မေးလာသမျှကို ဒီကနေပဲ စုပြီး ဖြေပေးလိုက်ပါတယ်။
“သြကာသ” ရဲ့ အဓိပ္ပါယ်က “ရှိခိုးခွင့်ပြုပါ” လို့ တောင်းပန်ခြင်း ဖြစ်ပါတယ်။ ဘာလို့ တောင်းပန်ရသလဲဆိုတော့ တောင်းပန်ရခြင်းဟာ မာနကို ကျိုးစေပါတယ်။ ဒီတော့ သြကာသလို့ သုံးကြိမ်ဆိုလိုက်ခြင်းဖြင့် ကိုယ့်မာနကို ကိုယ်ပြန်ချိုးလိုက်တာ ဖြစ်ပါတယ်။ ဆိုလိုတာက အရှိခိုးခံတဲ့ ပုဂ္ဂိုလ်ကို ရိုသေတဲ့သဘောဖြစ်ပါတယ်။
ရန်သူမျိုး ငါးပါးထဲက
အမွေခံသားဆိုးသမီးဆိုး လား၊ မချစ်မနှစ်သက်သောသူ မဟုတ်ဘူးလား ဆိုတာက
အတူတူဖြစ်ပါတယ်။ ဘယ်လို တူသလဲဆိုရင် မိမိပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို သုံးဖြုန်းပစ်လိုက်နိုင်တဲ့သူကို ဆိုလိုတာဖြစ်ပါတယ်။
အမွေခံသားဆိုး သမီးဆိုးက မိဘမသေခင်ကတည်းက မိဘရဲ့ပစ္စည်းတွေကို ပိုင်ဆိုင်သမျှကို သုံးဖြုန်း တတ်သူကို ဆိုလိုပါတယ်။ မချစ်မနှစ်သက်သောသူက မိဘသေပြီးနောက် အမွေကျန်ခဲ့တဲ့အခါ အမွေလုတတ်သူ ကို ဆိုလိုပါတယ်။ အကြီးကို ဘာ၊ အငယ်ကို ဘာဆိုပြီး ပေးခဲ့ရာက အငယ်က တစ်စခန်းထပြီး အဖေမသေခင်တုန်းက ပါးစပ်နဲ့ ငါ့ကို ပြောခဲ့တာက အမွေအကုန်လုံး သားငယ်ကိုပဲ ပေးမယ်တဲ့။ စသဖြင့် အမွေလုတတ်သူကိုသာ ရန်သူမျိုးငါးပါးထဲက မချစ်မနှစ်သက်အပ်သောသူထဲထည့်ရပါတယ်။
(အတ္တနော မတိ ဖြစ်ပါသည်။)
အသညသတ်ဘုံ ဆိုတာက
အရူပဗြဟ္မာ့ဘုံ ၁၆ ဘုံထဲက ဘုံတစ်ဘုံဖြစ်ပါတယ်။ အသညသတ်ဘုံက ရုပ်သာ ရှိပြီး မှတ်သားတတ်တဲ့ သညာမရှိတဲ့ ဗြဟ္မာတွေ နေတဲ့ဘုံပါ။ အဲဒီဘုံမှာ သွားဖြစ်ရင် ဘုရားဘယ်လိုပွင့်ပွင့် ဘယ်လို တရားဟောဟော အဲဒီမှာဖြစ်ရတဲ့ ဗြဟ္မာတွေဟာ မှတ်သားတတ်တဲ့ စိတ်မပါလို့ ရပ်ပြစ်ရှစ်ပါးထဲ ထည့်ထားပါတယ်။
ပစ္စန္တရာဇ် ဆိုတာက
လူသူ အရောက်အပေါက်နည်းသော လမ်းပန်းဆက်သွယ်ရခက်သော ဘုရားရှင်တို့၏ အတုရိတစာရိကအရ မရောက်နိုင်သော ရွာသိမ် ရွာသေးကလေးမျိုးကို ဆိုလိုပါတယ်။ (အတုရိတစာရိက ဘုရားရှင်တို့ ပုံမှန် ဒေသစာရီ ကြွချီသော ခရီး)
ဥပဒ္ဒဝေါ ၁၆ ပါးဆိုတာက
၁။ ပဋိသန္ဓေနေရခြင်း။
၂။ အိုရခြင်း။
၃။ နာရခြင်း။
၎။ သေရခြင်း။
၅။ မင်းဆိုးတို့၏ ဘေးဆိုးထိခြင်း။
၆။ မီးဘေးသင့်ခြင်း။
၇။ ခိုးသူဘေးသင့်ခြင်း။
၈။ ရေကြီးဘေးသင့်ခြင်း။
၉။ ရေ၀ဲဘေးသင့်ခြင်း။
၁၀။ လှိုင်းတံပိုးဘေးသင့်ခြင်း။
၁၁။ လပိုင်ငါးရဲဘေးသင့်ခြင်း။
၁၂။ မိကျောင်းဘေးသင့်ခြင်း။
၁၃။ မိမိကြောင့် ကဲ့ရဲ့ခံရသော ဘေးသင့်ခြင်း။
၁၄။ သူတပါးကြောင့် ကဲ့ရဲ့ခံရသော ဘေးသင့်ခြင်း။
၁၅။ ဒဏ်သင့်ခြင်း။
၁၆။ အပါယ်သို့ ကျခြင်း။
ကံကြမ္မာ ၃၂ ပါးဆိုတာက
၁။ ဆူးရှိသော ကြိမ်ဖြင့်ရိုက်ခြင်း။
၂။ ဆူးမရှိသော ကြိမ်ဖြင့်ရိုက်ခြင်း။
၃။ ဆောက်ပုတ်ဖြင့် ရိုက်ခြင်း။
၎။ လက်ကိုဖြတ်ခြင်း။
၅။ ခြေကိုဖြတ်ခြင်း။
၆။ နားကိုဖြတ်ခြင်း။
၇။ နှာခေါင်းကိုဖြတ်ခြင်း။
၈။ နား နှခေါင်းကိုဖြတ်ခြင်း။
၉။ ဦးခေါင်းခွံကိုခွာ၍ ပူလွန်းသော သံခဲထည့်သဖြင့် သွေးတို့ ကျိုက်ကျိုက်ဆူခြင်း။
၁၀။ ဆံပင်ကို အရေခွံနှင့်တကွ နှုတ်ခြင်း။
၁၁။ သံတံကျင်ဖြင့် ခံတွင်းဖွင့်စေ၍ သံမီးခဲ ထည့်ခြင်း။
၁၂။ ကိုယ်ကို ဆီပုဆိုးပတ်၍ မီးရှို့ခြင်း။
၁၃။ လက်ကို ဆီပုဆိုးပတ်၍ မီးရှို့ခြင်း။
၁၄။ လည်မျိုမှ ဖမျက်တိုင် အရေခွာ၍ မိမိအရေကို ပြန်နင်းစေခြင်း။
၁၅။ လက်မှ အရေကိုခွာ၍ ကိုယ်တွင် ပတ်ထားခြင်း။
၁၆။ သံခြေချင်းခတ်၍ ရိုက်နက်ပြီး မီးပုံထဲ လေးဘက်သွားစေခြင်း။
၁၇။ ငါးမျှားချိတ်ဖြင့် အရေကို အရိုးထိအောင် ခွာခြင်း။
၁၈။ ပဲခွပ်ဖြင့် တစ်ကျပ်သားစီ အသားကိုခွာခြင်း။
၁၉။ အရေကိုခွာပြီး ဆားပွတ်၍ ဘရပ်ဖြင့် တိုက်ခြင်း။
၂၀။ တစောင်းအိပ်စေ၍ နားထင်တွင် တိုင်ရိုက်ပြီး ကိုယ်ကိုဆွဲလှည့်ခြင်း။
၂၁။ အပေါ်အရေ မစုတ်စေဘဲ အရိုးကို ကြေမွအောင် ရိုက်ခြင်း။
၂၂။ လောသော ဆီပူဖြင့်လောင်းခြင်း။
၂၃။ အစာငတ်သော ခွေးတို့ကို ခဲစေခြင်း။
၂၄။ အသက်ရှင်လျှက် တံကျင်လျိုခြင်း။
၂၅။ သံလျှက်ဖြင့် ဦးခေါင်းကိုဖြတ်ခြင်း။
၂၆။ ပူသောသံကို လက်ယာလက်၌ စိုက်ရိုက်ခြင်း။
၂၇။ ပူသောသံကို လက်ဝဲလက်၌ စိုက်ရိုက်ခြင်း။
၂၈။ ပူသောသံကို လက်ယာခြေ၌ စိုက်ရိုက်ခြင်း။
၂၉။ ပူသောသံကို လက်ယာလက်၌ စိုက်ရိုက်ခြင်း။
၃၀။ ပူသောသံကို ရင်ဝ၌ စိုက်ရိုက်ခြင်း။
၃၁။ ဓားမတို့ဖြင့် ရွေခြင်း။
၃၂။ ပဲခွပ်တို့ဖြင့် ရွေခြင်း။
အနာမျိုး ကိုးဆယ့်ခြောက်ပါးကိုတော့ ရှည်လွန်းလို့ မတင်တော့ပါဘူး။ သိတန်သလောက်လည်း သိပြီးသား ဖြစ်ပါလိမ့်မယ်။ ဂမ္ဘီရတို့ကို ဇောင်းပေးတဲ့ မဂ္ဂဇင်းများမှာ မကြာခဏ ဖော်ပြကြပါတယ်။
Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?