ကျွန်တော်တို့ လောဘတွေ ဖြစ်ကြတယ်။ ဒေါသတွေ ဖြစ်ကြတယ်။ မောဟတွေ ဖြစ်ကြတယ်။ ဘာကြောင့်ဖြစ်ကြရသလဲ။ အာရုံကြောင့်ပေါ့ခင်ဗျာ။ ခံစားတတ်တဲ့ အာရုံကြောင့်။ ပဋ္ဌာန်းလို ပြောလိုက်ရင် အာရမ္မဏပစ္စယောပေါ့။ ကျွန်တော်တို့ ကြည့်တယ်။ မြင်တယ်။ ဒီကိစ္စက လွယ်လွယ်လေးပါပဲ။ မြင်စရာအာရုံရှိလို့ ကျွန်တော်တို့ မြင်ကြရတယ်။ ဒီမှာ သတိမထားမိလိုက်တာက အဲဒီ မြင်စရာကနေ ကျွန်တော်တို့ လောဘ၊ ဒေါသ၊ မောဟတွေ ဖြစ်လာခဲ့ကြတယ်ဆိုတာပါပဲ။ မြင်ချင်တဲ့ကိစ္စမှာ ဘယ်လောက်အထိ ဆိုးဝါးသလဲဆိုရင် ကိုယ့်ကို သတ်မဲ့လူလာနေရင်တောင် ကြည့်လိုက်ရမှ ကျေနပ်တယ်။ သတ်မယ့်လူကို ကြည့်လိုက်မိပြီဆိုတော့ ကြောက်ရွံ့စိတ် (ဒေါသ) ဖြစ်ပြီပေါ့ဗျာ။ ဒီမြင်ချင်တဲ့ ကိစ္စနော်။ အာရုံတွေကိုယ့်ကို ဖမ်းစားနေပုံက ကိုယ့်ကို သတ်မယ့်လူကိုတောင် ကြည့်ချင်သေးတာ။ ကိုယ်ချစ်တဲ့လူများဆိုရင်တော့ “တစ်နေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်” ပေါ့ဗျာ။ ခုခေတ် ခုကာလကလည်း ကာမဘုံဆိုတဲ့အတိုင်း လိုချင်စရာတွေ ပေါလိုက်တာ။ ကား။ ဖုန်း။ တိုက်တာတွေကို လိုချင်စရာကောင်းလိုက်သမှ လိုချင် လိုချင်လို့ကို မြည်နေတာ။ ဒီလိုချင်စရာတွေက ဘယ်က ဖြစ်လာသလဲဆိုတော့ မြင်တဲ့အဖြစ်အပျက်ကနေ စလာတာ။ မြင်တော့ လိုချင်ပြီ။ လိုချင်တော့ လောဘဖြစ်ရပြီ။ မရတော့ ဒေါသဖြစ်ပြီ။ ကိုယ်နဲ့ ထိုက်မှန်း မထိုက်မှန်းမသိလေတော့ မောဟဖြစ်ပြီဗျာ။ မြင်လို့ လောဘဖြစ်တယ်လို့ ဒေါသဖြစ်တယ်လို့ မောဟဖြစ်တယ်လို့ ကျွန်တော်တို့ ရိုးတိုးရိပ်တိတ်ပဲ သိခဲ့ကြတယ်။ တကယ်တော့ မြင်လို့သာ ဒါတွေ ဖြစ်နေတာပါ။ အာရုံကထောက်ပံ့လို့ အာရုံက ကျေးဇူးပြုလို့ဖြစ်ရတာကို ဘုရားရှင်ဟောထုတ်ပြခဲ့တာက အာရမ္မဏပစ္စယော တဲ့။ အကြားအာရုံလည်း ဘာထူးလဲ။ “လူလွန်မသား” လို့ ကျွန်တော်တို့ တစ်ယောက်ရဲ့ အဆဲကို ခံလိုရပြီဆိုပါစို့။ ကျွန်တော်တို့က ဘာလဲဆိုတော့ ကိုယ့်ဒေါသခိုင်မာသွားဖို့ ပြန်နားထောင်လိုက်ချင်သေးတယ်။ “ဟေ့ကောင် ပြန်ပြောစမ်း” တဲ့။ တစ်ယောက်ယောက်က ”နံလိုက်တာကွာ” ကိုယ်က ရှုကြည့်ချင်သေးတာ။ အရသာကလည်း ပေါ့ပျက်ပျက်နဲ့ကွာဆိုရင် “ပြစမ်း ပြစမ်း မြည်းကြည့်မယ်” တဲ့။ ကြမ်းလိုက်တာဆိုတဲ့အထိအတွေ့ကိုလည်း ကိုင်ကြည့်ချင်တာပဲ။ ၀မ်းနည်းစရာ တွေးစရာ ဆွေးစရာဆိုရင်လည်း ကျွန်တော်တို့က ခံစားလိုက်ချင်တာပါပဲ။ နောက်ဆုံးတော့ အဲဒီ အာရုံခြောက်ပါးကြောင့် ကျွန်တော်တို့ လောဘ ဒေါသ မောဟတွေဖြစ်ရတာပေါ့ဗျာ။ ဒီလို ဆိုးဝါးတဲ့ အာရုံတွေကိုတောင် ခံစားချင်သေးတာ၊ ချစ်သူရဲ့ အသံလေး၊ ချစ်သူရဲ့ ကိုယ်သင်းရနံ့လေး၊ ချစ်သူက ခွံ့ကျွေးတဲ့ မုန့်လေး၊ ချစ်သူရဲ့ လက်ကလေး၊ ချစ်နေခွင့်လေးဆိုတဲ့အာရုံတွေကိုတော့ ဘာပြောကောင်းမတုန်း “နဖူးကနေ ခြေဖျားထိအောင် ချစ်တယ်” ဖြစ်ရောဗျာ။ အဲဒါတွေကနေ လောဘဖြစ်လာ၊ ဒေါသဖြစ်လာ၊ မောဟတွေ ဖြစ်လာရတော့တာပါပဲဗျာ။ မြန်မာစကားပုံရှိတယ်။ ခုတော့ လူငယ်တွေနောက်ပြောင်တာနဲ့ ပျက်လုလုဖြစ်နေတဲ့စကားလေး “မကြည့်တတ်ရင် တဏှာ၊ ကြည့်တတ်ရင် ဘာဝနာ” ဆိုတာလေ။ အဲလိုပါပဲ အာရုံတွေကို လက်ခံတတ်ရင်တော့ ဘာဝနာဖြစ်တယ်။ အဲဒါဆိုရင်တော့ အလောဘ၊ အဒေါသ၊ အမောဟဖြစ်တယ်ပေါ့။ ငါ သူတပါး ယောကျာ်း မိန်းမတွေပါ မကဘူး။ အသက်ရှိတဲ့ ပုဂ္ဂိုလ်သတ္တ၀ါအားလုံး ဒီ ဟေတုပစ္စယော၊ အာရမ္မဏပစ္စယောနဲ့ပဲ အချိန်တွေ ကုန်ဆုံးနေလိုက်ကြတာ သံသရာရှည်တဲ့အထိပေါ့ဗျာ။ နောက်တစ်ချက် ကျန်နေတယ်ဗျ။ ကျွန်တော်တို့ ကုသိုလ်ကောင်းမှု တစ်ခုပြုလုပ်တယ်။ အဲဒီကောင်းမှုကို ပြန်တွေးမိတယ်။ “ကောင်းလိုက်တာ၊ ငါလှူလိုက်ရတယ်” လို့ ၀မ်းသာကြည်နူးရင် ကိုယ်ပြုတဲ့ကုသိုလ်ကို အာရုံပြုပြီး ကုသိုလ်ပြန်ရတာ၊ “အဲတုန်းက ကုန်လိုက်တာ သောက်သောက်လဲ၊ အလှူခံက ဘယ်လို၊ ဘယ်သူက ဘာယူသွားသေးတာ၊ စိတ်ကိုကုန်ရော” လု
ိ့ စိတ်မချမ်းမမြေ့ ဖြစ်ရင် ကိုယ်ပြုတဲ့ကိုသိုလ်ကို အာရုံပြုပြီး အကုသိုလ်ပြန်ရတာမျိုးရှိပါတယ်။ ကုသိုလ်ကြောင့် ကုသိုလ်နှင့် အကုသိုလ် အာရုံတွေ ပြန်ဖြစ်တာပေါ့ဗျာ။ နောက် အကုသိုလ်ကြောင့်လည်း ကုသိုလ်ပြန်ဖြစ်နိုင်သေးသဗျ။ “ဟိုတုန်းက ငါ ဆဲရေး တိုင်းထွာခဲ့တယ်။ သတ်ဖြတ်ခိုးယူခဲ့တယ်” ဒါမကောင်းတဲ့အလုပ်ပဲ ငါမလုပ်တော့ဘူးလို့ အရင်က အကုသိုလ်ကို ပြန်အာရုံပြုပြီး ကုသိုလ်ရတာ။ “ကောင်းတယ်၊ ငါပြောလိုက်လို့ အဲကောင်ကျောကို ကော့ရော” စသဖြင့် ပြုခဲ့ဖူးတဲ့ အကုသိုလ်ကို ပြန်အာရုံပြုပြီး ၀မ်းသာရင် အကုသိုလ်ပြန်ဖြစ်တာမျိုးလည်း ရှိပါတယ်။ (နောက် ဥပနိဿယပစ္စယောမှာ အကျယ်ဆက်ရှင်းမယ်၊ နည်းနည်း ဆက်စပ်နေလို့ ပြောပြခဲ့တာ၊ ပြုခဲ့တဲ့ ကုသိုလ်နှင့် အကုသိုလ်ကြောင့် ကုသိုလ်နဲ့ အကုသိုလ်ပြန်ဖြစ်တယ်ဆိုပေမယ့် အာရုံက သိပ်ပြီး မကြီးကျယ် မခမ်းနားပါဘူး) ဒါတွေက အာရုံကို အကြောင်းပြုပြီး ဖြစ်ရလေတော့ အာရမ္မဏပစ္စယောလို့ ကျွန်တော်တို့ ဘုရားရှင်က ဟောပြတော်မူခဲ့တာပေါ့ဗျာ။ ကျန်သေးတယ်ခင်ဗျ။ ဘာလေးဖြစ်ခဲ့တာ။ ဘယ်လိုလေးဖြစ်ရင် ကောင်းမယ် စတဲ့ စိတ်ကူးတွေဟာလည်း အာရုံတွေပါပဲ။ ဟုတ်ပါပြီတဲ့။ အာရုံတွေကို မခံစားပါနဲ့လို့ ပြောနေတယ်။ မခံစားလို့မှ မရတာ။ ဘယ်လို နေရမလဲဆိုရင် ဒိဋ္ဌေ ဒိဋ္ဌ မတ္တံ ဆိုတဲ့ စကားလည်း ရှိသားပဲဗျာ။ ရွှေဥဒေါင်းတောင်မှ စာအုပ် ရေးထားတာရှိသေးတယ်လေ။ မြင်ရင် မြင်တယ်လို့ သဘောထားတဲ့။ ကြားရင်လည်း ကြာတယ်လောက်ပဲ သဘောထားလိုက်ပေါ့ဗျာ။ ဒါဆိုရပြီ။
Your point of view caught my eye and was very interesting. Thanks. I have a question for you.