ဒါမျိုးတွေက လွယ်ပါတယ်ဆိုတဲ့ စာတွေကို တကယ်တမ်းတော့ Satire စာအဖြစ် ရေးခဲ့တာပါ။ ကိုယ်က စာရေးတာ အရမ်းတော်လေတော့ Satire ကို Satire ဖြစ်အောင် မရေးနိုင်လိုက်တာက အားနည်းချက် ဖြစ်သွားခဲ့တာပေါ့လေ။ ဒီစာမျိုးတွေက လူတွေကို Brain Drain လုပ်တဲ့စာလို့ ခေါ်ပါတယ်။ ဒါပေမယ့် ဒီစာမျိုးကိုပဲ လူတစ်ရာမှာ ၉၉.၉၉ ယောက်က ဖတ်ကြပါတယ်။ ခုတလော
အောက်တန်းကျခြင်း အနုပညာ (၃)
မနေ့က စိတ်ဓာတ်တော်တော်လေး ကျရတဲ့ အကြောင်းရင်းတစ်ခု ပေါ်လာတယ်။ မောင်းနေတဲ့ကားက လိုအပ်တာထက် ပိုပိုပူလာတယ်။ တုန်ခါလာတယ်။ ထူးဆန်းတဲ့ အသံတွေ အင်္ဂျင်ကနေ ထွက်နေတယ်။ မောင်းရင်းတန်းလန်း တုန့်ခနဲ ဘရိတ်အုပ်လိုက်သလို ဖြစ်လာတယ်။ ဆီမလိုက်တာလို့ထင်ပြီး ကားဝပ်ရှော့ပို့တော့ ကားဝပ်ရှော့ကလည်း တော်ချက်။ အောက်ပိုင်းဖြစ်တာဆိုပြီး ပြင်လိုက်တာ။ နှစ်သိန်းကုန်သွားတယ်။ အဲဒီကနေ မောင်းပြန်လာတော့ လမ်းမှာတင် သုံးခါတိတိ စက်သေပြီး ထိုးရပ်တယ်။
ဒါမျိုးတွေက လွယ်ပါတယ် (၁၉)
မနေ့ကနဲ့ ဒီနေ့(၁.၁၀.၂၀၁၈) နှစ်ရက်လုံးလုံး ကားဝပ်ရှော့ထဲမှာ ငုတ်တုတ်လေး ထိုင်နေရတယ်။ ဖတ်စရာ စာအုပ်လည်းမပါတော့ ဘာလုပ်ရ ဘာကိုင်ရမှန်းမသိ။ ပါလာတဲ့ ဖုန်းကလည်း အားက ကုန်လုနီးနီး အနေအထားမှာ ရှိနေလေတော့ သူများကို အားသွင်းကြိုးလေးငှါးပါလို့ မပြောတတ်တဲ့ ကိုယ့်အတွက် ပေတေပြီး ဖုန်းအားလေး မကုန်အောင် မသုံးဘဲနေရင်း ငုတ်တုတ်လေး အချိန်ဖြုန်းနေရတယ်။ အရင်တုန်းကလည်း ကိုယ့်မှာ အချိန်တွေ အလကားပိုနေပါတယ်။
ဒါမျိုးတွေက လွယ်ပါတယ် (၁၈)
ကြိုက်မိတဲ့ စာရေးဆရာထဲမှာ ဆရာသော်တာဆွေလည်းပါတယ်။ ဒါပေမယ့် သူများလို စာကြီးပေကြီး ဖတ်တဲ့သူမဟုတ်လေတော့ သူ့စာအုပ်တွေကို အကုန်မသိပါဘူး။ ကျွန်တော်ကြိုက်တဲ့ သူ့စာအုပ်က ပတ္တမြားဝင်းထိန်အကြောင်းရေးတဲ့ စာအုပ်ပါ။ ပတ္တမြားဝင်းထိန်ဆိုတာ တကယ့်နယ်နယ်ရရကြီး ဖြစ်ပါတယ်။ သူကြံစည်လိုက်တဲ့ အတွေးအကြံတွေဟာ မစားရဝခမန်းပါပဲ။ ခွေးခြောက်ကောင်နဲ့ ဆယ့်နှစ်ကောင်၊ နှစ်ဆယ့်လေးကောင်၊ လေးဆယ့်ရှစ်ကောင်စသဖြင့်ပွားပြီးနောက် ဆပ်ကပ်ပြစားမယ်ဆိုပဲ။ နောက်တော့ ရန်ကုန်မှာ ခွေးတက္ကသိုလ်တောင်ဖွင့်ဦးမယ်။ အကြံကကြီးသလောက် အပြောကလည်းကောင်းပါပေ့ဆိုရမှာပဲ။ နောက်ဆုံးတော့လည်း
ဒါမျိုးတွေက လွယ်ပါတယ် (၁၇)
စိတ်ထဲမှာ အပိုင်း ၂၀ အထိရေးမယ်လို့ စိတ်ကူးထားလို့ ဆက်ရေးတာပါ။ သန္နိဋ္ဌာန်ချထားတာ မဟုတ်တော့ ရေးချင်ရေး မရေးချင်နေလည်း ရပါတယ်။ စိတ်ကူးဟာ စိတ်ကူးပဲ။ သန္နိဋ္ဌာန်မှ သန္နိဋ္ဌာန်ဆိုတော့ မရေးလည်းဖြစ်တယ်ဆိုပါတော့။ ဒီလိုပြောလိုက်တော့ ဟုတ်ပေသားပဲလို့ ထင်ချင်ထင်ပါလိမ့်မယ်။ တကယ်တမ်းကျတော့ လူတိုင်းလုပ်နေကျ ကိုယ်လုပ်တာကျတော့ အပြစ်ကို ဖော့တွေးတဲ့ အလုပ်ကို လုပ်ပြတာသာ ဖြစ်ပါတယ်။ ဆိုတော့ စိတ်ကူးအတိုင်း လိုက်လုပ်ပါ့မယ်။
အကောင်
“အကောင်ဆိုရင် အကုန်ကြောက်တယ်” ဟု သူငယ်ချင်းလို တပည့်လို ရင်းနှီးသော တပည့်မလေး တယောက်က ပြောသည်။ ကျောင်းကို လာနေကျ ကောင်မလေးတယောက်ကတော့ဖြင့် “အကောင်တွေထဲမှာ ပင့်ကူကို အကြောက်ဆုံးပဲ” ဟုဆိုသည်။ တလောက အသိတယောက်နဲ့ စကားပြောရင်း ဘယ်ကနေ ဘယ်လို စပ်မိသည်မသိ။ အိမ်မြောင်အကြောင်း ရောက်သွားသည်။ “ဟာ ဟေ့ကောင် အကောင်တွေထဲမှာတော့ အိမ်မြောင်ဆိုတဲ့အကောင်ကို ငါအကြောက်ဆုံးပဲ” ဟုလှမ်းပြောသေးသည်။
ဒါမျိုးတွေက လွယ်ပါတယ် (၁၆)
ဘယ်နေရာ ဘယ်ဒေသကို ကြည့်လိုက် ကြည့်လိုက် ကလေးတွေဟာ လွယ်အိတ်ကိုယ်စီနဲ့ ကျောင်းကို သွားနေကြရတယ်။ တချို့နေရာများဆို ကလေးကို ကျောင်းမထားရင်တောင် ဒဏ်ရိုက်တဲ့အထိ စာသင်ကျောင်းရဲ့ လွှမ်းမိုးမှုအောက်ကို အဆောက်အဦလိုက်ကြီး ရောက်နေတာလည်း ရှိတယ်။ စာသင်ကျောင်းဆိုတာကြီးကလည်း ဆရာ ဆိုတဲ့အောက်မှာ ပြားပြားမှောက်ပြီး ဖွဲ့စည်းပုံတမျိုးတည်းနဲ့ လုပ်ထုံးလုပ်နည်းတွေ တသမတ်တည်းနဲ့ တည်ဆောက်ထားတယ်။ စာ ဆိုတာသင်ရတယ်လို့ ဟိုး ခရစ်မပေါ်မီ နှစ်ပေါင်း