သူတပါးအကျိုး ပျက်စီးရာကို ဘယ်သောအခါမှ မလုပ်နဲ့ မပြောနဲ့ မကြံနဲ့ ဟူသော မင်းကွန်းဆရာတော်၏ သြ၀ါဒတော်ကို ဦးထိတ်ပန်ဆင်လျှက်
တွံ ဒုဿီလော တ၀ါစရိယော ဒုဿီလော ဣဒဉ္စိဒဉ္စ တယာ ကတံ၊ တ၀ါစရိယေန ကတန္တိ ၀ုတ္တေ။ တုဏှီဘူတော အဓိဝါသေတိ၊ အာသင်္ကနီယော ဟောတိ၊ တသ္မာ မနောပဒေါသံ အကတွာ အ၀ဏ္ဏော နိဗ္ဗေဌေတဗ္ဗော။
အဘူတံ အဘူတတော နိဗ္ဗေဌေတဗ္ဗံ “ဣတိပေတံ အဘူတံ၊ ဣတိပေတံ အတစ္ဆံ၊ နတ္ထိစေတံ အမှေသု၊ န စ ပနေတံ အမှေသု သံဝဇ္ဇတီ”တိ။
ဒီ။ ဋ္ဌ။ ၁။ နှာ-၅၃
သင့်သည် သီလမရှိ။ သင်၏ ဆရာသည် သီလမရှိ။ ဤမည်သော ဤမည်သော အမှုကိုလည်း သင်လည်း ပြုအပ်ပြီ ။ သင်၏ ဆရာလည်း ပြုအပ်ပြီ ဟု စွပ်စွဲလာသော စကားကို တုန့်ပြန်မှု မပြုဘဲ ဆိတ်ဆိတ် နေလျှင် “ဟုတ်လို့သာ ခံနေတာပဲ” ဟု ယုံမှားစရာ ဖြစ်သောကြောင့် ဒေါသမဖက် အမှန်တရား သက်သက်သို့ ရှေးရှုကာ ဖြေရှင်းမှု ပြုရမည်။ ဤအကြောင်းကြောင့် သင်စွပ်စွဲသော စကားသည် မဟုတ်၊ သင်စွပ်စွဲသော အကြောင်းအရာသည် ငါတို့၌ မရှိဟု မဟုတ်သည်ကို မဟုတ်သည့်အတိုင်း ဖြေရှင်းရမည်။ (ဖြေရှင်းဟူသည် ထိုအပြစ်ပြောသော စကားကို ဖယ်ရှားခြင်းတည်း
(-သီ-ဘာ-ဋီ-၁။ ၃၃၄)
ဘုရားရှင်က ဒီလိုမိန့်ကြားထားတဲ့အတွက် “ဂျေဂျူဝိုင်က ဆွမ်းလောင်းအသင်းမှ ငွေများကို မတရား ယူငင်သုံးစွဲကာ အများကသိသွားသဖြင့် ထွက်ပြေးတိမ်းရှောင်နေသည်” ဟူသော စွပ်စွဲချက်သည် မမှန်ကန်ကြောင်း အများသိအောင် ကြေငြာလိုက်ပါသည်။ “ငါ ပါးစပ်တစ်ချက် ဟလိုတာနဲ့ ဂျေဂျူဝိုင် ဘာဖြစ်သွားမယ်ဆိုတာ မသိဘူးထင်တယ်” ဟူသော ၎င်း၏ ဇနီးဖြစ်သူ နွယ်နီ၏ စကားကိုမျိုးတော့ ဂျေဂျူဝိုင်တွင် ရှေ့လူမြင်ရာရော နောက်ကွယ် လူသိမခံနိုင်စရာ အကြောင်းတစ်စုံတစ်ရာ မရှိသဖြင့် ဟစေသတည်းဟု ပြောလိုက်ပါသည်။
ဒက္ခိဏေယျဝိဘင်္ဂသုတ်မှ “၀ိစေယျ ဒါနံ ဒါတဗ္ဗံ၊ ယတ္ထ ဒိန္နံ မဟပ္ဖလံ” အလှူခံကို ရွေးချယ်၍ လှူဒါန်းပါမှ အကျိုးများမည်ဟုလာသောကြောင့် ဂျေဂျူဝိုင်က မှန်းလှူရမ်းလှူမလုပ်နဲ့ ဟူသော ပိုစ့်ကို တင်လိုက်ခြင်းဖြစ်သည်။ ထိုပိုစ့်က ပိုစ့်အချို့ကို ဖျက်လိုက်ပြီးနောက် အချို့ကိစ္စများ ဂျေဂျူဝိုင်ပယောဂမပါစေလိုသဖြင့် တင်လိုက်ခြင်းဖြစ်သည်။
မဟာ ဗုဒ္ဓ၀င်၌ ဘုရားအလောင်းတော်သည် ဝေဿန္တရာဘ၀၌ သီလစိုးစဉ်းမျှမရှိသော ယုတ်မာသော ပုဏ္ဏားကို သားနှင့် သမီးကို လှူဒါန်းခဲ့ပါသည်။ ထို့ကြောင့် ဒက္ခဏေယျ ၀ိဘင်္ဂသုတ်မှ တရားတော်နှင့် ဘုရားရှင်၏ အပြုအမူသည် ကပြောင်းတိ ကပြောင်းပြန် ဖြစ်နေပုံကို မင်းကွန်းဆရာတော်မှ ဒက္ခိဏေယျသုတ်က သာမန်နတ်လူတို့အတွက် ဟောခဲ့ခြင်းဖြစ်ပြီး ဘုရားလောင်းအပြုအမူဖြစ်သည့် သီလမရှိသော သူကို လှူဒါန်းခြင်းသည် ပါရမီရှင်တို့၏ ကိစ္စဖြစ်ကြောင်း ရှင်းပြထားပါသည်။
ဂျေဂျူဝိုင်သည် ပါရမီရှင်မဟုတ်ပါ။ ဂျေဂျူဝိုင်ရှေ့တွင် ဂျေဂျူဝိုင်လှူထားသော ပစ္စည်းအား ဂျေဂျူဝိုင်မျက်နှာကို တစ်ချက်မငဲ့ဘဲ ဇနီးအား ပေးလိုက်ခြင်းမျိုးကို ဂျေဂျူဝိုင် သည်းမခံနိုင်ပါ။ မှန်ပါသည်။ ဂျေဂျူဝိုင်သည် ဘုရားဖြစ်ရန် ဆုပန်ထားသူ သာဝကဖြစ်ရန် ပါရမီဖြည့်နေသူ မဟုတ်သောကြောင့် မိမိလှူဒါန်းသော အလှူအပေါ် စိတ်မပြတ်နိုင်ပါ။
သစ်ပင်တွင် အမြစ်၊ ပင်စည်၊ အကိုင်းအခက်ရှိသကဲ့သို့ လူတွင် အသိပညာ၊ ရာထူးဂုဏ်၊ ကိုယ်ကျင့်ဟူ၍ ရှိ၏။ လူတွေ သစ်ပင်တစ်ပင်ကို ကြည့်သောအခါ ပင်စည်ပိုင်း၊ အကိုင်းအခက်ပိုင်းဟူ၍ မြင်သကဲ့သို့ လူကိုလည်း အသိပညာပိုင်း ရာထူးဂုဏ်သိမ်အပိုင်းကိုသာမြင်၍ အမြစ်ပိုင်းဖြစ်သော ကိုယ်ကျင့်တရားပိုင်းကို မမြင်။ ထိုအခါ မိမိလည်း အကာမျှသာ ပြန်ရမည်ဖြစ်၏။
ဘုရားအလောင်းတော်သည် ဆင်မင်းဘ၀ဖြစ်စဉ်က သင်္ကန်းကြောင့် ဒေ၀ဒတ်လောင်း မုဆိုးကို မသတ်ခဲ့ပါ။ ကြွက်မင်းဘ၀တွင်တော့ မြေခွေးယုတ်ကို ကြွက်အမျိုးကို ငဲ့ညှာခဲ့သဖြင့် သတ်ခဲ့သည်။ ဗုဒ္ဓဘာသာနှင့် ရဟန်းသံဃာထုအတွက် ဤပိုစ့်ကို တင်လိုက်ပါသည်။ အားလုံးကိုလည်း ကျွန်တော့်၏ မိစ္ဆာဒိဋ္ဌိပိုစ့်ကို သေချာစွာ ပြန်လည် ဖတ်ရှုပေးပါရန် မေတ္တာရပ်ပါသည်။
အောက်ပါကဗျာကို စူးစူးနစ်နစ်ဖတ်ကြည့်ပါ။
“ကျွန်တော်တို့ ကမ္ဘာကြီးဟာ ပျော်စရာ ကောင်းတယ်
ခုထိ သတ်ပစ်ဖို့ကောင်းတဲ့လူတွေ ရှိနေရုံနဲ့ပဲ
လူဖြစ်ရကျိုးနပ်တယ်
ဒါကြောင့် ကျွန်တော်တို့ ကမ္ဘာကြီးဟာ ပျော်စရာကောင်းတယ်”
Thanks for sharing. I read many of your blog posts, cool, your blog is very good.