မြတ်စွာဘုရားရှင်ဟာ ဖခမည်းတော် သုဒ္ဓေါဒနကို အနာဂမ်ဖြစ်အောင် တရားဟောပြီး ကပိလ၀တ်ကနေ မလ္လတိုင်း အနုပိယဥယျာဉ်ကို ကြွရောက် သီတင်းသုံးပါတယ်။ သုဒ္ဓေါဒနကတော့ သူ့သား အခြွေအရံနည်းမှာစိုးလို့ သာကီဝင်ပေါင်း ၁၀၀၀ ကို သာသာနာဘောင်ထဲ ၀င်ခိုင်းခဲ့ပါတယ်။ တစ်ထောင်ဆိုတော့ တော်တော်များတယ်နော်။ ယောကျာ်းမှန်သမျှ ၀တ်ဆိုတော့ သာသနာ့ဘောင်ထဲ မ၀င်တဲ့သူဟာ ယောကျာ်း မဟုတ်သလိုဖြစ်လာတယ်။ ဒီလိုနဲ့ တစ်ထောင်ကျော်သွားပါတယ်။ ဒါပေမယ့် မ၀င်သူတွေ ရှိပါတယ်။ သူတို့ကတော့ သာသနာမှာ ထင်ရှားလာမယ့် ပုဂ္ဂိုလ်လေးတွေပါ။
၁။ ဘဒ္ဒိယ (ကပိလ၀တ်ပြည့်ရှင်မင်း)
၂။ အနုရုဒ္ဓမင်းသား
၃။ အာနန္ဒမင်းသား
၎။ ဘဂုမင်းသား
၅။ ကိမိလမင်းသား
၆။ ဒေ၀ဒတ္ထမင်းသား တို့ပါ။
ဘဒ္ဒိယက အလှည့်ကျ ကပိလ၀တ်ပြည်ကို အုပ်ချုပ်နေတဲ့ ဘုရင်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ နန်းမဆင်းသေးပေမယ့် သုဒ္ဓေါဒနဟာ အသက်ကြီးပြီမို့ နောက်ကွယ်ကပဲ ညွန်ကြားပါတော့တယ်။
အနုရုဒ္ဓမင်းသားကတော့ လူတိုင်းကြားဖူးမှာပါ။ “မရှိ” ဆိုတဲ့ စကား မကြားဖူးတဲ့ မင်းသားလေ။ အာနန္ဒမင်းသားကတော့ နန္ဒမင်းသားနဲ့ မှားမှားတတ်ကြတယ်။ နန္ဒမင်းသားက သတ်သတ်ပါ။ အာနန္ဒမင်းသားက အနာန္ဒာအလောင်းလျာလေးဖြစ်ပါတယ်။ နောက်ဆုံး ဒေ၀ဒတ္ထကိုလည်း သိကြပါတယ်။ ဘုရားရဲ့ ယောက်ဖတော်။
အနုရုဒ္ဓတို့များ “မရှိ”ဆိုတဲ့စကားရယ် ထမင်းမုံ့စတဲ့ စားစရာတွေ ဘယ်ကနေဖြစ်တယ်ဆိုတာရယ် တကယ် မသိကြပါဘူး။ ထမင်းဘယ်ကဖြစ်တယ်လို့ သူတို့ သူငယ်ချင်းတွေနဲ့ ငြင်းကြတုန်းက အနုရုဒ္ဓက “ထမင်းဆိုတာ ရွှေခွက်ကနေ ဖြစ်လာတာ” လို့ငြင်းတယ်။ သာကီဝင်တော်တော်များများက ရဟန်းဝတ်သွားတော့ လူတွေက ကဲ့ရဲ့ကြပြီလေ။ ဒီကဲ့ရဲ့သံကို ဂရုစိုက်လိုက်မိသူက အနုရုဒ္ဓရဲ့ အစ်ကို မဟာနာမ်။ “သာကီဝင်မဟုတ်လို့နေမှာပေါ့ ဘာညာ. . .” သာကီဝင်တွေက သူတို့ကို သွေးကြောင်တယ် ပြောရင် သိပ်နာတတ်တာကလား။ ဒီတော့ မဟာနာမ်က အနုရုဒ္ဓကို မင်းရဟန်းဝတ်မလား ငါရဟန်းဝတ်ရမလား လို့မေးတယ်။ အနုရုဒ္ဓက ထမင်းဘယ်က ဖြစ်တယ်ဆိုတာ မသိတဲ့သူပဲ။ ရဟန်းဆိုတာကို ဘယ်သိမှာလဲ။ ရဟန်းဆိုတာ ဘာလဲပေါ့။ အစ်ကိုဖြစ်သူက ရဟန်းမ၀တ်ရင် မိဘကို လုပ်ကျွေးရစ်ဆိုတော့လည်း မိဘကို ဘယ်လိုလုပ်ကျွေးရမလဲ တဲ့။ သူက ထမင်းတွေ ရွှေခွက်ကနေ အလိုလိုဖြစ်လာတာလို့ ထင်နေသူကိုး။ မဟာနာမ်က ရဟန်းအကြောင်း အလုပ်အကြောင်းတွေ ရှင်းပြလိုက်တယ်။ ဒီတော့ အနုရုဒ္ဓက လူဘ၀ဟာ သို့မဟုတ် ထမင်းဖြစ်ရာလမ်းဟာ အဲလောက်ခက်လားဆိုပြီး လှန့်သွားပြီး ရဟန်းဝတ်တော့မယ်လို့ ပြောလိုက်တယ်။
မိဘတွေဆီ ခွင့်တောင်းတော့ မိဘက လုံးဝခွင့်မပြုဘူး။ အနုရုဒ္ဓကလည်း တကျီကျီ။ ဒါနဲ့ မိဘက ဘာပြောလဲ ဆိုတော့ ဘဒ္ဒိယက ရဟန်းဝတ်ရင် ငါ့သားလည်း ၀တ်ပေါ့ လို့ပြောလိုက်တယ်။ ဘဒ္ဒိယက တိုင်းပြည့်အုပ်ချုပ်နေတဲ့ ဘုရင်လေ။ ရဟန်းဝတ်လို့ မဖြစ်ဘူးဆိုတာ သူ့မိဘတွေ သိတယ်။ ဒါပေမယ့်အနုရုဒ္ဓနှင့် ဘဒ္ဒိယက ငယ်သူငယ်ချင်းတွေပါ။ အနုရုဒ္ဓက ဘဒ္ဒိယကို သွားပြောတယ်။ ငါ ရဟန်းဝတ်ခွင့် မင်းနဲ့ ပတ်သက်နေတယ်ကွာ။
ပတ်သက်ရင် ငါဝတ်ခွင့်ပြုတယ်ကွာ တဲ့။ ဘဒ္ဒိယက ၀တ်စေဗျာ ပေါ့။ ဟုတ်ဘူးကွ။ ငါ့မိဘက မင်းပါဝတ်မှ ငါ့ကို ၀တ်ခွင့်ပြုမယ်တဲ့ကွာ.. လို့ပြောလိုက်တယ်။ ဒီလိုနဲ့ သူတို့က ငယ်ရွယ်သူကို ပေါင်းဖော်ရင်း အနုရုဒ္ဓရဲ့ ရဟန်းဝတ်ချင်ပုံအကြောင်းလေးကို ပြောပြတယ်။ အနုရုဒ္ဓဟာ ရဟန်းဝတ်တော့မယ် ဆိုတာလေးကို သူတို့သိလိုက်တယ်။ အဲမှာ သူတို့ ငယ်သူငယ်ချင်းခြောက်ယောက်က သာသနာဘောင်ထဲ ၀င်လာဖို့ အကြောင်း ဖန်လာတာပေါ့။
နည်းနည်းတော့ ဆိုးတယ်။ ရဟန်းပြုသွားဖို့အတွက်များ စစ်အင်္ဂါအပြည့်နဲ့ မလ္လတိုင်းဆီကို ထွက်လာခဲ့တယ် . . . လို့ရယ်။ မလ္လတိုင်းနယ်စပ်ရောက်တော့ စစ်သားတွေကို မင်းအာဏာနဲ့ ပြန်လွတ်တယ်။ ပြီးတော့ ရှေ့နည်းနည်းဆက်သွားပြီး ဆတ္တာသည်လေး ဥပါလိ ကို လက်ဝတ်လက်စားတွေ အကုန်အပ်လိုက်တယ်။ “မင်းပြန်တော့ ငါတို့ ဘုရားဆီ သွားပြီး ရဟန်းဝတ်တော့မယ်” ဆိုပြီး ဥပါလိကို ပြန်လွတ်တယ်။ ဒီတော့ကာ ဥပါလိကလည်း ရတနာထုတ်ပိုက်ပြီး လှည့်ပြန်တယ်။
ခဏတော့ ဥပါလိ စဉ်းစားတယ်။ သာကီဝင်တွေဆိုတာ တကယ်ဆိုး တကယ်ကြမ်းထန်းတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ တကယ်လို့များ ဒီရတနာထုတ်တွေနဲ့ ငါပြန်သွားရင် ဒီမင်းသားခြောက်ယောက်ကို ငါသတ်လိုက်တယ်လို့ပဲ ထင်ကြမှာ။ ဥပါလိ နောက်တစ်ချက် စဉ်းစားတာက ဘုရင်နဲ့ မင်းသားတွေတောင် ရဟန်းပြုဖို့အတွက်နဲ့ မင်းစည်းစိမ်ကို စွန့်လွတ် နိုင်သေးတယ်။ ငါက ဘာမို့လဲ… ပေါ့။ ဥပါလိလည်း ထွေထွေ ထူးထူး စဉ်းစား မနေတော့ဘူး။ ရတနာထုပ်ကို သစ်ပင်တစ်ပင်မှာဆွဲ၊ စာရေး၊ ပြီးတော့ မင်းသား ခြောက်ယောက်နောက် ပြေးလိုက်တော့တာပါပဲ။ မင်းသားခြောက်ယောက်က ဥပါလိကိုမြင်တော့ မေးတယ်။ ဘာဖြစ်လို့ လိုက်လာသလဲ။ ဥပါလိက သူစဉ်းစားမိသမျှလေး ပြောပြလိုက်တယ်။ မင်းသား ခြောက်ယောက်ကလည်း ပြောတယ်။ ဟုတ်တယ် ဥပါလိ။ မင်းပြန်သွားလို့ကတော့ မင်းကို အထင်လွဲခံရမှာပဲ…။
ဒီလိုနဲ့ ဆက်သွားတာ ဘုရားရှင် သီတင်းသုံးတဲ့ အနုပိယ သရက်တောကို ရောက်တယ်။ ဘုရားရှင်က ရဟန်းပြုပေးမယ် ကြံတော့ မင်းသားခြောက်ယောက်က သူတို့ဟာ ဇာတိ မာန ခက်ထန်လွန်းလှပါတယ်။ ဒါကြောင့် အချိန်အတော်ကြာ ကျွန်ဖြစ်ခဲ့တဲ့ ဥပါလိကို အရင် ရဟန်းပြုပေးပါလို့ တောင်းပန်တယ်။ ဘုရားရှင်ကလည်း မင်းသားတွေ တောင်းဆိုတဲ့အတိုင်း ဥပါလိကို အရင် ရဟန်းပြုပေးလိုက်ပါတယ်။
Your article helped me a lot, is there any more related content? Thanks!
Your article helped me a lot, is there any more related content? Thanks!