ဒီနေ့နဲ့ပတ်သက်လို့အွန်လိုင်းပေါ် အီးလိုရော ဘားမစ်လိုပါ Googling ကြည့်တော့ ပုံမှာပါတဲ့ အဝိုင်းလေးတစ်ခုပဲကျန်တာနဲ့အောက်ဖ့်လိုင်းမှာလောင်တောင် မရှိတော့တာလား အောက်ဖ့်လိုင်းမှာ အဲသည်ထက် ဆိုးသွားလေပြီလားဆိုပြီးရယ်တော့တောမရောက် တောင်မရောက် မတွေးဖြစ်တာလေးကို ချရေးဖြစ်တယ်။ ခုတလော ရေးချင်တဲ့ စာတွေက ရေးရင်းတဝက်တပျက်မှာပဲ Stop sign နဲ့တွေ့တွေ့နေရလို့။ တခါခါတော့လည်း ပျံသန်းဖို့နေနေသာသာ တကျိကျိမြည်တဲ့ အသံလေးတောင် ထွက်မလာတာနဲ့ ဘာသာပဲ stopsign ပြလိုက်ရတာများလို့အကြောင်းဖန်တာနဲ့ အားမပါ
အောက်တန်းကျခြင်း အနုပညာ (၄)
ကိုယ့်ပေါင် ကိုယ်လှံထောင်းတဲ့ ကိစ္စနတွေကို မရေးတော့ဘူးလုပ်ပေမယ့် အဖြစ်အပျက်တွေက ကိုယ့်ရင်ကို လာလာဆောင့်ကန်နေလို့ ရေးလိုက်ပါဦးမယ်လေ။ အောက်တိုဘာလ ၅ ရက်နေ့မှာ အသိတယောက် အဲလေ တပါးက သူ့မှာ သူ့အသိ ကားဝပ်ရှော့ရှိပါတယ်ဆိုပြီး ဘယ်လိုတော်ကြောင်း တတ်ကြောင်းစာဖွဲ့ပြတာကိုး။ သည်လူက သည်လိုပဲ လေးဝါးနေကျဆိုတာ အမြဲသိပေမင့် အမြဲခံရနေကျ ကိုယ်က ယုံစားမိပြီး ကားဆီအောင့်နေတာကို GDI ပိုက်စစ်ခိုင်းလိုက်မိပါတယ်။ ကားအောက်ပိုင်းကို
ဒါမျိုးကျတော့ ခက်တယ် (၃)
ဒါကို ဆက်ရေးမယ်လုပ်တော့ ငယ်ငယ်တုန်းက မဂ္ဂဇိန်တစ်ခုမှာ မြန်မာ့ရုပ်ရှင်ကို ဝေဖန်တဲ့ ဆောင်းပါးတစ်ပုဒ်ရဲ့ ခေါင်းစီးကို ပြေးသတိရမိတယ်။ အဲဒီဆောင်းပါးပိုင်ရှင်ကိုတော့ မမှတ်မိတော့ပါဘူး။ သူ့ဆောင်းပါးခေါင်းစီးကိုပဲ မှတ်မိနေတယ်။ ခေါင်းစီးက “မကြည့်ချင်လို့ ပြောနေတာကြာပြီ” တဲ့။ ဒါပေမယ့်လည်း သူ့ဆောင်းပါးကြောင့် မြန်မာ့ရုပ်ရှင်လောကကြီး ပြောင်းလဲမသွားတဲ့အပြင် နောက်ဆုံးတော့ မြန်မာ့ရုပ်ရှင်တွေဆိုတာ “ပေါကား” တွေပဲ ဖြစ်သွားတော့တယ်။ ဖန်တရာတေ ဆီသည်မလက်နှီးစုပ် ဟာသတွေ ဇာတ်ကွက်တွေကို
ဒါမျိုးကျတော့ ခက်တယ် (၂)
Critical Thinking ဆိုတာ ရှိတယ်။ အစကတော့ ဝေဖန်သုံးသပ်စဉ်းစားခြင်းလို့ ဘာသာပြန်ကြတယ်။ နောက်ပိုင်းတော့ “ဝေဖန်” ဆိုတဲ့စကားလုံးက အဆိုးဘက်ကို နည်းနည်းယိမ်းတယ်ဆိုပြီးတော့ စဉ်းစားဆင်ခြင်ခြင်းလို့ ထပ်ပြန်ကြပြန်ပါတယ်။ ဘယ်လို ဘာသာပြန်ပြန် နက်နက်နဲနဲစဉ်းစားရမှာပဲလို့ နားလည်လိုရင်း အဓိကကျတာပဲ။ ဆိုတော့ကာ အရင်တစ်ပုဒ်မှာ ကျေးဇူးသိတတ်စရာမလိုဘူး ဆိုတဲ့ လူတွေ လုပ်ဖို့ခက်ခဲတဲ့အကြောင်း အထူးသဖြင့် ကျွန်တော်ကိုယ်တိုင်ကိုယ်ကျ လုပ်ဖို့ခက်တဲ့အကြောင်း ရေးပြီးတဲ့နောက် ဒီတစ်ပုဒ်ကျတော့
ဒါမျိုးတွေကျတော့ ခက်တယ် (၁)
မသိဘူး။ ရေးမယ်။ မရေးလို့မဖြစ်ဘူး။ ကျွန်တော့်စိတ်ရင်းအမှန်တွေကို ရေးပြချင်တာ။ ကျွန်တော် ခံစားနေရတာတွေကို ရေးပြချင်တာ။ အဲဒါကို အခြေခံအနေနဲ့ ဒါမျိုးတွေက လွယ်ပါတယ်ဆိုပြီး လျှောက်ရေးခဲ့တာ။ တကယ်တမ်း ကျွန်တော်ရေးချင်တာက ဒါမျိုးကျတော့ ခက်တယ်ဆိုတဲ့အပိုင်း။ ကျွန်တော်ဟာ တာရာမင်းဝေရဲ့ နာမည်ကျော် ဝတ္ထုစာအုပ် တစ်အုပ်ရဲ့ နာမည်လို “အနေအထိုင် မတတ်တဲ့ကြယ်” ဖြစ်ရင်ဖြစ်နေမယ်။ ဟုတ်ပါတယ်။ ကျွန်တော် အနေအထိုင် မတတ်တဲ့ကြယ်ပါ။
နားထောင်ခြင်း
သင်တန်းတွေပေးတော့ သင်တန်းမှာ သင်သင်ပေးဖြစ်တာက နားထောင်ခြင်းဆိုတဲ့ ပြဿနာပဲ။ နားထောင်ခြင်းကိစ္စ သို့မဟုတ် နားထောင်ရန် အရေးကြီးတယ်ဆိုတာထက် နားထောင်ခြင်းဟာ ပြဿနာပဲ။ ဘာလို့ဆို နားမထောင်ချင်လို့ပါပဲ။ နားထောင်တဲ့ကိစ္စက တော်တော်ခက်တဲ့ ကိစ္စကိုး။ ဒါကို နားထောင်ဖို့ နားထောင်ဖို့ နားထောင်ရမယ် နားထောင်တာဟာ အခရာပဲဆိုတဲ့ စကားကို ခဏခဏပြောပြီး သင်ကြားကြတာကိုး။ ရှင်းရှင်းပဲ ပြောရရင် ကျွန်တော်ကတော့ နားထောင်ခြင်းကိစ္စကို သိပ်မလုပ်ပါဘူး။
ကံဆိုးနေတယ်လို့ ပြောရင် ယုံလိုက်ပါ
လွန်ခဲ့တဲ့ သုံးနှစ်လောက် ဒီကို ရောက်ပြီး ခဏအကြာမှာ ဆောက်ထားတဲ့ တဲကျောင်းလေးတွေဟာ သွပ်ကို ညှပ်ပြီးမိုးထားတယ်။ ဘေးက ရွာသားတွေ ကိုယ်တိုက်ယက်ထားတဲ့ ဝါးထရံနဲ့။ အောက်ကလည်း ရွာသားတွေကိုယ်တိုင် ခုတ်ထားတဲ့ သဲ့နဲ့ခင်းထားတယ်။ ဘေးထရံက အပေါက်တွေ ကျယ်လာတယ်။ အောက်က ကြမ်းခင်းသဲ့တွေက ဝါးခြောက်လာတာနဲ့အမျ နှစ်ကြာလာတာနဲ့အမျ ဆွေးလာတယ်။ ကျယ်လာတယ်။ နေလို့ တော်တော်လေး မဖြစ်တော့တဲ့ အနေအထားမှာ