အသက် ၅၅ နှစ်နှင့် လေး လရှိပြီဖြစ်တဲ့ သီရိမဟာ ဘွဲ့ရ တောင်ညာစံ မာယာမင်းသမီး ဟာ ခြောက်ရက်လုံးလုံး ပွဲသဘင်ကို ပျော်ပါးပြီးတဲ့နောက် ညမှာ အိပ်စက်ခဲ့ပါတယ်။ အိပ်မပျော့်တပျော်အချိန်မှာ ရွှေတောင်တစ်တောင်ဆီက ဆင်ဖြူတော် တစ်ကောင်ဟာ မာယာမင်းသမီးကို လက်ျာရစ် သုံးပတ်ပတ်ပြီး လက်ျာနံပါး ခွဲပြီး ၀င်လာခဲ့တယ်လို့ အိပ်မက် မက်ပါတယ်။ အဲဒီအချိန်က စပြီး စတုမဟာရာဇ်နတ်တွေက မာယာမင်းသမီးကို မပြတ်စောင့်ရှောက်ခဲ့ပါတယ်။ (ဒီနေရာမှာ ပြောချင်တာက ဗုဒ္ဓသမိုင်းကို မြန်မာတွေ ဖျက်ဆီးလိုက်ပုံလေးပါ။ ရာဇ၀င်စာအုပ်တွေ ဖတ်ဖူးကြမယ်ထင်ပါတယ်။ ပုဂံသမိုင်းမှာ ပုဂံမြို့ကို နတ်နဂါးတွေက တည်ပေးခဲ့တယ်။ အနော်ရထာဘုရင်ကို နတ်ကျွဲခတ်တယ် စတဲ့ စကားရပ်တွေက ဗုဒ္ဓသမိုင်းမှာ နတ်တွေ ပါဝင်ခဲ့တာကို ပျက်ပြယ်စေခဲ့ပါတယ် “ထားပါ” ) မာယာမင်းသမီးဟာ အလောင်းတော်ကို ကိုယ်ဝန်ဆောင်သည်နဲ့ တပြိုင်နက် နတ်သမီးတစ်ပါးလို လှပလာပါတယ်။ နောက်ပြီး ကိုယ်ဝန်သည်တို့ ဓမ္မတာအတိုင်း ဖောယောင်ခြင်းလည်း လုံးဝမရှိခဲ့ပါဘူး။
၆၈ ခုနှစ်၊ ကဆုန်လပြည့်နေ့မှာ မာယာမင်းသမီးဟာ ဆွေမျိုးတွေရှိတဲ့ ဝေဒေဟ ကို အလည်ပြန်လာခဲ့ပါတယ်။ ပြန်ရင်း လမ်းမှာရှိတဲ့ လုမ္ဗိနီအင်ကြင်းဥယျာဉ်မှာ အနားယူပါတယ်။ အဲဒီအချိန်မှာ ကမ္မဇလေလှုပ်ရှားလာပါတယ်။ ရံရွေတော်တွေက ကန့်လန့်ကာ ကာပေးပြီး ရှောင်ပေးခဲ့ပါတယ်။ အဲဒီအချိန် မာယာမင်းသမီးဟာ အနီးရှိ အင်ကြင်းခက်ကို လက်တစ်ဖက်နဲ့ လှမ်းဆွဲပြီး အင်ကြင်းပွင့်တစ်ပွင့်ကို လှမ်းခူးလိုက်ချိန်လေးမှာ အလောင်းတော်ကို ဖွားမြင်ခဲ့ပါတယ်။ ဖွားဖွားချင်း အလောင်းတော် လမ်းလျှောက်ပါတယ်။ ပြီးတော့
“ငါဟာ လူသုံးပါး (လူ နတ် ဗြဟ္မာ) ထက် အမြတ်ဆုံး၊ အကြီးဆုံး၊ အချီးမွမ်းအပ်ဆုံးဖြစ်တယ်၊ ဒီပဋိသန္ဓေဟာ နောက်ဆုံးပဋိသန္ဓေဖြစ်တယ်။ ဘ၀သစ်ဆိုတာ ငါ့မှာ မရှိတော့ဘူး” လို့ ကြွေးကြော်ခဲ့ပါတယ်။
အဲဒီ အလောင်းတော်ကို ဖွားမြင်တဲ့နေမှာပဲ ဒေ၀ဒတ်ရဲ့ အစ်မ ဘဒ္ဒကစ္စနာခေါ် ယသော်ဓရာ၊ အာနန္ဒာ၊ ဆန္ဒ၊ ကာဠုဒါယီ၊ ကဏ္ဋကမြင်းကို တပြိုင်နက်ဖွားမြင်ခဲ့ပြီး ညောင်ဗုဒ္ဓဟေပင်နှင့် ရွှေအိုးကြီးလေးလုံးဟာလည်း တပြိုင်နက်ပေါ်လာခဲ့ပါတယ်။
မာယာမင်းသမီးဟာ ဝေဒေဟ ကိုမပြန်တော့ဘဲ ကပ္ပိလကိုသာ ပြန်လာခဲ့ပါတယ်။ သူတို့ ဆွေစဉ်မျိုးဆက်ကိုးကွယ်တဲ့ ဒေ၀ိလရသေ့ဟာလည်း နတ်တွေ အကြောင်းကြားချက်အရ ရောက်လာခဲ့ပါတယ်။ ဒေ၀ိလဟာ အလောင်းတော်ကို ကြည့်ပြီး ရယ်လည်းရယ် ငိုလည်းငိုခဲ့ပါတယ်။ မူးမတ်တွေက အဲဒီအဖြစ်အပျက်ကို မြင်လို့ မေးကြတယ်။ ဘာလို့ ရယ်လိုက် ငိုလိုက်ဖြစ်နေတာလဲပေါ့၊ ဒေ၀ိလ ရသေ့က အလောင်းတော်ကိုကြည့်ပြီး သူဟာ ဘုရားစင်စစ် ဧကန်ဖြစ်မယ့်ပုဂ္ဂိုလ်ဖြစ်လို့ရယ်တယ်။ သူဘုရားဖြစ်ချိန် ငါမရှိတော့ပြီမို့လို့ငိုတယ်လို့ ပြောခဲ့ပါတယ်။
နောက်ငါးရက်မြောက်မှာ ကင်ပွန်းတပ်ပွဲကျင်းပရင်း ဆန်ခါတင် (ဇကာတင်) ပုဏ္ဏား (၇) ယောက်ကို မေးခဲ့ပါတယ်။ လာဘ်လာဘလိုချင်တဲ့ ပုဏ္ဏားခြောက်ယောက်ဟာ လက်နှစ်ချောင်းထောင်ခဲ့ပြီး သုဒတ္တပုဏ္ဏားက လက်တစ်ချောင်းတည်းထောင်ခဲ့ပါတယ်။ အဲဒီနောက် အမည်ပေး ကင်ပွန်းတပ်ပွဲ ကျင်းပခဲ့ပါတယ်။
Thanks for sharing. I read many of your blog posts, cool, your blog is very good.