အရင်တုန်းက လျှပ်စစ်မီးနဲ့ပတ်သက်လို့ သိပ်ခေတ်အမီကြီးမဟုတ်တဲ့ ခေတ်မှာ လမ်းဘေးဓာတ်တိုင်လေးတွေဟာ ၁၅ ပေအမြင့်လောက်သာသာပဲ ရှိပြီး တိုင်တွေဟာလည်း သံထည်နဲ့ ပြုလုပ်ထားမယ်။ တိုင်ထိပ်မှာ ရှိတဲ့ မီးသီးဟာ အုပ်ဆောင်းလေးနဲ့ ဖြစ်မယ်။ အထဲက မီးသီးကတော့ သေချာတယ်။ ဘတ်ခွစာ (လေးဂွစာ) မိထားမယ်။ ဓာတ်တိုင်အရင်းကလည်း သေချာတယ်။ သစ်မာတမျိုးမျိုး ဝါးရင်းတုတ်တမျိုးမျိုးနဲ့ အရိုက်ခံထားရပြီး ဟိုနေရာချိုင့် ဒီနေရာချိုင့်ဖြစ်နေမယ်။ ဒါပုံမှန်ပဲ။
သာသနာ
ကိုးကွယ်တဲ့ ဘာသာတိုင်းမှာ သာသနာတွေ ရှိကြတယ်။ ဟိန္ဒူမှာ ဟိန္ဒူသာသနာရှိသလို အစ္စလာမ်နဲ့ ခရိယာန်တို့မှာလည်း သူတို့ သာသာနာနဲ့ သူတို့ရှိကြတယ်။ အဲလိုပဲ ဗုဒ္ဓကို ကိုးကွယ်ကြသူတွေမှာလည်း သာသနာရှိတယ်။ ခရိယာန်မှာ ကက်သလစ်နဲ့ နှစ်ခြင်းကွဲသလို အစ္စလာမ်မှာ ဆွန်နီနဲ့ ရှီးယပ်ကွဲသလို ဗုဒ္ဓနဲ့ ပတ်သက်တဲ့ သာသနာမှာလည်း ထေရဝါဒနှင့် မဟာယာနဆိုပြီး ကွဲတယ်။ မဟာယနကို ယိမ်းကြတဲ့ နိုင်ငံများရှိသလို
Big Idea
ဆရာဘိုဘိုလွင်ရဲ့ Facebook စာမျက်နှာကနေ ကူးထားပါတယ်။ ကိုယ့်ဘာသာကို ဖတ်ဖို့ပါ။ Big Idea #1, 2, 3, 7, 12 ကိုမတွေ့ဘူး။ စတွေ့တဲ့ 4 ကနေပဲ စပါမယ်။ 18 အထိပဲ တွေ့ပါတယ်။ ရသလောက်ပေါ့။ ဆရာရေးတဲ့အတိုင်းပဲ ဘာမှထွေထွေထူးထူး ပြင်မနေဘဲ တင်လိုက်ပါတယ်။ Big Idea #4 လာပြီ။
Emotionally Mature
မင်းဘယ်အချိန်မှာ စိတ်ခံစားမှုဆိုင်ရာရင့်ကျက်မှုရှိလာပြီလို့ သိနိုင်ပြီလဲ (၂၆ ချက် ရှိပါတယ်။ တစ်ချက်ချင်း ဖေါက်သည်ချပါ့မယ်) Emotionally Mature တဲ့ဗျ။ ၁။ ခပ်ညစ်ညစ်၊ ဆိုးပေတဲ့ လူတွေကိုတွေ့ရင် သူတို့ဟာ ဆိုးလိုက်တဲ့ကောင်၊ မိုက်ရိုင်းလှတဲ့လူတွေ ပါလားလို့ မြင်တာကိုကျော်လွန်သွားပြီး သြော် သူတို့ရဲ့ပူပန်မှု၊ ကြောင့်ကြမှုနဲ့ အကြောက်တရားကသာ အဓိက (အခြေတည်တာ) ပါလား လို့မင်းသဘောပေါက်တဲ့အချိန်။ ငါမှအမှန် ငါမှအကောင်းဆိုတာကိုလည်း
အလကားဖြစ်အောင် စာဖတ်နည်း
စာဖတ်ရမယ်။ ဒါပေမယ့် စာဖတ်တာဟာ ဘယ်လိုနေထိုင်ရမယ် ဘယ်လို ကျင့်ကြံရမယ်ဆိုတာကို သိဖို့မဟုတ်ဘူး။ အဲလိုလုပ်ဖို့ မဟုတ်ဘူးဆိုတာက စာတွေထဲမှာ အဲဒါတွေ မပါလို့ မဟုတ်ပါဘူး။ စာတော်တော်များများ စာအုပ်တော်တော်များများက ဒါတွေပါပါတယ်။ ပါပင်ပါငြားသော်လည်း စာရေးသူရဲ့ အတ္တက ရှိသေးတယ်ဆိုတာကို သတိထားရမယ်။ စာရေးသူဟာ ဘာကို မျှော်လင့်နေလဲ။ စာရေးသူရဲ့အတ္တက ဘယ်လိုလဲ။ စာရေးသူက IQ မြင့်သူလား။ EQ
ယောမင်းကြီးဦးဘိုးလှိုင်၏ ရွှေဒင်္ဂါးနှစ်ပြား
တနေ့တော့ ခြေဆော့ရင်း ကွန်အော်ဆိုတဲ့ ကျွန်းဆီကို အလည်ရောက်ခဲ့တယ်။ အဲ့ဒီမှာ ဘယ်နှစ်ကြိမ်မြောက်မှန်း မသိတဲ့ SEMS (လောကသာရကျောင်းများ) အဖွဲ့ရဲ့ တနိုင်ငံလုံး အဝန်းရှိ ဘ/က ကျောင်းက ဆရာ ဆရာမတွေကို သင်တန်းပေးနေတာနဲ့ ဆုံခဲ့တယ်။ သင်တန်းကို ဦးဆောင်ကြတဲ့ ဆရာမတွေထဲက အဲမွန်က ၂၁ ရက်နေ့ကျရင် တဖွဲ့လုံး ကိုယ့်ဆီ မနက်စာလာစားကြမယ်လို့ ဆိုတယ်။ ခဲယဉ်းတဲ့ကိစ္စလည်း
လှည့်စားခြင်း
လှည့်စားခြင်းမှာ နှစ်မျိုးရှိမယ်ထင်တယ်။ စာတွေ ပေတွေထဲမှာတော့ လှည့်စားခြင်း ၂ မျိုး လှည့်စားခြင်း ၃ မျိုး စသဖြင့် ရှိချင်ရှိမှာပေါ့။ ဒါမှမဟုတ် တစ်ရာလောက် ရှိရင်လည်း ရှိနေမှာ။ ကိုယ်က စာသိပ်ဖတ်တဲ့သူ မဟုတ်တော့ မသိဘူး။ ဖတ်ဖူးတဲ့ ဆရာကြီးဦးရွှေအောင်ရဲ့ စာအုပ်ထဲမှာကတော့ မာယာနဲ့ သာဌေယျလို့ ပြောတာပဲ။ ခုက အဲဒီ မာယာတွေ သာဌေယျတွေ