ဘုရားရှိခိုးတဲ့အခါ ကျွန်တော်တို့ ရွတ်ကြတဲ့ “ဤသို့ရှိခိုးရသော အကျိုးအားကြောင့်” အကျိုးထဲက အပါယ်လေးပါး၊ ကပ်သုံးပါးစတဲ့ အဓိပ္ပါယ်လေးကို အကျဉ်းလေး တင်ပြပါရစေ။
အပါယ်လေးပါးဆိုတာ
၁။ ငရဲ
၂။ တိရစ္ဆာန်
၃။ ပြိတ္တာ
၎။ အသူရကာယ်
တို့ဖြစ်ပါတယ်။
ကပ်သုံးပါး ဆိုတာ
၁။ ရောဂန္တရကပ် – ရောဂါဆိုးတို့ အထူးသဖြင့် နှိပ်စက်အပ်သော ကပ်ဘေးဆိုးကြီး
၂။ သတ္ထန္တရကပ် – ထူးဆန်းထွေလာသော လက်နက်မျိုးစုံဖြင့် အချင်းချင်းသတ်ဖြတ်အပ်သော ကပ်ဘေးဆိုးကြီး
၃။ ဒုဗ္ဘိက္ခရန္တကပ် – အစာရေစာ ငတ်မွတ်ခေါင်းပါးသော ကပ်ဘေးဆိုးကြီး
တို့ဖြစ်ပါတယ်။
ရပ်ပြစ်ရှစ်ပါးဆိုတာ (တရားထူး မရနိုင်တဲ့အရပ်)
၁။ ငရဲ
၂။ တိရစ္ဆာန်
၃။ ပြိတ္တာ
၎။ အသညသတ်ဘုံ
၅။ သာသနာတွင်း ဆွံ့အနားမကြားစသည် ဖြစ်သောသူ
၆။ မိစ္ဆာဒိဋ္ဌိ
၇။ ပစ္စန္တရာဇ်
၈။ သာသနာပတွင် တိဟိတ်ပုဂ္ဂိုလ်
တို့ဖြစ်ပါတယ်။
ရန်သူမျိုးငါးပါးဆိုတာ
၁။ ရေ
၂။ မီး
၃။ မင်း
၎။ ခိုးသူ
၅။ အမွေခံ သားဆိုးသမီးဆိုး
တို့ဖြစ်ပါတယ်။
ဝိပတ္တိတရားလေးပါးဆိုတာ
၁။ ဂတိဝိပတ္တိ – လားရာဂတိ ဖြစ်ရာ ဘုံပျက်ခြင်း
၂။ ကာလ၀ိပတ္တိ – မင်းနှင့်တကွ လူတို့ တရားမစောင့်သဖြင့် ကာလပျက်စီးခြင်း
၃။ ပယောဂ၀ိပတ္တိ – ပြုသင့်သည်ကို မပြု၊ မပြုသင့်သည်ကို ပြုခြင်း
၎။ ဥပဓိဝိပတ္တိ – အမျိုးမြတ်သော်လည်း အဆင်း၊ အင်္ဂါချို့ယွင်းခြင်း
တို့ဖြစ်ပါတယ်။
ဗျသနတရားငါးပါးဆိုတာ
၁။ ဉာတိဗျသန- ဆွေမျိုးတို့ ပျက်စီးခြင်း
၂။ ဘောဂဗျသန – ဥစ္စာစည်းစိမ်တို့ ပျက်စီးခြင်း
၃။ ရောဂဗျသန – အနာရောဂါတို့ နှိပ်စက်၍ ပျက်စီးခြင်း
၎။ ဒိဋ္ဌိဗျသန – အယူမှောက်မှား၍ ပျက်စီးခြင်း
၅။ သီလဗျသန – အကျင့်သီလ၏ ပျက်စီးခြင်း
တို့ဖြစ်ပါတယ်။
ဒီမှာ တစ်ခုပြောချင်တာက ဥပဒ္ဒဝေါ ၁၆ ပါးသောဘေး၊ ၃၂ ပါးသော ကံကြမ္မာ၊ ၉၆ ပါးသော ရောဂါတို့မှ လို့ တချို့ ဘုရားရှိခိုးတွေက ဆိုကြပါတယ်။ အဲဒါတွေပါ သိချင်ရင်တော့ တင်ပေးပါ့မယ်။ ဒါပေမယ့် သြကာသ အမျိုးမျိုးရှိတဲ့ အထဲက တော်တော်များများ ဘုရားရှိခိုးမှာက မပါကြဘူး။ အဲဒီတော့ အဲဒါလေးကို ချန်ခဲ့ပါတယ်။
နောက်ပိုင်းဆိုရတဲ့ ဈာန်တရား၊ မဂ်တရား၊ ဖိုလ်တရား ၊ နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရားကတော့ ရှင်းပါတယ်။ ပိုစ့်တောင်းလာတဲ့ ညီမငယ်ရေ နားမလည်တဲ့ အပိုင်းကို မေးနိုင်ပါတယ်။
Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.