ဒါကတော့ ကျွန်တော်တို့ ဘုရားရှင် ကောသလတိုင်း၊ သေတဗျမြို့၊ ယင်းတိုက်တောမှာ သီတင်းသုံးနေတော်မူတဲ့အချိန် အကြောင်းအရာ တစ်ခုကို ဥပမာ၊ ဥပမေယျပေါင်းစုံနဲ့ ဟောကြားတတ်တဲ့ ရဟန်းတစ်ပါးနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ အကြောင်းပါ။ အဲဒီ ယင်းတိုက်တောနဲ့ မလှမ်းမကမ်းမှာ ပါယာသိရွာဆိုတဲ့ ရွာလေး တစ်ရွာရှိတယ်။ အဲဒီ ရွာမှာနေတဲ့ ရွာစားကတော့ဖြင့် အယူတစ်မျိုးကို ယူထားတဲ့သူဖြစ်ပါတယ်။ သူ့အယူကတော့ဖြင့် အဲဒီခေတ်က ဘုရားရှင် မပွင့်မီ ပွင့်ကြတဲ့ ဘုရားတွေရဲ့ အယူတွေ ဖြစ်ပါတယ်။ ဘယ်လိုလဲဆိုတော့ “နောက်ဘဝဆိုတာ မရှိဘူး၊ သေပြီးရင် ဘာမှ မဖြစ်ဘူး၊ ကောင်းတဲ့ အလုပ်မှာ ဖြစ်စေ မကောင်းတဲ့ အလုပ်မှာဖြစ်စေ အကျိုးပေးခြင်း မရှိဘူး” စတဲ့ အယူရှိသူ ဖြစ်ပါတယ်။ ဒါပေမယ့် တရားကို ထူးထူးဆန်းဆန်းဟောတတ်တဲ့ ရဟန်းအကြောင်းကို ကြားတော့ စိတ်ဝင်စားတယ်။ သာမန်လူပဲဗျ။ ရုတ်ရုတ် ရုတ်ရုတ်ဆိုတော့ ဘာလဲ ဘယ်လိုလဲပေါ့။ ဒါနဲ့ သူလည်း ဘုရားရှင်ရဲ့ တပည့်ကျော်ဆီ ရောက်သွားရောပေါ့။
ထုံးစံအတိုင်း နှစ်ဦးသား ကျန်းခန့်သာလို့မာပါစ လို့နှုတ်လည်း ဆက်ပြီးရော ပါယာသိရွာစားက သူ့အယူဝါဒအကြောင်းကို လျှောက်ထားတာပေါ့။ အဲဒီ ရဟန်းက အယူဝါဒရဲ့ မှားယွင်းမှု မမှန်ကန်မှု တစ်ဖက်စွန်းရောက်မှုတွေကို ဥပမာပေါင်း ၁၄ ခုနဲ့ သေချာရှင်းပြလိုက်တယ်။ အဲဒီဥပမာတွေလည်း ကြားရော ရွာစားဟာ ရတနာသုံးပါးကို ချဉ်းကပ်ကိုးကွယ်သူ ဖြစ်လာခဲ့ပါတယ်။ ချဉ်းကပ်ပြီး အဆုံးမှာ ရွာစားကပြောတယ်။
“တပည့်တော် ရွာမှာ ကိစ္စလေးတစ်ခု လုပ်စရာရှိလို့ ပြန်လိုက်ဦးမယ် ဘုရား”
“ဘာကိစ္စများတုန်း ဒကာကြီးရဲ့”
“တပည့်တော် မနက်ဖန် ယဇ်ပူဇော်ပွဲ ဘုရား”
အဲဒီအချိန်ကျပြန်တော့လည်း ရဟန်းက သတ္တဝါကို ညဉ်းဆဲခြင်းအပြစ်၊ သတ်ဖြတ်ခြင်းအပြစ်တွေကို ဥပမာတွေနဲ့ ဟောပြတာပါပဲ။ ဟောပြပြီးနောက် ကုသိုလ်ပြုလုပ်ခြင်းနဲ့ ပတ်သက်တဲ့ တရားကို ဟောလိုက်တယ်။ ရွာစားက ကုသိုလ်ပြုလုပ်နည်းတွေ မေးမြန်းတယ်။ ရဟန်းက ဖြေတယ်။ အမေးအဖြေအဆုံးမှာ ရွာစားက ကုသိုလ်ပြုလုပ်တော့မယ် လို့ပဲ လျှောက်ထားပြီး ပြန်ခဲ့ပါတယ်။
ရွာရောက်တော့ ရွာစားက ရွာသူ ရွာသားတွေကို ခေါ်တယ်။ အလှူပြုလုပ်မည့်အကြောင်း တိုင်ပင်တယ်။ ရွာစားက စီမံခန့်ခွဲနိုင်သူတစ်ယောက်ကို ရှာတယ်။ အဲဒီအခါ တော်တော်နှံ့နှံ့စပ်စပ် သိတတ်တဲ့ ဥတ္တရလုလင်ငယ်ကို စီမံခန့်ခွဲစေတယ်။ ဥတ္တရလုလင်ကလည်း ဗဟုသုတကြွယ်ဝသူပီပီ အလှူခံရဲ့ လိုအပ်ချက်၊ အလှူရှင်ရဲ့ လိုအပ်ချက်တွေကို နှစ်ဦးနှစ်ဖက် စိတ်ညိုငြင်မှု မရှိရစေအောင် စီမံပေးတယ်။ အလှူခံပုဂ္ဂိုလ်တွေကိုလည်း လေးမြတ်ကြည်ညိုတယ်။ လှူဖွယ်ဝတ္ထုတွေကိုလည်း ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းတယ်။ အောက်ခြေသိမ်းကအစလည်း ပြုလုပ်တယ်။
ဒီလိုနဲ့ သူတို့ လူ့ဘဝမှာ သက်တမ်းစေ့အောင် နေကြပြီးနောက် သေသွားကြရော ဆိုပါတော့။ သေတော့ သူတို့ နှစ်ယောက်လုံး နတ်ပြည်မှာ နတ်သွားဖြစ်ကြပါတယ်။ အလှူရှင် ပါယာသိရွာစားက နတ်ပြည်ခြောက်ထပ်ထဲက အောက်ဆုံးထပ်ဖြစ်တဲ့ စတုမဟာရာဇ်နတ်ပြည်မှာ နတ်ဖြစ်ပါတယ်။ နတ်ဖြစ်ပေမယ့် ဘေးမှာ အပေါင်းအသင်း မပါဘဲ တစ်ပါးတည်း ဖြစ်ရပါတယ်။ ပျင်းခြောက်ခြောက်နဲ့ နတ်ဖြစ်ရလည်း စိတ်ညစ်ရတဲ့ နတ်မျိုးပေါ့။ အဲဒီ နတ်ပြည်က တကယ်တမ်း လူ့ပြည်ရဲ့ အထက်ကနေ စတာလည်း ဖြစ်တော့ ပိုစိတ်ညစ်စရာ ကောင်းပါတယ်။ ပြီးတော့ မြင့်မိုရ်တောင် တဝက်လောက်အထိသာ ဘုံဗိမာန်နဲ့ နေထိုင် သွားလာခွင့်ရတယ်။ အထက်ကို အခွင့်မရှိ မဝင်ရလို့ ရေးသားထားခြင်း ခံရတဲ့ နတ်ပြည်မှာပေါ့။ တန်ခိုးနည်းတယ်။ သက်တမ်းကလည်း နတ်သက်မှ ငါးရာထဲ ရှိတဲ့ နတ်ပါ။ လူ့အသက်နဲ့ တွက်ရင် ၂၅၀၀၀ ပဲရှိတယ်။ ဥတ္တရလုလင်ကတော့ နတ်ပြည်ခြောက်ထပ်ထဲက ဒုတိယထပ်ဖြစ်တဲ့ တာဝတိံသာမှာ နတ်သွားဖြစ်ပါတယ်။ သူသွားဖြစ်တဲ့ နေရာက မြင့်မိုရ်တောင် ထက်ဝက်ကနေ မြင့်မိုရ်တောင်ထိပ်ထိ နယ်မြေပိုင်တဲ့ နတ်အမျိုးအစားပါ။ နတ်ပြည်ခြောက်ထပ်လုံးကို အုပ်ချုပ်တဲ့ သိကြားမင်းတို့ နေတဲ့ နတ်ရွာပေါ့ဗျာ။ အခြွေအရံပေါပေါများများနဲ့ကို နတ်သွားဖြစ်ပါတယ်။ တန်ခိုးလည်း ပိုရှိပါတယ်။ နတ်သက်တမ်းကလည်း ရှည်ပါတယ်။ လူ့အသက်နဲ့ တွက်ရင် နှစ်ပေါင်း ၁၀၀၀၀၀ ပါ။ အလှူတကာနှစ်ယောက် နတ်နှစ်ပါး တက်ဖြစ်နေပုံပေါ့ဗျာ။
အဲဒီအချိန်က ကျွန်တော်တို့ ဘုရားရှင် သက်တော်ထင်ရှားရှိနေစဉ် ဆိုပါတော့။ ဘုရားရှင်ရဲ့ သာဝကများစွာထဲက ဂဝံပတိဆိုတဲ့ မထေရ်မြတ်ဟာ နတ်ပြည်တက်ပြီး နတ်တွေကို သင်ဘာကြောင့် နတ်ဖြစ်ရလဲလို့ တက်တက်မေးတတ်တဲ့ ရဟန်းမြတ်တစ်ပါးပါ။ သူက အဲလို တက်မေးပြီး ဘုရားရှင်ကို ဆင်းလျှောက်ပါတယ်။ ဘယ်နတ်ကတော့ဖြင့် ဘာကုသိုလ်ကြောင့် နတ်တက်ဖြစ်ရပါတယ်ဘုရားပေါ့။ အဲဒီအခါ ထိုထိုကုသိုလ်တို့သည် ထိုထိုသော အကျိုးကို ပေးလေသည်ဟု ကံအရာ၊ စေတနာအရာကို တရားဓမ္မတွေနဲ့ ဟောပြပြီး သတ္တဝါတွေကို ခြွေချွတ်တော်မူခဲ့တာပေါ့။ အဲလို တက်မေးတော့ ဒီဇာတ်ထဲက နတ်နှစ်ပါးနဲ့လည်း ဆုံခဲ့တာပေါ့။ ဆုံတော့ နတ်နှစ်ပါးထဲမှာ အောက်ကနတ်ကတော့ အပေါ် တက်လို့ မရပေမယ့် အထက်က နတ်ကတော့ အောက်ကို ဆင်းလို့ ရပါတယ်။ ပြီးတော့ သူက နတ်ဖြစ်ပြီးနောက်ပိုင်း ဘာကြောင့် ငါနတ်တက်ဖြစ်ရလဲလို့ ဆင်ခြင်ကြည့်ပြီးသား။ ကြည့်လိုက်တော့ သူရဲ့ သူဌေးဘယ်ရောက်နေလဲ သိပြီးသား။ သိပြီးလို့ သွားရောက်ပြီး မိတ်ဆက်ပြီးသား စတဲ့ အနေအထားမှာ ဖြစ်နေပါတယ်။ ရဟန်းမေးတော့ သူတို့နှစ်ပါးက အကျိုးအကြောင်း အဆိုးအကောင်းတွေနဲ့ သူတို့ရဲ့ လူ့ဘဝက လုပ်ရပ်တွေကို လျှောက်ထားကြပါတယ်။
နတ်တွေက သူတို့ ဖြစ်အင်ကို လျှောက်ထားပြီး စကားတွေ ဘာတွေပါးကြပေါ့။ အဲဒီ ပါးလိုက်တဲ့ စကားကို ဂဝံပတိ မထေရ်ကလည်း မှတ်သားပြီး ပြန်လည်လျှောက်ထားခဲ့ပါတယ်။ ကုသိုလ်လုပ်ရာ၌ ရော့ငွေ ရော့ပိုက်ဆံ လုပ်လို့ခိုင်းတာထက် မိမိကိုယ်တိုင်ကိုယ်ကျ သဟတ္တိကဒါန မြောက်အောင် လှူသင့်ကြောင်း။ မိမိကိုယ်တိုင် မလှူနိုင်ခဲ့သော်လည်း သူတပါးတို့ အလှူကိစ္စတို့၌ မိမိကိုယ်တိုင်လှူဒါန်းသကဲ့သို့ စေတနာထား၍ အလှူခံစိတ်ချမ်းသာအောင်၊ အလှူရှင် စိတ်ချမ်းသာအောင် ပြုလုပ်သင့်ကြောင်း တစ်ဦးတစ်ယောက် စိတ်ငြိုငြင်မှု မရှိအောင် စိတ်မပင်ပန်းအောင် ပြုလုပ်ပေးသင့်ကြောင်း ပြန်လည်လျှောက်ထားခဲ့ပါတယ်။ ကဲ ဝေယျာဝစ္စရဲ့ အကျိုးဆက်ကို သိပြီနော်။ ကိုယ်တိုင်မထည့်ဝင် မလှူဒါန်းနိုင်ပေမယ့်လည်း ဝေယျာဝစ္စကို သန့်ရှင်းတဲ့ စေတနာနဲ့ လုပ်ရုံလေးနဲ့ ကုသိုလ်တွေ အများကြီးရပါတယ်။ ဒီတော့ ကျွန်တော်တို့ မပျင်းမရိနဲ့ ဝေယျာဝစ္စမှန်သမျှကို တတ်အားသမျှ လုပ်ကိုင်ကြစို့။
ဆက်ရေးပါဦးမယ်ခင်ဗျ။
Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?
Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?
Your point of view caught my eye and was very interesting. Thanks. I have a question for you.