ယခု ဘဒ္ဒကမ္ဘာကနေ ပြန်တွက်လိုက်လို့ရှိရင် ဟိုး ၉၂ ကမ္ဘာမြောက်မှာ ဖုဿဆိုတဲ့ ဘုရားပွင့်တဲ့ ကမ္ဘာတစ်ခု ပေါ်ခဲ့ဖူးတယ်။ ဖုဿဘုရားရှင်ခမည်းတော်ဟာ သူ့သားတော်ကို ဘယ်မှ မကြွခိုင်းပဲနဲ့ နန်းတော်ထဲမှာပဲ နေ့စဉ် ဆွမ်းပင့်ကပ်ပါတယ်။ တစ်ရက်မဟုတ် နှစ်ရက်မဟုတ်ပေါ့ဗျာ။ တစ်သက်လုံးလို့ပြောလို့တောင်ရတယ်။ ဒါကို တိုင်းသူ ပြည်သားအချို့နှင့် မင်းသားသုံးယောက်က မကျေနပ်ဘူး။ ဒါပေမယ့် ဖခမည်းတော်လုပ်ရပ်ကိုလည်း မကန့်ကွက်ရဲပါဘူး။ ဒါပေမယ့် ဘုရားရှင်ကိုလည်း ဆွမ်းကပ်ချင်တယ်။ ဒါနဲ့ သူတို့က တိုင်းပြည်အစွန်အဖျားမှာ သူပုန်ထချင်ယောင်ဆောင်ခိုင်းပြီး သွားပြီးနိုင်နင်းချင်ယောင်ဆောင်လိုက်တယ်။ ဒါကို ဖခမည်းတော်က သဘောကျတော့ မင်းတို့ ဘာလိုချင်လဲ လို့မေးတယ်။ နောက်ဆုံး တောင်းရင်းက ဘုရားရှင်ကို သုံးလ ဆွမ်းလုပ်ကျွေးခွင့်ရပါတယ်။ လုပ်ကျွေးခွင့်ရစဉ်ကာလအတွင်း မင်းသားတွေက ဘဏ္ဍာကို အတွင်းဝန်ဆီထုတ်ပြီး အတွင်းဝန့်ရဲ့ လူတွေနဲ့ပဲ အလုပ်လုပ်ပါတယ်။ လူတွေ တစ်ချို့က ဘယ်ကျေနပ်မလဲ။ ဘဏ္ဍာကိုလည်း ဖြုန်းသေးတယ်။ ငါတို့ကိုလည်း အလုပ်ခိုင်းသေးတယ်။ စသဖြင့်ပေါ့။
ပြီးတော့ သူတို့က ဘုရားကို ကပ်မယ့် ဆွမ်းကို ခိုးတယ်။ စားတယ်။ သူများကို ကျွေးတယ်။ ပြီးတော့ ဆွမ်းကျွေးခွင့်မရအောင်လည်း တဲကို မီးရှို့တာမျိုးတို့လိုပ်ပါတယ်။ သူတို့ဟာ အဲဒီဘ၀ကနေ ငရဲကျလာလိုက်တာ ခုဘ၀ ကဿပဘုရားရှင်လက်ထက်မှာမှ ပြိတ္တာတွေ လာဖြစ်တာဗျာ။ ၉၂ ကမ္ဘာလုံးလုံး ငရဲကျနေသပေါ့ဗျာ။ သူတို့က တခြားလူလည်း မဟုတ်ပါဘူး။ ဗိမ္ဗိသာရရဲ့ ဆွေမျိုးတွေပါ။ သူတို့က ကဿပဘုရားရှင်လက်ထက်တုန်းက ဂေါတမဘုရားရှင်လက်ထက်မှာ အမျှရမယ်လို့ သိထားတာ။ သူတို့အမျိုးဖြစ်တဲ့ ဗိမ္ဗိသာရလည်း အလှူလုပ်ရော။အမျှ ရတော့မှာပဲ ဆိုပြီးစောင့်နေခဲ့တာ။ ဗိမ္ဗိသာရက ကျောင်းကို ဘယ်လိုဆောက်ပေးရပါ့မလဲလို့ စဉ်းစားနေတာနဲ့ အမျှ မဝေဖြစ်လိုက်ဘူး။ ဒါနဲ့ အမျှ မရကြလိုက်ဘူး။
ညရောက်တော့ ဗိမ္ဗိသာရကြားအောင်ပေါ့ အသံစူးစူးဝါးဝါး အော်ငိုကြတယ်။ မနက်လည်းလင်းရော ဗိမ္ဗိသာရ ဘုရားဆီချက်ချင်းထပြေးပြီးမေးတယ်။ ဘာဖြစ်လို့လဲဘုရားပေါ့။ ဘုရားရှင်က ရှင်းပြတယ်။ ဒါနဲ့ မင်းကြီးက နန်းတော်ပြန်ပြီး ဆွမ်းပြင်တယ်။ ပြီးတော့ ဆွမ်းကပ်တယ်။ ဆွမ်းလှူပြီးနောက် ရေကို ရေစက်ချတယ်။ ရေလှူရသော အကျိုးကြောင့် ဆွေမျိုးများ အမျှရပါစေပေါ့။ အဲမှာ ဘုရားရှင်က ဗိမ္ဗိသာရမင်းကြီးမြင်သာအောင် ဆွေမျိုးတွေကို မြင်ခိုင်းထားတယ်။ ရေကို ရေစက်ချအပြီး သာဓုခေါ်ပြီးတာနဲ့ တပြိုင်နက် သူ့ဆွေမျိုးပြိတ္တာကြားမှာ ရေကန်ပေါ်တယ်။ ဆွမ်းကို ရေစက်ချတော့ စားစရာတွေပေါ်တယ်။ သင်္ကန်းကို ရေစက်ချတော့ အ၀တ်အစားတွေ အဆောက်အဦတွေပေါ်တယ်။ ဗိမ္ဗိသာရလည်း အဲတော့မှ စိတ်ချမ်းသာသွားတယ်။
အဲဒီအချိန်မှာ
အဲဒီအချိန်မှာ
ဥပတိဿနဲ့ ကောလိတဆိုတဲ့ သူငယ်ချင်းနှစ်ယောက်အကြောင်းကို ကြားဖြတ်ပြောရပါလိမ့်မယ်။ သိကြပါသလား။ ဥပတိဿနဲ့ ကောလိတဆိုတဲ့ ပုဂ္ဂိုလ်နှစ်ဦးကို။ ည ကပွဲတစ်ခုမှာ မင်းသမီးကနေတာကို အရိုးစုကြီးကနေပါလားလို့ မြင်တဲ့ နှစ်ယောက်လေ။ သိလောက်ပါတယ်နော်….
ပိုစ့်တစ်ခုမှာ ကျွန်တော်က ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလာန်လို့ရေးလိုက်တော့ ဂျေဂျူဝိုင်ဟာ ဗုဒ္ဓဘာသာ မဟုတ်လောက်ဘူးတဲ့ ။ ခေါ်တာတောင် ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလာန်တဲ့။ အရှင် မဟုတ်ဘူးပေါ့ဗျာ။ ဒီတော့ ဂျေဂျူဝိုင်လည်း ဂျေဂျူဝိုင်ကို ဗုဒ္ဓဘာသာမှန်းသိအောင် အရှင် ထည့်ခေါ်ပေးရမှာပေါ့။
အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန် အလောင်းလျာနှစ်ဦးဟာ သူတို့ ဆည်းကပ်သင်ယူနေတဲ့ ဆရာရဲ့အတတ်ပညာဟာ သူတို့ လိုချင်တဲ့ မသေရာကို သွားရာလမ်းမဟုတ်ဘူးဆိုတာကို ချက်ချင်းသိပါတယ်။ ဒါပေမယ့် သူတို့ ဘယ်သွားရမှန်းမသိသေးတာနဲ့ ဆက်နေရင်း ဆရာဆက်ရှာနေကြတယ်။ တွေ့သူပြောစတမ်းလို့လည်း ကတိပြုထားကြတယ်။
အဲဒီနေ့
၁၀၃ ခုနှစ်၊ တပို့တွဲ လဆန်း တစ်ရက်နေ့….
ဘုရားရှင်က ရာဇဂြိုဟ်မှာ သီတင်းသုံးနေတယ်။
ကောဏ္ဍညတို့ ပဉ္စ၀ဂ္ဂီငါးဦးထဲက အဿဇိဆိုတဲ့ မထေရ်လေးလည်း သာသနာပြုလှည့်လည်ရင်း ရာဇဂြိုဟ်မှာ ဆွမ်းခံချိန်။ တွေ့ပါရော… အရှင်သာရိပုတ္တရာဖြစ်လာမည့် ဥပတိဿဆိုတဲ့ ပုဂ္ဂိုလ်နဲ့။ ဥပတိဿက စဉ်းစားတယ်။ ဒီပုဂ္ဂိုလ်ဟာ ဆရာဘယ်သူလဲ မသိဘူး။ တည်ငြိမ်လိုက်တာ… ဆိုပြီးနောက်ကလိုက်လာတယ်။ သိပြီးသားတွေ ပြောနေရတယ်ဗျာ။ နည်းနည်းကျော်စို့။ ရှင်အဿဇိက ဥပတိဿက အရှင်ဘုရား ဘယ်လိုတရားမျိုး ရထားပါလဲလို့မေးတော့ ရှင်အဿဇိက “ ငါက ရဟန်းဝတ်တာ မကြာသေးတော့ တရားတွေ သိပ်မိသိဘူး” လို့ဖြေတယ်။ ဥပတိဿက ဇွတ်မေးတယ်။ သိသလောက်လေး တပည့်တော်ကို ဟောပါဘုရားလို့….
ရှင်အဿဇိက
“ဒုက္ခဆိုတာ တဏှာလောဘကြောင့်ဖြစ်ရတာ၊ ဒုက္ခနဲ့ တဏှာလောဘချုပ်ငြိမ်းရာက နိဗ္ဗာန်ပဲရှိတယ်။ နိဗ္ဗာန်ကို သွားတဲ့နည်းကတော့ မဂ္ဂင်ရှစ်ပါးပဲ”
လို့ အဿဇိကပြောလိုက်တာ။
ပထမစကားနှစ်ခွန်းမှာတင် ဥပတိဿဟာ သောတာပန်ဖြစ်ပါတယ်။ အဿဇိက ပြန်ကြွတော့ တပည့်တော်နောက်မှ လိုက်ခဲ့မယ်ဘုရား၊ တပည့်တော် သူငယ်ချင်းကို တပည့်တော် သွားခေါ်ပါဦးမယ်ဆိုပြီး ဥပတိဿဟာ ကောလိတနှင့် သူ့ဆရာတပည့်တွေ ၂၅၀ နေတဲ့ နေရာကိုပြန်လာတယ်။ ကောလိတဟာ ဥပတိဿကိုလည်း တွေ့ရော… ထူးခြားတယ်ဆိုတာသိလိုက်တယ်။ ဘာတရားရလာလည်းဆိုတော့ ဥပတိဿက ခုန အဿဇိဟောတဲ့ တရားကို ဟောလိုက်တော့ ဂါထာအဆုံးမှာ ကောလိတ သောတာပန်တည်တယ်။ ကျန် ၂၅၀ ရှိတဲ့ပရိဗိုဇ်တွေလည်း သောတာပန်တည်တယ်။ သူတို့က ထွက်အသွား ဒီတိုင်းသွားလို့ မဖြစ်ဘူး။ ဆရာ့ကိုလည်း ခေါ်သွားမှ ဆိုပြီး သူတို့ဆရာကို သွားခေါ်ပါတယ်။ သူတို့ ဆရာပြောလိုက်တဲ့ စကားကမှ မှတ်သားစရာကောင်းပါတယ်။
“လောကမှာ ပညာရှိသူများလား ပညာမဲ့သူများလား” လို့မေးတယ်။ ဥပတိဿက ပညာမဲ့သူများပါတယ်လို့ ဖြေတယ်။ ဒီတော့ အဲဒီဆရာက
“ ပညာမဲ့တဲ့သူတွေ ငါ့ဆီလာလိမ့်မယ်၊ ပညာမဲ့တဲ့သူတွေဟာ ငါပြောတဲ့စကားကို အကြောင်းမဲ့အကျိုးမဲ့ ယုံကြည်လိမ့်မယ် ၊ ပညာမဲ့သူတွေ င့ါကိုကိုးကွယ်လိမ့်မယ်။ သင်တို့သာ ပညာရှိဖြစ်လို့ သင်တို့သာ ဘုရားရှင်ထံသွားကြပါ”
လို့ ပြောပါတယ်။
ဘုရားရှင်သီတင်းသုံးတဲ့ ဝေဠုဝန်ကျောင်းတော်ကို သွားပါတယ်။ ဘုရားရှင်က အဝေးကတည်းက မြင်ပါတယ်။ ပြီးတော့ ယခုဦးဆောင်ကြွလာတဲ့ အရှင်နှစ်ပါးဟာ ငါ့ရဲ့ လက်ယာရံ လက်ဝဲရံအဂ္ဂသာဝကနှစ်ပါးဖြစ်ပါလိမ့်မယ်လို့ ရဟန်းတွေကို ကြိုပြောထားသေးတယ်။ ရောက်လာတော့ တရားဟောတာ ၂၅၀ မှာ အားလုံး သာရိပုတ္တရာနှင့် မောဂ္ဂလာန်မှအပ ရဟန္တာဖြစ်ကုန်တယ်။ မောဂ္ဂလာန်ကတော့ မာဂဓတိုင်း ကလ၀ါလပုတ္တရွာနံဘေးမှာ (၇)ရက်အကြာမှာ ရဟန္တာဖြစ်တယ်။ သာရပုတ္တရာကတော့ နောက် (၁၅) ရက်အကြာဖြစ်တဲ့ တပို့တွဲလပြည့်နေ့မှာ ဂိဇ္ဈဂုတ်တောင် သူကရခက လိုဏ်မှာ ရဟန္တာဖြစ်ပါတယ်။ သူရဟန္တာဖြစ်ပုံက ဘုရားရှင်က ဝေဠုဝန်မှာ ဟောတဲ့ ဒီဃနခသုတ္တန် ဝေဒနာ ကမ္မဌာန်းကို လှမ်းနားထောင်ပြီး စီဖြန်းလိုက်လို့ ရဟန္တာဖြစ်သွားပါတယ်။
နောက် အရှင်သာရပုတ္တရာဟာ ဝေဠုဝန်ကို ကြွလာပါတယ်။
၁။ တပို့တွဲလပြည့်နေ့
၂။ မပင့်ဖိတ်ပဲ ရဟန်း ၁၂၅၀ ပါးတို့ ဝေဠုဝန်တွင် ဆုံဆည်းခြင်း
၃။ အားလုံ ဧဟိဘိက္ခုရဟန်းချည်းဖြစ်ခြင်း
၎။ အားလုံး ရဟန္တာချည်းဖြစ်ခြင်း
အဲမှာ ဘုရားရှင်က ပထမဦးဆုံး သြ၀ါဒပါတိမောက်ပြခဲ့ပါတယ်။ အဲဒါဟာ သာသနာတစ်ခုမှာ တစ်ကြိမ်ဖြစ်တဲ့ တစ်ကြိမ်တည်းသော သာဝကများ စည်းဝေးပွဲကြီးပါပဲခင်ဗျာ။ ပထမဦးဆုံး သြ၀ါဒပါတိမောက်ပြတဲ့ အချိန် နေရာ လည်းဖြစ်ခဲ့ပါတယ်။ မေးတဲ့သူရှိလို့ သြ၀ါဒပါတိမောက်ကို အနည်းလေးပြောပြပါမယ်
ဘုရားရှင်တိုင်း မိန့်ကြားတဲ့စကားပါ။
၁။ သည်းခံခြင်းသည် မြတ်သောအကျင့် စသဖြင့်ဟောသောတရား
၂။ အလုံးစုံသော မကောင်းမှုကို မပြုရ စသဖြင့် ဟောသောတရား
၃။ သူတပါးကို မစွပ်စွဲ မညဉ်းဆဲရာ စသဖြင့် ဟောသောတရား
စတဲ့တရားတို့ဖြစ်ပါတယ်။ နေရာတိုင်းမှာ တွေ့ရပါတယ်။ မန္တလေးမှာဆိုရင် မင်းသီဟ ကဖေးမှာ ဒုတိယ တရားကို ပါဠိလို ၊ အင်္ဂလိပ်လို၊ မြန်မာလို ရေးထားတာတွေ့နိုင်ပါတယ်။
တပို့တွဲ လပြည့်ကျော်မှာတော့ သုဒ္ဓေါဒနက လွတ်လိုက်တဲ့ အမတ် တစ်ဦးနဲ့ စစ်သည် တစ်ထောင် ဘုရားရှင်ဆီရောက်လာပါတယ်။ ရည်ရွယ်ချက်ကတော့ ဘုရားရှင်ကို ကပိလ၀တ်ပြည် ဖခင်ဆီ ပြန်ပင့်ခဲ့ဖို့ပါ။ ဒါပေမယ့် ဘယ်သူမှဘုရားရှင်ကို ကပိလ၀တ်ပြည်ပြန်ကြွပါလို့ မပင့်ခဲ့ကြပါဘူး။ ကိုးကြိမ်တိုင်တိုင်ပါ။ နောက်ဆုံး တစ်ယောက်ကျမှ ဘုရားရှင်ကို ဂါထာ ၆၄ ပုဒ်နဲ့ ပင့်တဲ့သူတစ်ဦးပေါ်လာပါတယ်။
Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.