Critical thinking ကို ပထမဆုံး ဘာသာပြန်ကြတာက ဝေဖန်ပိုင်းခြား စဉ်းစားခြင်းလို့ ဘာသာပြန်ကြတယ်။ နောက်ပိုင်းမှာတော့ ဝေဖန်ဆိုတဲ့ စကားလုံးက ကြမ်းတယ်လို့ ယူဆကြပြီးနောက် စဉ်းစားဆင်ခြင်ခြင်းလို့ Critical thinking ကို ပြောင်းပြီး ဘာသာပြန်ကြတယ်။ ဒီ Critical thinking ကို အစောပိုင်း ဘယ်သူ့ဆီမှာ တွေ့ခဲ့ကြသလဲဆိုရင် ဆိုကရေးတီးလက်ထက်မှာ တွေ့ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဆိုကရေးတီးရဲ့
ပျော်ရွှင်မှုပျက်စီးခြင်း
ဆတော်ကြီး ဒလိုင်းလားမားကတော့ ပြောတယ်။ ပျော်ရွင်ခြင်းဆိုတာ အသင့်လုပ်ထားပြီးသား အရာ မဟုတ်ဘူး။ ငါတို့ရဲ့ အပြုအမူတွေဆီကနေ လာတာပါ…တဲ့။ ပျော်ရွှင်ခြင်းဆိုတာ လူအားလုံးတို့ရဲ့ ခံစားချက်ရဲ့ သက်ဝင်မှုတစ်ခု ဖြစ်ပါတယ်။ ခံစားချက်ဆိုတာကလည်း မိမိတို့ရဲ့ ယဉ်ကျေးမှု၊ မိမိတို့ရဲ့ လူမျိုး၊ မိမိတို့ ကိုးကွယ်တဲ့ဘာသာကနေ အခြေခံပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်မျိုးပဲ။ လူတိုင်းဟာ ပျော်ရွှင်မှုကို အဲဒီကနေဟာ ဆွဲထုတ်ယူကြရပါတယ်။ ကိုယ်ပျော်ရွှင်ခဲ့တာတွေကို
ပျော်ရွင်မှုအစစ်
ဒါတွေကတော့ ၂၀၁၄ ခုနှစ်၊ ပြင်သစ်နိုင်ငံ၊ ရွာငယ်လေးတစ်ရွာမှာ ဗီယက်နမ်ဘုန်းကြီးသစ်နက်ဟန်ကို အီတလီက လူငယ်ပေါင်း ၇၀၀ လောက်က မေးခဲ့ကြတဲ့ မေးခွန်းလေးတွေ ဖြစ်ပါတယ်။ ဆရာတော်ဟာ ၁၉၇၃ ခုနှစ်မှာ ငြိမ်းချမ်းရေး တရားတွေ ဟောတဲ့ အမှုနဲ့ တောင်ဗီယက်နမ်က ပြည်နှင်ဒဏ်ပေးခံရတဲ့ ဆရာတော်လည်းဖြစ်ပါတယ်။ ဆရာတော်ဟာ ဒလိုင်းလားမားလိုပဲ နာမည်ကျော်တဲ့ ဆရာတော်တပါးလည်းဖြစ်သလို ဗီယက်နမ်ပြည်တွင်းစစ်မှာ ငြိမ်းချမ်းရေးတရားကို တွင်တွင်ဟောခဲ့တဲ့
သဘောထားထုတ်ပြန်ချက်
အခု ထုတ်ပြန်ရတဲ့ သဘောထားကတော့ သဘောထားထား မထားထား သဘောထားပေးရတဲ့ သဘောထားထုတ်ပြန်ချက်ဖြစ်ပါတယ်။ သဘောထားထုတ်ပြန်ချက်က အမျိုးမျိုးရှိပါတယ်။ အမျိုးမျိုးထဲကနေ ထပ်ပြီးအမျိုးအစားခွဲရင်လည်း အမျိုးအစားက ထပ်ပြီးအမျိုးမျိုး ရှိပြန်တယ်။ အဲဒီအမျိုးမျိုးထဲကနေ နားလည်သလောက် ရှင်းပြရရင် အကျဉ်းအားဖြင့် ကိုးမျိုးရှိပါတယ်။ အကျဉ်းအားဖြင့် ကိုးမျိုးလို့ ရေးရတာက တက်ကျမ်းတွေလိုမျိုး “၁။ စောစာထပါ” လို့ရေးရင် ပြီးနေတဲ့ဟာကို ဆောင်းပါးမရှည်မှာစိုးတာနဲ့ (ဆောင်းပါးမရှည်ရင် Blog
Trends မိခြင်း မမိခြင်း
ဟောဒီ ဒွန္နယာကြီးမှာ trends လိုက်ရက်ကယ်နဲ့ trends မမိတဲ့သူဆိုလို့ ကိုယ့်တယောက်တည်း ရှိမယ်ထင်ပ။ သက္ကရာဇ် ၂၀၀၀ မှာ လူတွေဟာ ကွန်ပျူတာဆိုတဲ့အပေါ်မှာ ရုတ်ရုတ်သဲသဲ ဖြစ်ကြတယ်။ အဲဒီအတွက် trends မိချင်တဲ့ကိုယ်ဟာ ၂၀၀၂ မှ ကွန်ပျူတာဆိုတာကို အဖြူလား အမည်းလားကွဲတယ်။ အားလုံးက Web Web နဲ့ စကားပြောနေကြချိန်မှာ ၂၀၀၄ မှပဲ
နွားတွေဟာ စကားပြောလို့ မရနိုင်ဘူး
ကျွန်တော် ကမ္ဘောဇ ဘိလပ်မြေစက်ရုံနား စပြီး နေထိုင်ရတော့ စစချင်း နွားပြဿနာနဲ့ ကြုံရတာပါပဲ။ ခက်တာက နွားတွေဟာ စကားပြောလို့ မရနိုင်တာ။ ဒီဘက် ရွာတွေက နွားမွေးတာကိုး။ ငယ်ငယ်တုန်းကတော့ ဇာတိရွာမှာဆိုရင် နွားအုပ်တွေရှိတယ်။ လူချမ်းသာတွေပေါ့။ ဘယ်သူက နွားအုပ်ရှိတယ်ဆိုပြီး ပြောကြတာ။ ချမ်းသာကြတယ်လေ။ လူချမ်းသာတွေဟာ နွားမွေးကြတယ်။ မွေးတာလည်း တကောင်နှစ်ကောင်တည်း မဟုတ်ဘူး။ အုပ်လိုက်မွေးတာ။ မှတ်မိသလောက်
ယားလို့ ကုဒ်မိတဲ့ အနာတွေ
အရင်တစ်ခေါက်တုန်းကလည်း ဒီလိုလေးရေးဖူးတယ်။ Unicode အားနည်းချက်ဆိုပြီးတော့။ အဲတုန်းက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သတင်းစာကနေ ယူနီကုဒ်သုံးပါလို့ ပြောလို့လား မသိဘူး။ ရေးမိတာ။ အခုလည်း ထပ်ပေါ်လာလို့ ထပ်ရေးကြည့်တာ။ နည်းနည်းတော့ဆင်မယ်ထင်တယ်။ အဲဒီတုန်းကတည်းက အဲလိုဖြစ်နေတာ။ ခုထိလည်း ဖြစ်နေတုန်းကိုး။ တစ်ခုခုကို ဝေဖန်တော့မယ်ဆိုရင် ထောက်ပြတော့မယ်ဆိုရင် သုတေသန သေချာလုပ်ပြီးမှ ထောက်ပြတာ ဝေဖန်တာက ပိုပြီး အနှစ်ရှိ အရာဝင်မယ်လို့ ထင်ပါတယ်။