လူတိုင်းပြောနေကျ စကားမို့ ပိုပြောဖို့တော့ မရှိပါဘူး။ “ဒီနေ့ ကံဆိုးတယ်” ၊ “ဒီနေ့ ကံကောင်းတယ်” စသဖြင့် ပြောပြော နေကြတယ်။ ကမ္မပစ္စယောဆိုတာ အဲဒါပါပဲ။
လူတစ်ယောက် ရုပ်ဆိုးတယ်။ ရုပ်ချောတယ်။ ဉာဏ်ကောင်းတယ်။ ဉာဏ်ထိုင်းတယ်။ ဒါတွေဟာ ကံပဲလေ။ ကံရဲ့ ပစ်ချရာ ရခဲ့ကြတဲ့ ဒီဘ၀ ဒီကိုယ်ခန္ဓာ ဒီရုပ်ရည်နဲ့ ဒီဉာဏ်တွေပဲ။ ဒါဟာ ကံကြောင့်တွေပါပဲ။ တစ်ခုတော့ ရှိတာပေါ့။ ကံကို ဘယ်သူလုပ်ခဲ့ကြလဲပေါ့။ ကျွန်တော်တို့ပဲ လုပ်ခြဲ့ကတာပါပဲ။ ဘယ်လို လုပ်ခဲ့ကြလဲ။ ကျွန်တော်တို့ လုပ်တိုင်း လုပ်တိုင်းဟာ ကံတွေပါပဲလေ။ ဘာတစ်ခုခုကို မဆို လုပ်တိုင်းလုပ်တိုင်း ကံဖြစ်တာပါပဲ။ ဒါပေမယ့် အာသေ၀နမှာ ပြောခဲ့တဲ့ ဇောအပေါ်တော့
နည်းနည်းတယ်တယ်ဗျ။ လျှပ်တစ်ပျက်အတွင်းမှာ စိတ်အကြိမ်ပေါင်း ကုဋေတစ်သိန်းမက ဖြစ်တယ်။ ဖြစ်တဲ့ အကြိမ်တိုင်းမှာ စိတ်ပေါင်း (၁၈) မျိုးလောက် ပါဝင်တယ်။ အဲဒီ (၁၈) မျိုးထဲမှာ ဇော (၇) ကြိမ်ပါဝင်တယ်။ ကံတွေဟာ ဇော (၇) ကြိမ်ကို (၃) မျိုးခွဲပြီး အကျိုးပေးပါတယ်။ အော် တစ်ခုက … ကံ ဆိုတာ စေတနာပါပဲ။ စေတနာဆိုတာ တစ်ဦးတစ်ယောက်က ကျောင်းဆောက်လှူတယ်၊ တံတားဆောက်လှူတယ်၊ ဆေးရုံ ဆေးခန်းလှူတယ်၊ သံဃာတွေကို ဆွမ်းလောင်းတယ် စသဖြင့် စသဖြင့် ကုသိုလ်ကောင်းမှုလုပ်တယ်။ အဲဒီ လုပ်တဲ့သူရဲ့ စိတ်က ဖြစ်ပေါ်နေတဲ့ စိတ်ဟာ “စေတနာ” ပဲ။ ကျောင်းလှူလို့ အို ဒီကျောင်းပေါ် သံဃာတွေ စိတ်လက်ချမ်းသာစွာ နေရမှာပါလား၊ သံဃာတွေ မြန်မြန်လေး ကောင်းကောင်းမွန်မွန် နေလို့ရအောင် ပြီးစေချင်တဲ့ စေတနာလေးဟာ ကံဖြစ်လာတယ်။ “အင်း ဒီကျောင်းကြီးပြီးရင် ငါတော့ သီရိသုဓမ္မသိင်္ဂီဘွဲ့ရရချည်သေးရဲ့” (အဲဒီဘွဲ့နဲ့ ငါဘာလေး လုပ်စားလိုက်ဦးမယ်) ဆိုရင်လည်း ကံဖြစ်တာပါပဲ။ ( ဒီကုသိုလ်တွေမှာ နိဗ္ဗာန ပစ္စယော ဟောတု မပါခဲ့ရင် ဘာသာခြားတွေ လုပ်တဲ့ ကုသိုလ်ကောင်းမှုက ပိုပြီး သန့်စင်တာကို တွေ့ရပါတယ်) ကံတွေဟာ ဇောမှာ (၃) မျိုးကွဲပြီး အကျိုးပေးတယ်။ ပထမဇောမှာ ဖြစ်တဲ့ ကံက ဒီဘ၀မှာပဲ အကျိုးပေးတယ်။ အလယ်ဇော (၅) ချက်မှာ ဖြစ်တဲ့ ကံက သုံးဘ၀မြောက်ဘ၀ကစလို့ နိဗ္ဗာန်ရတဲ့အထိ အကျိုးပေးတယ်။ နောက်ဆုံးဇောကံကတော့ နောက်ဘ၀မှာ ချက်ချင်းအကျိုးပေးပါတယ်။ (ဗုဒ္ဓဘာသာ တော်တော်များများက ဒီနောက်ဆုံးကံကိုပဲ သိကြပါတယ်) အဲဒီလို အကျိုးပေးတယ်ဆိုရာမှာလည်းပေါ့လေ။ ကိုယ်ပြုလုပ်တဲ့ကံက အတော်လေး ကြီးလေးတဲ့ကံဆိုရင်တော့ ဘ၀တွေ ဘာတွေ ခြားမနေပါဘူး။ အကျိုးပေးပါတယ်။ ကုသိုလ်ကံက ကြီးလွန်းရင် ဈာန်မဂ်ဖိုလ် ရတာပဲ။ အကုသိုလ်ကံက လည်းမနေဘူး။ အကျိုးပေးတာပဲ။ ငရဲချက်ချင်းကျတာပဲ။ တချို့ကံများကျတော့ နောက်ဘ၀မှကို
အကျိုးပေးတာ။ တချို့ကံကျပြန်တော့ အခွင့်ရမှ အကျိုးပေးတာ။ အဲ အကျိုးမပေးတဲ့ကံလည်း ရှိတယ်။ ကုသိုလ်လုပ်တယ်။ စိတ်က မထက်သန်ဘူး။ စေတနာက မပါဘူး။ ဒီလူကြီး ငွေတွေ ဒီလောက်ပေါရက်နဲ့ သုံးဖြုန်းနေတာ ကုသိုလ်လည်း မလုပ်ဘူးလို့ သူများကဲ့ရဲ့မှာကြောက်လို့ လှူတာ။ ဟိုဘုန်းကြီးကိုပဲ လှူချင်တယ်။ ဒီကျောင်းကိုလှူမှ ဂုဏ်ရှိမယ်စတဲ့ စတဲ့အလှူမျိုးတွေက အကျိုးပေးတန်သလောက် မပေးနိုင်ဘူး။ နှမြောစရာကုသိုလ်တွေအတွက် နှမြောစရာကံတွေ ဖြစ်တာပါပဲ။
နောက်ကံတွေက အကျိုးပေးပုံ တမျိုးရှိသေးတယ်။ သေခါနီးအချိန်နဲ့ဆိုင်တဲ့ကံ။ ဒါကြောင့် ဆရာတော်ကြီးတွေများ အမြဲသတိပေးကြတယ်။ သေခါနီးအချိန် အရေးကြီးတယ်နော်လို့။ သေခါနီး မကောင်းနိမိတ်များထင်လိုက်လို့ကတော့ ဘုရားမကယ်နိုင် သိကြားမကယ်နိုင်ပါဘဲ။ တစ်ချို့လူတွေက အမြဲလုပ်တတ်တဲ့ အလုပ်လေးရှိတယ်။ လမ်းမှာ ကျောင်းမှာ ဘုရားရင်ပြင်မှာ တံမျက်စည်းအမြဲလှည်းတယ်။ မနက်တိုင်း ဘုရားရှိခိုးတယ်။ သံဃာဆွမ်းလောင်းတယ်။ ဘာတွေ ဖြစ်ဖြစ် ဒါတွေတော့ အပျက်မခံဘူးဆိုတဲ့ ကုသိုလ်မျိုးအတွက် ကံတွေလည်းရှိပါတယ်။ သေခါနီးမှာ သိပ်ပြီး အထောက်အကူ ပြုတဲ့ကံပါပဲ။ နောက်ကံတစ်မျိုးက ဘ၀ရဲ့ တစ်ချိန်ချိန်မှာ ကုသိုလ်သော်လည်းကောင်း အကုသိုလ်သော်လည်းကောင်း ပြုလုပ်ထားမိတယ်။ ပြုလုပ်တုန်းကတော့ နှစ်နှစ်ကာကာပါပဲ။ ပြုလည်းပြီးရော မေ့နေတယ်။ ဒီလူက သေခါနီးချိန်။ အနီးကပ်ကံက အကျိုးမပေးဘူး။ အမြဲတမ်းပြုလုပ်ထားတဲ့ကံကလည်း မရှိဘူး။ အဲဒါဆိုရင်တော့ “ဟေး မင်းတို့ မရှိဘူးလား၊ မင်းတို့ ဘာမှ မလုပ်ဘူးလား၊ ဒါဆိုရင်လည်း ငါလာပြီ” ဆိုတဲ့ကံလည်း ရှိပါတယ်။ ကံက ကြီးနေရင်တော့ မပူနဲ့ ကံကြီးကပဲ အကျိုးပေးမှာ။ သို့သော် အသက်ရှင်နေထိုင်စဉ်ကာလအတွင်းမှာတော့ “တံငါလက်တွင်း၊ ရောက်လျင်းတုံငြား၊ သုံးကောင်ငါးကို၊ မှတ်သားဝမ်းထဲ၊ နည်းယူစွဲလော၊ ကံမွဲဉာဏ်နုံ့၊ မလုံ့မလ၊ နတ်မ,မဘူး” ဆိုတဲ့ လင်္ကာလေးအတိုင်းနေထိုင်စေဗျား။ (ကမ္မပစ္စယောကတော့ ဒီလောက်ပါပဲ။ ၀ိပါကပစ္စယောမှာလည်း ဒီကံတွေ အကျိုးပေးပုံကို ဆက်ပြောရမှာမို့)
I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article.
Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.