တက်ကျမ်းလိုလို ဘာလိုလို နာမည်မျိုးပေးရရင် “ဒီ ၁၀ မျိုးကို အခုချက်ချင်း စွန့်လွတ်ပါ” သို့မှ မဟုတ်ရင်လည်း “ချက်ချင်း စွန့်လွတ်သင့်တဲ့ အချက် (၁၀) ချက်” ဆိုတာမျိုးပေါ့ဗျာ။ ဒါပေမယ့် ကိုယ်စွန့်လွတ်သင့်တဲ့ စွန့်လွတ်ရမယ့် အချက်တွေထဲမှာ ပျော်နေရင်လည်း သတိလေးထားကြည့်ပေါ့။ အကျင့်ဆိုးဆိုတာက ချစ်စရာကောင်းတယ်လေ။ ဒါလေးနဲ့ လုပ်စားလည်း ရတဲ့အပိုင်းတွေ ရှိတတ်ကြတာကိုး။ ဒါပေမယ့် ကိုယ့်နဲ့
ဒါမျိုးတွေက လွယ်ပါတယ် (၉)
မိမိကိုယ်ကို တိုးတက်ဖို့ လုပ်တဲ့နေရာမှာ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ အခုရေးနေတာကလည်း တနည်းပေါ့။ အခြားသော အခြားနည်းတွေလည်း အများကြီးရှိပါတယ်။ ဒီလိုကျင့်မှ အောင်မြင်မှာ ဆိုတာထက် ကိုယ်နဲ့ ကိုက်ညီတဲ့ နည်းလမ်းလေးတွေ မှတ်ထားပြီး ကျင့်ကြည့်ပေါ့။ ဖတ်ရုံတင်မဟုတ်ဘူးနော်။ မှတ်ထားရမှာ။ စာဖတ်နည်းအမျိုးမျိုးရှိတယ်။ အဲဒီထဲက မျဉ်းသားပြီးဖတ်တဲ့နည်း သို့တည်းမဟုတ် မှတ်စုထုတ်ဖတ်တဲ့နည်းက တော်တော်လေး ထိရောက်တယ်။ ကျွန်တော်ဆို ဟိုးငယ်ငယ်ကတည်းက
ဒါမျိုးတွေက လွယ်ပါတယ် (၈)
ကံကြမ္မာဆိုး တစ်ခုခုကို မဖြစ်အောင် တစ်ကြိမ်တစ်ခါ ပြောင်းပစ်နိုင်တာနဲ့ လူတွေက အမြဲပဲ ပြောင်းလဲပစ်နိုင်တယ်လို့ ထင်နေကြတယ်။ ကံတွေကို ပြောင်းလို့ မရဘူး မဟုတ်ပါဘူး။ ပြောင်းလို့ရပါတယ်။ ကံကောင်းလို့ ကံပြောင်းသွားတာမျိုးမဟုတ်ဘဲ ကိုယ့်အာစိဏ္ဏကံကြောင့် ပြောင်းသွားတယ်ဆိုရင် ပိုမကောင်းဘူးလား။ ကဲ ထပ်ပြီး စကြည့်ရအောင်။ ၁။ အာစိဏ္ဏကံဖြစ်အောင်လုပ်ပါ။ ကံဆိုတာ အလုပ်ပါ။ နေ့စဉ်လုပ်နေကျ အလုပ်တွေ လုပ်မြဲလုပ်ပါ။ ပုံပြင်လေးနဲ့
ဒါမျိုးတွေက လွယ်ပါတယ် (၇)
လူတိုင်း လူတိုင်းတိုးတက်ချင်ကြတာပါပဲ။ ဘုရားမှာလည်း ကျရှုံးရပါလို၏လို့ တစ်ခါမှ ဆုမတောင်းဖူးကြပါဘူး။ မိဘက အတင်းအလုပ်လျှောက်ခိုင်းတာနဲ့ အလုပ်လျှောက်လိုက်ရပြီးသကာလ အဲဒီအလုပ်ကြီးကို မလုပ်ချင်တဲ့အခါ ဘုရားသွားပြီး ဤအင်တာဗျူး မအောင်ရရပါလို၏ ဤအလုပ်ကို မရရပါလို၏လို့ ဆုတောင်းတာက လွှဲလို့ပေါ့လေ။ အဲလို သွားဆုတောင်းကြရတာကလည်း မိမိကိုယ်ကိုမိမိ အခြားသောကိစ္စရပ်များမှာ တိုးတက်ချင်လို့ပါလေ။ တိုးတက်အောင် ဘယ်လိုများနေထိုင်ရပါ့မလဲ။ နံပါတ်စဉ်လေးတပ်ပြီးပြောပါရစေ။ ၁။ နေ့စဉ်နေ့တိုင်း တရားထိုင်တဲ့အချိန် သို့မဟုတ်
ပဒ်မန်း
ငယ်ငယ်တုန်းက ကျောင်းမှာ ဘုရားပန်းလာကပ်တဲ့ ရွာက သတ်မှတ်လို့ အပျိုကြီးဖြစ်နေတဲ့ အသက် ၂၀ ကျော်ကျော် မိန်းကလေးတွေကို မေးခွန်းတစ်ခုမေးဖူးတယ်။ “ဘာဆုတောင်းကြတာလဲ” “ဘဝဆက်တိုင်း ယောက်ျားဘဝဖြစ်ရပါလို၏ လို့ဆိုတောင်းတာပေါ့ ကိုရင်ရယ်” လို့ဖြေကြတယ်။ ဘာဖြစ်လို့ အဲလိုဖြေတာလဲမသိဘူး။ မိန်းကလေးဖြစ်ရင် ဖြစ်သည့်အလျောက် အခွင့်အရေးတွေ ဒီလောက်ရနေတာ။ စစ်ကားတွေကြည့်၊ မိန်းမနဲ့ ကလေးတွေ အရယ်ကယ်ပါလို့ စပြောခံရတာ။ ကားစီးတာကြည့်။ မိန်းမတွေကို
ဒါမျိုးတွေက လွယ်ပါတယ် (၆)
ဗိုလ်အောင်ဒင် ရာမကို မေးသလို “သေနတ်ကိုင်ပြီး ဟောဒီလို ခလုတ်ကလေး ဆွဲရတာ လွယ်သလား ခက်သလားရာမ” လို့မေးလိုက်ချင်သေးရဲ့။ ရာမကတော့ ကြောင်အအ ဖြစ်သွားတာပေါ့။ ကျွန်တော်ကတော့ မဖြစ်ပါဘူး။ လွယ်ပါတယ်။ ခေတ်က လွယ်သထက် လွယ်လာအောင် လုပ်လာပြီ။ ဘယ်လောက် လွယ်အောင် လုပ်လာကြမလဲဆိုရင် အရင်ခေတ်က လူတွေဟာ ကလေးမွေးရင် ကိုယ်ဝန်လွယ်ပြီး သမားရိုးကျ မွေးခဲ့ကြတယ်။ မွေးပြီးမှသာ
ဒါမျိုးတွေက လွယ်ပါတယ် (၅)
လွယ်တာမို့လို့ လွယ်တယ်လို့ပြောရတာပါ။ လွယ်တာတောင်မှ လွယ်ပါတယ်လို့ဖြစ်ပါတယ်။ လွယ်တယ်လို့ တိုတိုဖြေရင် လွယ်ပေမယ့် သိပ်မလွယ်သလိုဖြစ်နေလို့ လွယ်ပါတယ်လို့ “ပါ” ထည့်ပြီး လွယ်ပြလိုက်တာပါ။ မြန်မာနိုင်ငံမှာ ရှေးလူကြီးရော ယခုလူကြီးများပါ ပြောကြတာရှိပါတယ်။ စာဖတ်ပါ စာဖတ်ပါတဲ့။ ဖတ်ရမယ့်စာတွေ သူများအတွက်တော့ မသိဘူး။ ကိုယ့်အတွက်တော့ ရှားပါတယ်။ ဖတ်လိုက်တဲ့ စာအုပ်တိုင်းကလည်း ကိုယ့်ကို လာအမိန့်ပေးနေတဲ့ စာတွေများတယ်။ ဒီတော့ စာသိပ်မဖတ်ချင်ဘူးဗျာ။