးခဲ့တဲ့ What happened Monday ရုပ်ရှင်တုန်းက ပြောခဲ့သလိုပဲ ကျွန်တော်ကြိုက်မိတဲ့ ရုပ်ရှင်တော်တော်များများဟာ အမျိုးသမီးဇာတ်ဆောင်