အလွယ်ဆုံးကို စပြောရရင် စာသင်ကျောင်း တက်တယ်ဆိုတာ လွယ်တဲ့ကိစ္စပါပဲ။ တလောကလုံး ရှိရှိသမျ လူမျိုးအားလုံး စာသင်ကျောင်းတက်နေကြရတာပါပဲ။ စာသင်ကျောင်းမတက်ရင်ကို လူမဆန်တော့သလို လူနဲ့မတန်တော့သလို အပြောခံရတဲ့ခေတ်မှာ စာသင်ကျောင်းက တက်ကို တက်မှ ရမှာဖြစ်ပါတယ်။ မတက်လို့မရ မဆက်လို့မဖြစ်တဲ့ နေရာကတော့ သည်ခေတ်မှာ စာသင်ကျောင်းပါပဲ။ စာသင်ကျောင်းဖြင့်ပေါ်တာ နှစ် ၂၀၀ မကျော်သေးဘဲနဲ့များ ဒီခေတ်မှာ စာသင်ကျောင်းမတက်ရင်ဖြင့် သို့တည်းမဟုတ် စာသင်ကျောင်းအပို့မခံရရင်ဖြင့်
အောက်တန်းကျခြင်း အနုပညာ (၂)
ချက်ချင်း (၂) ရောက်သွားတာမဟုတ်ပါဘူး။ နံပါတ်တစ်က အောက်တန်းကျနည်း နိဿရည်းဆိုတဲ့ ခေါင်းစဉ်နဲ့ဖြစ်နေလို့ပါ။ ပြန်တွေးကြည့်မှ အောက်တန်းကျဖို့ဆိုတာ အနုပညာဆန်ရတယ် သို့တည်းမဟုတ် အနုပညာဆန်ဖို့လိုတယ်ဆိုတာ သိလာရတယ်ကိုး။ အနုပညာဆန်ဆန် ကျွန်တော့်ဘဝရဲ့ အောက်တန်းကျခဲ့ပုံများကို စာဖွဲ့ရရင်ဖြင့် ကျွန်တော့်ရဲ့ဆရာတွေဟာ ကျွန်တော့်ကို မုန်းခြင်းပါပဲ။ ကျွန်တော့်ရဲ့ ငယ်ဆရာဆို လွန်ခဲ့တဲ့ နှစ်တစ်ခုမှာ ကျွန်တော့်ကိုတွေ့တော့ “မင်း ကိုရင်တွေမွေးပြီး ပိုက်ဆံအလှူခံစားနေတယ်ဆို” လို့ ကျွန်တော့်ကို
ဒါမျိုးတွေက လွယ်ပါတယ် (၁၄)
လူတွေဟာ သံသရာတစ်ခုထဲမှာ ပိတ်မိနေကြတာများတယ်။ သံသရာတစ်ခုဆိုတာက များများစားစားမဟုတ်ပါဘူး။ တစ်ခုဆိုမှ တစ်ခုတည်းပါ။ ဥပမာ အစားလျှော့စားမယ်။ ဒါပေမယ့်လည်း လျှော့မစားဖြစ်ပါဘူး။ ကျန်းမာရေးလိုက်စားမယ်။ တစ်ရက်လား နှစ်ရက်လားပဲ။ အဲလိုဖြစ်တတ်တဲ့ အကျင့်ဟာ လူတိုင်းမှာ ၁၀ နှစ်ကြာတဲ့အထိ ပုန်းခိုနေတတ်ပါတယ်။ ယောက်ျားလေးတော်တော်များများကတော့ ဆေးလိပ်ဖြတ်မှ ဖြစ်မယ်လို့ စဉ်းစားတာ ၁၀ နှစ်ကြာတတ်တယ်။ ဒါနဲ့ပဲ ပြီးသွားတတ်ကြတာပါပဲ။ နောက် ဆိုးတာတစ်ခုရှိသေးတယ်။
အောက်တန်းကျနည်း နိဿရည်း (၁)
အထက်တန်းစား မျက်လုံးနဲ့ဖတ်ခြင်း သည်းခံပေးဖို့ ကြိုပြောထားပါရစေ။ ဒါကတော့ ကိုယ်တော်တော် အောက်တန်းကျခဲ့တဲ့အကြောင်းကို လမ်းညွှန်အနေနဲ့ ရေးပြမှာပါ။ ကျွန်တော်က ပထမဦးဆုံး ရုပ်ရည်အားဖြင့် စတင်အောက်တန်းကျပါတယ်။ ကွန်တော်ကိုကြည့်ရင် ရုပ်ရည်ရူပကာယအားဖြင့် တပါးသူအတွက် သင့်တင်မျှတမှုမရှိပါဘူး။ မကောင်းဘူးလို့ ယူဆရတဲ့ နေရာတွေမှာ ကိုယ့်ကို ခဏခဏ လူမှားပါတယ်။ ကျွန်တော့်အနေနဲ့ ရေးပြလို့ မသင့်တဲ့ နေရာတွေမှာ ကျွန်တော့်ကို ခဏခဏတွေ့ပါကြောင်း အထင်လွဲခံရ
ဒါမျိုးတွေက လွယ်ပါတယ် (၁၃)
နည်းပညာရဲ့ မြန်နှုန်းက တိုင်းတာပြလို့မရအောင် တရက်ထက်တရက် မြန်သထက်မြန်လာတယ်။ ဟိုးလွန်ခဲ့တဲ့ နှစ် နှစ်ဆယ်လောက်က စာရေးဆရာတစ်ယောက်က ပြောဖူးတယ်။ သူ ကွန်ပျူတာကို မဝယ်ချင်ဘူး။ ဝယ်လိုက်ရင် နောက်နေ့ ဒိတ်က အောက်အောက်သွားတတ်လို့လို့ပြောပါတယ်။ ဒါက ဟိုး လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က စကားပါ။ အဲဒီခေတ်လောက်ကတည်းက တဖြည်းဖြည်းနဲ့ မြန်မြန်လာတဲ့ အရှိန်ဟာ ခုဆို တစ်နာရီ
ဒါမျိုးတွေက လွယ်ပါတယ် (၁၂)
စီမံကိန်းတစ်ခုလုပ်နေရာကနေ အဲဒီစီမံကိန်းပြီးဆုံးတဲ့ကာလကို ရောက်လာခဲ့တယ်။ စီမံကိန်းအတွင်း ပါဝင်တဲ့သူတွေက အခြားနေရာတွေမှာလည်း ပါဝင်နေတာကြောင့် သင်တန်းသွားရ Follow Up လိုက်ရ Field ထဲဆင်းရဖြစ်နေတော့ စီမိကိန်းနောက်ဆုံးလမှာ အစီအစဉ်တွေကလည်းကြပ် လူတွေကလည်းမရှိ လူတွေ ပြန်စုမိကျပြန်တော့ နောက်ဆုံး Dead Line ကရောက်နေဆိုတော့ ဝိုင်းလုပ်လိုက်ကြတာ။ ဖတ်ဖတ်ကိုမောလို့ လို့ပြောရမလိုဖြစ်နေတယ်။ လူတွေရဲ့နေ့စဉ်ဘဝက ဒီလိုပါပဲ။ အလုပ်ကရှုပ် စိတ်ကမောဆိုတဲ့နေ့ရက်တွေက ဘဝတိုတိုလေးမှာ
ဒါမျိုးတွေက လွယ်ပါတယ် (၁၁)
ပျော်တယ်။ ပျော်တယ်။ အများအမြင်မှာ ကိုယ် သိပ်ပျော်နေတယ်။ ဒါပေမယ့် ကွယ်ရာမှာ သက်ပြင်းတွေ ခိုးချတယ်။ တခါခါ သက်ကြီးတောင် ရှိုက်လိုက်မိတာမျိုး ရှိတယ်။ ခုခေတ်မှာက Facebook ပေါ် ကြည့်လိုက်တော့ ကိုယ့်သူငယ်ချင်း ၃၀၀ လောက်ရဲ့ Newfeed က ပျော်စရာပုံလေးတွေ ဖြစ်နေတော့ ကိုယ်လည်း ပျော်နေကြောင်း စောင်းပါးရိပ်ခြည်လေး တင်ရတယ်။ ဒါမှမဟုတ် Like