ကိလေသာ တင်းကျမ်းမို့
အဆင်းလမ်း အစုန်ချည်းဖန်။
အကုသိုလ်တရားဆိုးတွေကြောင့်
အမှားအိုး ပြည့်လျှံ။
ဆယ့်တစ်မီးရယ်က
ပျက်စီးအောင် လောင်ကြပြန်
မှောင်သမျှ မဟန် ၀ိဇ္ဇာသုန်း
တစ်ထောင်မှမဆန် မိစ္ဆာဖုံး
လောကမာယာ ၀ဲဂယက်မှာလ
လောဘ အခါခါ တက်ဆဲပါပဲ
ဒေါသထန်ကာ အမျက်သည်းပုံဖြင့်
မောဟထုံစွာ တစ်သက်စွဲနေတော့
လက်ခနဲရယ်မှ ရောင်မလင်း
ဆောင်ကြဉ်းရာ နရက်အောက်ပျော်မို့
ရှက်ကြောက်မပေါ် မိုက်တွင်းနက်ရှာဘိ
စရိုက်ယွင်းပျက် အကျသက်သက်သာပ
သံသရာ ချာလည်စက်မှာလ
ဘ၀ဆက်ဆက်ရှုံး……
Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.