အင်နာဂရမ်လို့ပဲ မြန်မာလို ခေါ်ကြပါစို့။ လူတိုင်းဟာ အင်နာဂရမ်အမျိုးအစား တမျိုးမျိုးတည်းကို ပါဝင်နေတတ်တယ်။ တမျိုးမျိုးတည်းပါဝင်ပြီးနောက် ပါဝင်မှုက ပုံမှန်ဆိုရင် ဘယ်လိုဖြစ်တယ်။ ပါဝင်မှုများရင် ဘယ်လိုဖြစ်တယ်။ နည်းရင်ဘယ်လိုဖြစ်တယ်ဆိုတာလေး ပြောပါရစေ။ နံပါတ် ၁ ထဲမှာတော့ ပါဝင်တာပဲ။ သို့ပေတဲ့ ပါဝင်မှုက အားနည်းနေရင် သူရဲ့ အမျိုးအစားအရ တဖက်စွန်းသွားတတ်ပုံလေးကို လေ့လာထားသင့်ပါတယ်။ ပါဝင်မှုများသူ အဆင့် (၁) ပိုင်းခြားသိမြင်မှုနဲ့
Critical thinking and Me (6)
ဆက်ရေးချင်တာများပြီး ဝေသွားရော။ နိဒါန်းများပြီး တွေသွားရော။ ဆရာမဂျူးပြောသလို ပြောရရင် စာရေးဆရာဆိုတာ ဝိဉာဉ်တစ္ဆေမျှသာ။ ပလေတိုပြောသလိုပြောရရင် စာရေးဆရာတွေ စာရေးတာ နတ်ဘုရားဝင်ပူးချိန်၊ အဲ စာရေးဆရာတွေ စာတွေကို ဒေါက်ဒေါက် ဒေါက်ဒေါက် ရေးချိနိုင်တာကို ပအိုဝ်းတွေ ပြောသလို ပြောရရင် သူရဿတီထချိန်။ အခု ကိုယ့်မှာ ဝိဉာဉ်တစ္ဆေကို နတ်ဘုရားက ဝင်မပူးတော့ သူရဿတီလည်း မထနိုင်တော့ဘူး ဖြစ်သွားပါရော။
First srt File
ခုတလော လုပ်ချင်စိတ် ကိုင်ချင်စိတ်တွေ ပျောက်နေတာနဲ့ ကုလားဖြူစာတွေ လေ့လာဖြစ်တယ်။ လေ့လာတယ်ဆိုတာကလည်း မယ်မယ်ရရရယ်တော့ မဟုတ်ပါဘူး။ မဖြစ်ညစ်ကျယ်လေးပါ။ တောမရောက် တောင်မရောက် တော်အိရော်ရိလေးပါပဲ။ အဲဒါကြောင့် ကျွန်ုပ်နဲ့ စဉ်းစားဆင်ခြင်ခြင်း အပိုင်းလေးတွေကိုတောင် ဆက်မရေးဖြစ်သေးဘူး။ နက်ဖန်ကျရင်တော့ သဘောအခွေ့ဆုံး ဇာတ်လမ်းတွဲမျိုးဖြစ်တဲ့ evil ဆိုတဲ့ ဇာတ်လမ်းတွဲလေး ဘာသာပြန်မယ်။ လောလောဆယ်တော့ သူက season 1 episode
Critical Thinking and Me (5)
အမ္ဗဋ္ဌအကြောင်း ပြောမိတော့ “သောဏဒဏ္ဍ”အကြောင်း ဆက်မပြောရ မနေနိုင်ဘူးဖြစ်နေတယ်။ သင်ခဲ့တဲ့စာတွေထဲမှာ သဘောအကျဆုံးလူတယောက်ကို ပြောပါဆိုရင် “သောဏဒဏ္ဍ”ပါတယ်ဗျ။ ကိုယ်နဲ့ စရိုက်ချင်းတူလို့လား မသိဘူး။ ခေါင်းဆောင်မှုသင်တန်းတွေမှာ သင်္ခန်းစာတစ်ခုပါတယ်။ အဲဒီသင်္ခန်းစာက ကိုယ်သဘောကျတဲ့ ခေါင်းဆောင်သုံးယောက်ကို ရေးခိုင်းတာ။ ကျနော် ရေးလေ့ရှိတာက ဗိုလ်ချုပ်အောင်ဆန်း၊ ဟစ်တလာနဲ့ မဒမ်ဂျူရီသုံးယောက်ပါ။ ခေါင်းဆောင်သုံးယောက်ရေးပြီးရင် သူတို့သုံးယောက်ဆီက ကိုယ်သဘောကျမိတဲ့ အချက်လေးတွေကို ရေးခိုင်းတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို တိုင်းရင်းသားတွေကို
Critical Thinking and Me (4)
Critical thinking စာသင်နည်းအကြောင်းတွေ ခေါင်းထဲ မရောက်အောင် အဲလေ နှလုံးသားထဲ မရောက်အောင် ပိတ်ဆို့ထားတတ်တဲ့ အကြောင်းအရာလေးတွေ ရေးနေရင်း အမ္ဗဋ္ဌဆိုတဲ့ လူကို သွားသတိရမိတယ်။ နာမည်က ပါဠိနာမည်ဆိုတော့ ဘုရားခေတ်ကလို့ မှတ်ဗျာ။ နာမည်လေး မှတ်ရခက်နေလို့ သူ့နာမည်ကို မောင်အမ်လို့ပေးရင် ကောင်းမလား။ မောင်အံ့လို့ပေးရင် ကောင်းမလား။ မောင်အမ်ဆိုရင် ဖတ်ရ ပြုရတာ “အန်” ဆိုတဲ့
Critical thinking and Me (3)
ကိုယ့်အဖြစ်က တနေ့တော့ ကုမ္ပဏီတစ်ခုက အထပ် သုံးဆယ်လောက် ရှိတဲ့ Shopping Mall ကြီးတစ်ခု ဆောက်လိုက်တယ်။ ဒါရိုက်တာတွေ တွက်လိုက်တာက Shopping Mall သည်လည်း သူတို့သွားလာနေကျ ရုံးတွေပါဝင်တဲ့ ကွန်ဒိုကြီးတစ်ခုလောက်ပဲလို့။ တကယ်တမ်းကျတော့ shopping Mall ဆိုတာ လူဝင်လူထွက် အရမ်းများတယ်ကိုး။ သူတို့ ဆောက်လိုက်တဲ့ ဈေးကြီးမှာ လှေကားတွေကို ပုံမှန်လှေကားပဲ ထည့်ဖြစ်ခဲ့တယ်။
Critical Thinking and Me (2)
စဉ်းစားဆင်ခြင်ခြင်း သို့တည်းမဟုတ် ပိုင်းခြားစဉ်းစားခြင်းဆိုတာကြီးနဲ့ ဆော့ခရတ္တိက စာတွေ ဘယ်လိုသင်ခဲ့တယ် မသိပေမယ့် ဒါနဲ့ စာသင်လို့ရတယ်လို့ သိခဲ့တာကတော့ နောင်တောင်းမှာ။ ကိုယ်က Critical thinking ဆိုတာကို စွမ်းရည်လို့ထင်တာ။ ဘယ်လိုစွမ်းရည်မျိုးလဲဆိုရင် မွေးရာပါ စွမ်းရည်လို့ ထင်တာ။ တချို့တချို့သော ခေါင်းဆောင်တွေ၊ တချို့တချို့သော စာရေးသူတွေ၊ တချို့တချို့သော အကြီးအကဲတွေက၊ တချို့တချို့သော အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာပြတတ်လွန်းတာကိုး။ သူတို့