နည်းနည်းတော့ ရှင်းပြရ ခက်လာပြီ။ နိဿယမှာ သဟဇာတနိဿယနဲ့ ပုရေဇာတနိဿယ ဆိုပြီး ကွဲနေတာ ရှိတယ်။ သဟဇာတက သိပြီးသားမို့ သဟဇာတနိဿယကိုပဲ ပြောတော့မယ်။ ပုရေဇာတပစ္စယောကျတော့မှ ပုရေဇာတနိဿယကို ပြန်ပြောတော့မယ်။ သဟဇာတ အတူတူဖြစ်တယ်ဆိုတာ ဘယ်လို အတူတူဖြစ်တာတုန်း။ ဘယ်လိုပုံစံနဲ့ ဖြစ်တာတုန်းလို့ မေးလာစရာ ရှိလာလေတော့ နိဿယပစ္စယောကို ထပ်ဟောခဲ့တယ်။ သဟဇာတ- တစ်ခုနှင့်တစ်ခု အညမည- အချင်းချင်း နိဿယပစ္စယော မှီပြီးတော့ ကျေးဇူးပြုကြပါတယ်တဲ့။ ဒါလေးပါပဲ။ မှီပုံမှီနည်းက ပန်းချီတစ်ခုဟာ ကင်းဗတ်စတစ်ခုကို မှီသလို မှီပါတယ်တဲ့။ ကင်းဗတ်စမရှိရင် ပန်းချီဆိုတာ ဖြစ်မလာဘူး မဟုတ်လား။ အဲလို မှီသလိုကို မှီတာ။ ရဟန်းတစ်ပါး။ ကိုယ့်မှာ မရှိတာကို ရှိသယောင်ယောင် ကိုယ်မလုပ်တာကို လုပ်သယောင်ယောင် ပြောလိုက်တော့ တကာ တကာမတွေက လှူကြ ဒါန်းကြတယ်။ ဘုရားရှင်ကတော့ အဲလိုရဟန်းမျိုးကို “မဟာစောရ-အကြီးမားဆုံးသူခိုး” လို့ ကဲ့ရဲ့တော်မူခဲ့ပါတယ်။ ရချင်တဲ့ အာရုံကြောင့် (အာရမ္မဏပစ္စယော) လောဘဖြစ်လာတယ်။ (ဟေတုပစ္စယော) နက်နက်နဲနဲ ကြံစည်တယ် (အဓိပတိပစ္စယော) အနီးက ဆက်စပ်တာရော အဝေးက ဆက်စပ်တာရော လုပ်ရတယ်။ (အနန္တရပစ္စယော၊ သမနန္တရပစ္စယော) လောဘဆိုတာ စေတသိက်။ လောဘစေတသိက်ကြောင့် စိတ်ဖြစ်ရတယ်။ (သဟဇာတပစ္စယော) စိတ်တွေကြောင့်လည်း ရုပ်ဖြစ်ရတယ်။ (အညမညပစ္စယော) အဲလိုကြီး ပစ္စည်းတွေ အဆက်ဆက် ဖြစ်ပေါ်လာရခြင်းအကြောင်းက ထိုရဟန်းရဲ့ အာရုံကြောင့်။ အာရုံကလည်း လက်ရှိ ခေတ်ကြီးမှာ ပေါ်ပေါက်နေတဲ့ ဖုန်းတို့ ကားတို့စတဲ့ မှီရာတွေကြောင့်။ အဲဒီအပေါ်ကို မှီပြီးတော့မှ အာရုံတွေ ဖြစ်ရတာလေ။ မှီရာ တည်ရာက (နိဿယပစ္စယော) ဒါက ထင်သာမြင်သာတဲ့ နိဿယပစ္စယော။ မမြင်သာ မထင်သာတဲ့ နိဿယပစ္စယောကတော့ အဘိဓမ္မာပိုင်းဘက် ရောက်သွားပြီ။ နည်းနည်းလေး ပြောရရင် ဝေဒနာကြောင့် သညာဖြစ်တာ။ သညာက ဘာကြောင့်ဖြစ်ရတာလဲဆိုကြပြန်တော့ ဝေဒနာဆိုတဲ့ မှီရာကြောင့်ဖြစ်တာ။ ဒါဟာ နိဿယပစ္စယောပါပဲ။
I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article.