ပြောထားချင်တာက
သင်တန်းတွင် အလွယ်တကူ အသုံးပြုနိုင်ရန် ရည်ရွယ်၍ ဤဂိမ်းများကို စုစည်းခြင်းဖြစ်ပါသည်။ အချို့ ဂိမ်းသည် ကိုယ်တိုင် ကိုယ်ကျ ကစားဖူးသော်လည်း အချို့မှာ မြင်ဖူးရုံသာ မြင်ဖူးသည်။ အချို့ဂိမ်းဆိုလျှင် လုံးဝ မကစားဖူးပါ။ ဥပမာ ခြေထောက် ဆင်း၍ ခြေမကွေးဘဲ မတ်တပ်ထသည့် ဂိမ်းဆိုလျှင် လုံးဝ မကစားဖူးပါ။ ထို့နောက် ထိုဂိမ်းသည် ကစားလို့ ရ မရ စမ်း မကြည့်ဖူးပါ။ သို့သော် အခြား ဂိမ်းစာအုပ်တစ်ခုတွင် တွေ့၍ ရေးပေးထားခြင်းဖြစ်သည်။ စာအုပ်တစ်အုပ်သည် မန်ကျည်း ရိပ်မှ ထုတ်ဝေသည့် စာအုပ်ဖြစ်ပြီး နောက်တစ်အုပ်ကမူ ထိုင်းနိုင်ငံဘက်မှ ထုတ်ဝေသည့် စာအုပ်ဖြစ်သည်။ ရေးထားသည့် အချက်များ မပြည့်စုံပါက စာရေးသူ၏ အပြစ်သာ ဖြစ်သည်။ အတတ်နိုင်ဆုံး ရှင်းလင်းအောင် ရေးထားသော်လည်း မရှင်း မလင်းဖြစ်ပါက စာရေးသူထံ လူကိုယ်တိုင်လည်းကောင်း E-mail ဖြင့်လည်းကောင်း၊ ဖုန်းဖြင့်လည်းကောင်း မေးမြန်း နိုင်ပါသည်။
မိတ်ဆက်နည်း
ရည်ရွယ်ချက် – သင်တန်းအစတွင် အသုံးပြု၍ သင်တန်းသားအချင်းအချင်း အမည်သိရန်၊ ရင်းနှီးရန်
လိုအပ်ချိန် – ၁၅ မိနစ် (သို့) ၃၀ မိနစ်
လူဦးရေ – သင်တန်းသားအားလုံး
လိုအပ်ပစ္စည်း – စာရွက်နှင့် ဘောလ်ပင်
လုပ်ဆောင်နည်းအဆင့်ဆင့်။ ။ သင်တန်းသားများအားလုံးကို A4 စာရွက် တစ်ရွက်စီပေးလိုက်ပါ။ ထိုစာရွက်ကို ကွက်တိလေး ကြက်ခြေခတ်စေပါ။ ထို့နောက် အကွက်လေးကွက်ရလာလျှင် “မိမိအမည်၊ မိမိနေသည့်ရွာ၊ မိမိအလုပ် အကိုင် နှင့် မိမိရည်မှန်းချက်” ကို တစ်ကွက်ချင်းစီ အခြားသူ ဖတ်၍ ရအောင် ရေးစေပါ။ ပြီးသောအခါ ရင်ဘတ်တွင်ကပ်၍ အားလုံးကို တစ်ယောက်ချင်းစီ လိုက်ပြပါ။
တစ်နည်း။ ။ သင်တန်းသားများအားလုံးကို လေးထောင့်ကျကျ ဖြတ်ထားသော စာရွက် တစ်ရွက်စီပေးပါ။ ထို့နောက် ထိုစာရွက်တွင် “မိမိအမည်၊ မိမိ နေရပ်၊ မိမိအလုပ်အကိုင်၊ မိမိရည်မှန်းချက်” ကို ရေးစေပါ။ ထို့နောက်ထိုစာရွက်ကို စက္ကူစွန် ခေါက်စေပါ။ ပြီးလျှင် အလယ်သို့ စက္ကူစွန်ကို ပစ်ထည့်ခိုင်းပါ။ ပြီးလျှင် သင်တန်းသားများအားလုံးကို မိမိနှင့် အနီးဆုံး စာရွက်ကို ကောက်ယူခိုင်းပါ။ မိမိအမည် ပြန်ကျလျှင် လဲလှယ်ချင်သူ တစ်ဦးဦးနှင့် လျှို့ဝှက်လဲလှယ်ပါစေ။ ပြီးလျှင် တစ်ယောက်ချင်းစီ ဖတ်ပြပါ။ ပထမဦးဆုံး ဖတ်သူထံ အဖတ်ပြခံရသူက ဘေးတွင် သွားရောက်နေထိုင်ပေးရမည်။
Six Heart Theory ။ ။ သင်တန်းမှူးမှ ဖလစ်ချပ်တွင် အသည်းပုံ ခြောက်ပုံကို စာရွက်၏ အလယ်ချိုး၍ နှစ်ဖက်တွင် တစ်ခုစီ သုံးခု ချရေးလာပါ။ ပြီးလျှင် နံရံတွင် ကပ်၍ အပေါ်သို့ ခေါက်တင်ထားပါ။ ပထမတစ်ခေါက်တွင် အသည်းပုံ နှစ်ပုံကို ဖွင့်ချပြပါ။ ထို့နောက် လူတစ်ယောက်ကို တွေ့လျှင် မည်သည့်အရာကို ပို၍ အသိချင်ဆုံးလဲ ဟုမေးပြီး သိချင်သည့်အရာလဲ ဟုမေးပြီး သူတို့ သိချင်သော “အမည်၊ မွေးသက္ကရာဇ်” စသဖြင့် တစ်ခုခု ကို ချရေးပါ။ ပြီးလျှင် နောက်ထပ် အသည်းနှစ်ခုကို ထပ်မံ ဖွင့်ပြပါ။ လူစိမ်းတစ်ဦးနှင့် ပို၍ ထပ်သိချင်သေးသော အရာများကို ထပ်မေး၍ သူတို့ သိချင်သည့်အတိုင်း ချရေးပါ။ “သူတို့ရည်မှန်းချက်၊ သူတို့ သွားချင်သည့်နိုင်ငံ” စသဖြင့် ဖြစ်နိုင်သည်။ နောက်ထပ် ကျန်နေသော အသည်းနှစ်ခုကို ထပ်မံ ဖွင့်ပြပါ။ ပြီးလျှင် ထပ်ဖြည့်ပါ။ “မိမိကြိုက်သော အမူအရာနှင့် မိမိမကြိုက်သော အမူအရာ” စသည်ဖြစ်နိုင်သည်။ ထို့နောက် တစ်ဦးချင်းစီအား လိုက်ပြပါ။ သို့မဟုတ် အသည်းခြောက်ခုတွင် ရေးထားသော အရာများသည် ကြိုက်နှစ်သက်သည့် သရုပ်ဆောင်၊ သွားချင်သည့်နိုင်ငံ စသဖြင့် ပုဂ္ဂိုလ်ရေး သိပ်မပါပါက “မွေးသက္ကရာဇ်ချင်း တူတဲ့သူ ရှာပါ”၊ “ စားချင်တဲ့ အရာချင်း တူတဲ့သူ ရှာပါ” စသဖြင့် အုပ်စုဖွဲ့ ရှာခိုင်းစေနိုင်ပါသည်။
ကမ္ဘာတစ်ခွင်။ ။ သင်တန်းမှူးမှ စာရွက်တစ်ရွက်တွင် အောက်ပါ အချက်အလက်များကို ကြိုတင် ဖြည့်ထားပါ။
(၁) ဘာသာစကား လေးမျိုးနှင့် အထက်ပြောတတ်သူ
(၂) ရေကူးကျွမ်းကျင်သူ
(၃) သီချင်းဆို ဝါသနာပါသူ
(၄) ဒီဇင်ဘာလ၌ မွေးဖွားသူ
(၅) မိသားစု ငါးယောက်နှင့် အထက်ရှိသူ
(၆) အက ဝါသနာပါသူ
(၇) ရည်စားသုံးယောက်နဲ့ အထက်ထားဖူးသူ
(၈) ငါးဟင်းကို ကြိုက်နှစ်သက်သူ
(၉) အခြား ဒေသနှင့် သင့်လျှော်သည့် မေးခွန်း နှစ်ခုဖြည့်၍ ဆယ်ခုပြည့်အောင် လုပ်ပါ။
ပြီးလျှင် ထိုစာရွက်ကို သင်တန်းသားများအားလုံးကို ဝေပါ။ ပြီးလျှင် တစ်ယောက်ချင်းစီ လိုက်မေးစေပါ။ မေးမြန်းချိန် (၁၀) မိနစ်စသဖြင့် ပေးပါ။ ပြီးလျှင် သင်တန်းမှူးထံ လာအပ်စေပါ။ အများဆုံး မေးနိုင်သူကို ဆုပေးပါ။ မှန် မမှန် စစ်ဆေးပါ။ ပြီးလျှင် ထိုထဲမှ အမှန်ဆုံး ဖြစ်သူကို ဆုပေးပါ။
ကြောင်နဲ့ကြွက် (၁)
ရည်ရွယ်ချက် – အားဖြည့် စိတ်ကြွစေရန်နှင့် ဖြတ်ထိုးဉာဏ်ကို လေ့ကျင့်ပေးရန်
လိုအပ်ချိန် – ၅ (သို့) ၁၀ မိနစ်
လူဦးရေ – ၃၀ အောက် (စုံဂဏန်းဖြစ်ရမည်၊ မပြည့်ပါက ဦးဆောင်သူပါ ပါဝင်ပေးပါ)
လိုအပ်ပစ္စည်း – မရှိ
လုပ်ဆောင်နည်းအဆင့်ဆင့်။ ။ အဖွဲ့သားများထဲမှ ကြောင်နဲ့ ကြွက်လုပ်ဖို့ စေတနာ့ဝန်ထမ်း နှစ်ဦးကို ခေါ်ထုတ်လိုက်ပါ။ ကျန်သည့် အဖွဲသားများမှာ ခါးထောက် လက်ချိတ်ကာ စက်ဝိုင်းတစ်ခုအတွင်းမှ သင့်လျှော်သော နေရာတွင် နေစေပါ။ တစ်တွဲနှင့် တစ်တွဲကြား ကြောင်နဲ့ ကြွက် ဖြတ်ပြေးနိုင်ရန် နေရာ ရှိပါစေ။ အတွဲများအားလုံး ခါးထောက်၍ လက်ချင်းချိတ်ထားပြီး ကြွက်က အလွယ်တကူ လက်လာချိတ်နိုင်ရန် အတွက် အသင့်ခါးထောက်ထားပါ။ ယင်းနောက် ကြောက်နဲ့ ကြွက်ကို ခပ်လှမ်းလှမ်းတွင် နေစေပြီးလျှင် ကြောင်က ကြွက်ကို စလိုက်နိုင်ပါပြီ။ ကြောင်က ကြွက်ကို လိုက်ဖမ်းသည့်အခါ အဝိုင်းပတ်အထဲထက် အဝိုင်းအပြင်ဘက်သို့ ရောက်သွားသည်က များလိမ့်မည်။ ထိုအခါ ပံ့ပိုးသူမှ အဝိုင်းအပြင်ဘက်သို့ အလွန်အကျွံရောက်မသွားစေရန် သတိပေးပါ။ ထိုသို့ လိုက်နေရင်း ကြွက်က လက်ချင်းချိတ် ထားသော အခြားအတွဲ၏ တစ်ဖက်ဖက်မှ လက်ချင်း ချိတ်လိုက်နိုင်သည်။ ထိုအခါ လက်ချိတ်ခံရသော တစ်ဖက်မှ တစ်စုံ တစ်ဦးသည် ကြွက်ဖြစ်သွားမည်။ ထိုကြွက်ဖြစ်သွားသူကိုသာ အမိလိုက်ဖမ်းရမည်။ ဖမ်းမိသွားပါက ကြောင်သည် ကြွက် ဖြစ်သွားပြီးလျှင် ကြွက်သည် ကြောင်ဖြစ်သွားသည်။
ကြောင်နဲ့ ကြွက် (၂)
ရည်ရွယ်ချက် – စိတ်အားဖြည့် တက်ကြွစေရန်။
လိုအပ်ချိန် – ၅ မိနစ် (သို့) ၁၀ မိနစ်
လူဦးရေ – သင်တန်းအတွင်းရှိ လူများ (၃၀ ဦးဝန်းကျင်)
လိုအပ်ပစ္စည်း – ကြောင်ကိုယ်စားပြု ပစ္စည်းနှင့် ကြွက်ကိုယ်စားပြုပစ္စည်း
လုပ်ဆောင်နည်း အဆင့်ဆင့်။ ။ သင်တန်းပံ့ပိုးသူမှ ကိုယ်စားပြုပစ္စည်းများကို ယူပြ၍ မည်သည့်ပစ္စည်းက ကြောင်ကို ကိုယ်စားပြုပြီး မည်သည့်ပစ္စည်းက ကြွက်ကို ကိုယ်စားပြုကြောင်း ရှင်းပြပါ။ ထို့နောက် ကြောင်နဲ့ ကြွက် မည်သည့် အကောင်က ပို၍ အပြေးမြန်သနည်းမေးပါ။ ကြွက်က အပြေးမြန်သည်ဟု ဖြေလာခဲ့လျှင်လည်း ခန္ဓာကိုယ်ကြီးသော အကောင် ဖြစ်သည့် ကြောင်က ပိုအပြေးမမြန်နိုင်ဘူးလား စသဖြင့် ဦးဆောင်ခေါ်ယူဆွေးနွေး၍ ကြောင်က ပိုအပြေးမြန် ကြောင်း ပြောပါ။ ပြီးလျှင် ကြွက်ကိုယ်စားပြုပစ္စည်းနှင့် ကြောင်ကိုယ်စားပြုပစ္စည်းကို ဆယ်ဦးအကွာခန့်တွင် တစ်ဦးဦးထံ၌ ပေးထားလိုက်ပါ။ ထို့နောက် ထိုကိုယ်စားပြုပစ္စည်းဖြင့် ကြောင်က ခန္ဓာကိုယ်ကို တစ်ပတ်၊ ကြွက်က ခန္ဓာကိုယ်ကို နှစ်ပတ် ပတ်စေ၍ ဝိုင်းအတွင်း လှည့်သွားစေပါ။ ပစ္စည်းနှစ်ခုကို တစ်ခါတည်းကိုင်မိလျှင် သို့မဟုတ် တစ်ဦးတည်းက ပစ္စည်းနှစ်ခု ကို ရလိုက်လျှင် “အမ” ဖြစ်သွားပြီးနောက် ထိုအမဖြစ်သူက ကြောင်ကိုယ်စားပြု ပစ္စည်းကိုယူ၍ ဆယ်ဦးအကွာခန့်တွင် ကြွက်ကိုယ်စားပြု ပစ္စည်းကို ပေး၍ ထပ်မံလှည့်စေပါ။
ကြောင်နဲ့ကြွက် (၃)
ရည်ရွယ်ချက် – တက်ကြွစေရန်
လိုအပ်ချိန် – ၁၀ မိနစ်
လူဦးရေ – သင်တန်းသားအားလုံး
လိုအပ်ပစ္စည်း – မရှိ
လုပ်ဆောင်နည်းအဆင့်ဆင့်။ ။ သင်တန်းသားအားလုံး စက်ဝိုင်းပုံစံနေပါ။ လက်ချင်းချိတ်ထားပါ။ ကြောင်ကို အပြင်တွင်ထားပါ။ ကြွက်ကို ဝိုင်းအထဲတွင် ထားပါ။ ကြောင်က ကြွက်ကိုဝင်ဖမ်းစေပါ။ မဖမ်းနိုင်အောင် ဝိုင်းထားသူများ ကာကွယ်ပါ။ ကြွက်ကလည်း ဟိုဒီ လျှောက်ပြေးကာ ကြောင်ကို စနောက်နိုင်သည်။ အကယ်၍ နှစ်ဦးကြားတစ်ခုခုမှ ဖောက် ဝင်ကာ ကြွက်ကို ဖမ်းနိုင်ခဲ့ပါက ထိုအတွဲသည် ကြောင်နဲ့ ကြွက်ဖြစ်သည်။
တစ်မှ ပြန်၍ စတင်ခြင်း
ရည်ရွယ်ချက် – တက်ကြွလာစေရန်၊ သတိရှိစေရန်။
လိုအပ်ချိန် – ၅ မိနစ် (သို့) ၁၀ မိနစ်
လူဦးရေ – သင်တန်းတွင်းရှိ လူဦးရေ (၃၀ ဝန်းကျင်)
လိုအပ်ပစ္စည်း – မရှိ
လုပ်ဆောင်နည်း အဆင့်ဆင့်။ ။ စက်ဝိုင်းပုံ မတ်တပ်ရပ် သို့မဟုတ် ထိုင်ခိုင်းပါ။ သင်တန်းပံ့ပိုးသူမှ ဂိမ်းပုံစံကို ဤသို့ ရှင်းပြပါ။
၁။ တစ်မှ စ၍ ဂဏန်းအစဉ်အတိုင်း ရေတွက်သွားပါ။ မ ဂဏန်းဖြစ်သည့် ၃ ၅ ၇ ၉ စသည်တို့တွင် ပါးစပ်မှ မရွတ်ဘဲ လက်ခုပ်သာ တီးစေရန်။ မှားသွားပါက အစမှ ပြန်စရန်။
၂။ တစ်မှ စ၍ ဂဏန်းအစဉ်အတိုင်း ရေတွက်သွားပါ။ ၃ နှင့်စား၍ ပြတ်သည့် ဂဏန်းများနှင့် ၃ ပါဝင်သည့် ဂဏန်းများတွင် ဂဏန်းစဉ်ကို မရွတ်ဆိုဘဲ လက်ခုပ်တီးစေပါ။ မှားသွားပါက အစမှ ပြန်စရန်။
၃။ တစ်မှ စ၍ ဂဏန်းအစဉ်အတိုင်း ရေတွက်သွားပါ။ တစ်ဟုဆိုပြီး လက်ခုပ်တီးပါ။ နှစ်ဟု ဆိုပြီး လက်ခုပ်တီးပါ။ အစဉ်အတိုင်း သွားပါ။ ၄ ရောက်လျှင် လက်ခုပ် မတီး လေးဟုလည်း မအော်ဘဲ “ဟေး” ဟုသာ အော်ရမည်။ ပြီးလျှင် ၄ နှင့် နှင့်စား၍ ပြတ်သည့် ဂဏန်းများနှင့် လေးပါသည့် ဂဏန်းသို့ ရောက်တိုင်း “ဟေး” ဟုသာ အော်ရန်။ မှားသွားပါက အစကနေ ပြန်စရန် ဖြစ်သည်။
၎။ စက်ဝိုင်းပုံစံနေ၍ အားလုံး မျက်စိမှိတ်၍သော်လည်းကောင်း၊ အားလုံး ကျောခိုင်း၍သော်လည်းကောင်း တစ်မှစ၍ ဂဏန်း အစဉ်အတိုင်း ရွတ်ဆိုစေပါ။ သို့သော် လူအစဉ်အတိုင်း မဖြစ်ရ။ နှစ်ယောက် သုံးယောက်တည်း မဖြစ်ရ။ အသံထပ်သွားပါက အစမှ ပြန်၍ ရွတ်ဆိုရမည်။
Your point of view caught my eye and was very interesting. Thanks. I have a question for you.
Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.
Your article helped me a lot, is there any more related content? Thanks! https://accounts.binance.com/ph/register?ref=B4EPR6J0