ကျွန်တော်တို့ မြန်မာသူငယ်ချင်းများနေ့ ဝက်ဆိုက်အဖွဲ့ဝင်များမှ တက်ကြွစွာ အလှူရေစက် လက်နဲ့မကွာ ပြုလုပ်လာခဲ့သည်မှာ ယခုဆိုလျှင် ငါးကြိမ်မြောက် ရောက်လာပြီ ဖြစ်သည်။ ယခုတစ်ကြိမ်လှူဒါန်းခြင်း ပြုလုပ်မည့် အစီအစဉ်မှာ နဂိုရ် မြန်မာသူငယ်ချင်းများနေ့ကို မြန်မာသူငယ်ချင်းများကြား အမှတ်ထင်ထင် ကျန်ရှိရေး၊ မြန်မာတို့တွင် မြန်မာ့သူငယ်ချင်းများနေ့ ရှိလေသည် ဟူသောအရေးနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တည်ထောင်သည့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့အစည်း၊ မိဘမဲ့ကလေးငယ်များ ပြုစုစောင့်ရှောက်သည့်အဖွဲ့အစည်းများနှင့် အခြား လူမှုအကျိုးဆောင် အဖွဲ့အစည်းများသို့ တတ်စွမ်းသမျှ ထောက်ပံ့လှူဒါန်းမည့် အစီအစဉ်များကို လက်တွေ့အကောင်အထည်ဖော်ခြင်း ဖြစ်ပါသည်။
(၂၀၁၀) ခုနှစ်၊ နိုဝင်ဘာလ၊ (၃၀) ရက် အင်္ဂါနေ့တွင် ကျွန်တော်တို့ အက်ဒမင်အဖွဲ့များမှ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ လိမ်ပင်ကျေးရွာရှိ ရွှေဘုံသာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ သွားရောက် လေ့လာခဲ့ပါသည်။ (၁၉၉၆) ခုနှစ်တွင် မူလတန်းအဆင့်ဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။ (၂၀၀၀) တွင် အလယ်တန်းအဆင့် အထိ တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့သည်။ တည်ထောင်ဖွင့်လှစ်သော ဆရာတော်မှာ ယခု သက်တော် (၆၉) နှစ်ရှိပြီဖြစ်သော တိုင်းသံဃာ့အကျိုးတော်ဆောင်အဖွဲ့ဝင်အဖြစ်မှ ယမန်နှစ်က အနားယူခဲ့သည့် ဆရာတော်ဦးပညိန္ဒဖြစ်ပါသည်။ ဆရာတော်မှာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် လူတစ်စု သို့မဟုတ် အဖွဲ့အစည်းတစ်ခုခု စသည်ကို အားကိုးအားထားရှိ၍ ဖွင့်လှစ်ခြင်း မဟုတ်ဘဲ ကိုယ်ထူကိုယ်ထစံနစ်ဖြင့် ဘေးအနီးအနားရှိ ရွာပေါင်း (၁၀)မှ ကလေးငယ်များ လူမမယ်များ ပညာမသင်နိုင်ကြဘဲ တီတူးခြင်း၊ ငါးမျှားခြင်း၊ နွားကျောင်းခြင်း စသည်တို့ကို နေ့စဉ်တွေ့မြင်နေရသဖြင့် စိတ်မချမ်းမမြေ့ဖြစ်ကာ တတ်နိုင်သလောက် သဘောဖြင့် ကျောင်းတွင်း စာခေါ်သင်ခဲ့ရာမှ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအဖြစ် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ထို (၁၉၉၆) ခုနှစ်မှ စ၍ ဖွင့်လှစ်လာခဲ့ရာ ယခုဆိုလျှင် ကျောင်းသားပေါင်း (၅၅၀) ခန့်ထိ တက်ရောက်သော အဆင့်ထိ ရောက်ခဲ့ပြီ ဖြစ်သည်။ စာလာသင်ပေးသော ဆရာဆရာမများမှာလည်း စေတနာဝန်ထမ်းကသာ များခဲ့သည်။ ယခုမှာ ကျောင်းသားဦးရေ အရ မဖြစ်မနေ ခေါ်ထားသော ပတ်ဝန်းကျင်ရွာရှိ (၁၀) တန်းအောင်ပြီးသော ကျောင်းသူများ၊ တက္ကသိုလ်သို့ ပထမနှစ်၊ ဒုတိယနှစ် စသည်တက်ရောက် နေသော ကျောင်းသူများကို တစ်လလျှင် လစာအဖြစ် တစ်လကို ၂၀၀၀၀ိ (နှစ်သောင်း) ကျပ်ပေး၍ သင်စေခဲ့သည်။ ထိုအတောအတွင်း အနီးရှိ ပညာရေးတက္ကသိုလ်နှင့် သမဝါယမကောလိပ်မှ ဆရာ၊ ဆရာမများက စေတနာဖြင့် ကျောင်းသား၊ ကျောင်းသူများကို အချိန်ပို လာရောက် သင်ကြားပေးလျှက် ရှိသည်။
ဆရာတော် မိန့်ကြားခဲ့သော အချို့သော ပညာဆက်လက် မသင်ကြားနိုင်သည့် ကလေးငယ်များအကြောင်းကိုလည်း ကြားသိခဲ့ရပါသည်။ “အေးကွာ၊ ဒီနှစ်စမှာပဲ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို ပြောပြမယ်၊ ခုနှစ်တန်း ကျောင်းသူလေးတစ်ယောက်က လာလျှောက်တယ်၊ သူအခု ‘ကျောင်းအုပ်’ ဖြစ်နေပြီတဲ့။ ဒါနဲ့ ဘယ်လိုလဲ မေးကြည့်တော့ သူ အခု နွားပြန်ကျောင်းရတော့မယ်၊ နွားကို အုပ်ရတော့မှာ မို့လို့ ကျောင်းအုပ်လို့ ပြောတာ တဲ့ကွာ၊ သူထွက်သွားတော့ ငါလည်း မျက်ရည်ကျတယ်၊ သူလည်းမျက်ရည်ကျတယ်၊ သူ့မိဘလည်း မျက်ရည်ကျတယ်၊ ဒါပေမယ့် ငါ့မှာ ငွေကြေးမတတ်နိုင်ဘူးကွာ” ဟု ဆရာတော်က အခြားအခြားသော ပညာမသင်ကြားနိုင်၍ သူလည်း မတတ်နိုင်သည့်အကြောင်းများကို ပြောပြခဲ့ပါသည်။
ထိုကျောင်းသို့ ကျွန်တော်တို့ အဖွဲ့မှ ဒီဇင်ဘာ (၁၄) ရက်နေ့တွင် ပြုလုပ်လိုသော်လည်း ရုံးအားရက်နှင့် မတိုက်ဆိုင်သဖြင့် ဒီဇင်ဘာ (၁၉) ရက်၊ တနင်္ဂနွေနေ့တွင် သွားရောက်၍ တတ်စွမ်းသမျှ လှူဒါန်းမည် ဖြစ်ပါသဖြင့် မည်သူမဆို စေတနာ တတ်အားသမျှ ထည့်ဝင်လှူဒါန်းနိုင်ပါသည်။
လှူဒါန်းမည့် အစီအစဉ်မှာ
ကျောင်းသို့ ပညာရေးဒါနအဖြစ် လာရောက်သင်ကြားပေးသော ဆရာ၊ ဆရာမ(၁၆) ဦးအား တစ်ဦးလျှင် (၂၀၀၀၀) ကျပ်ဖြင့် တစ်လစာ လှူဒါန်းမည်။ (ထို့အတွက် ဆရာမတစ်ဦးအတွက် သီးသန့် လှူဒါန်းလိုပါကလည်း လှူဒါန်းနိုင်ပါသည်။)
ကျောင်းသား၊ ကျောင်းသူများကို လိုအပ်သော စာအုပ်နှင့် ခဲတံ သို့မဟုတ် ဘောလ်ပင်များ လှူဒါန်းမည်။ (အဝတ်အစားများနှင့် အခြားအသုံးအဆောင်များကိုလည်း လှူဒါန်းနိုင်ပါသည်။)
ကျောင်းသား၊ ကျောင်းသူများအား တစ်နေ့စာ အာဟာရတစ်ခုခု ကျွေးမွေးမည်။ (အတတ်နိုင်ဆုံး ထမင်းနှင့် ဟင်းနှစ်မျိုးဖြင့် ကျွေးမွေးပါမည်၊ ဆန် ငါးတင်းကုန်ကျမည် ဖြစ်ပါသဖြင့် ဆန်ကိုသတ်သတ် လှူဒါန်းလိုက လှူဒါန်းနိုင်ပါသည်။ မတတ်နိုင်ခဲ့ပါက ကြာဇံဟင်းခါးဖြင့် ကျွေးမွေးသွားမည်)
ထိုသို့ကျွေးမွေးပြီးနောက် အသိပညာပေး ဟောပြောပွဲငယ်တစ်ခု ပြုလုပ်မည်။ ၎င်းနောက် ဆရာတော်ကို ကန်တော့၍ နောင်နှစ် အထက်တန်းကျောင်းသို့ ဆက်လက်သင်ယူမည့် ချို့တဲ့ ကျောင်းသားစာရင်းကို တောင်းယူပြီး ကျောင်းဖွင့်သည်နှင့် တတ်စွမ်းသလောက် ထောက်ပံ့သွားပါမည်။
………………………………………..
ဆက်သွယ်လှူဒါန်းနိုင်သည့်နေရာ
ကိုစိုးဝင်းအောင်
မန်းရွှေလီ ကုမ္ပဏီ
၁၈၀/၁၈၂ ၊ ၄လွှာ ၊ ဗိုလ်တထောင်ဘုရားလမ်းအလယ်၊ရန်ကုန်မြို့
Feeling စားသောက်ဆိုင်အပေါ်ထပ်။ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့
TEL. ၀၁-၂၉၃၁၆၃၊ ၀၁-၃၉၇၂၂၉
တနင်္လာ မှ သောင်္ကြာနေ (မနက် ၁၀နာရီကနေ ညနေ ၅နာရီ ) ရုံးချိန်အတွင်း
စနေနေ့ နေ့တစ်ဝက်
အိမ်ဖုန်း နံပါတ် …………၀၁ ၆၁၀၉၂၄
မန်းရွှေလီ ကုမ္ပဏီ
၁၈၀/၁၈၂ ၊ ၄လွှာ ၊ ဗိုလ်တထောင်ဘုရားလမ်းအလယ်၊ရန်ကုန်မြို့
Feeling စားသောက်ဆိုင်အပေါ်ထပ်။ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့
TEL. ၀၁-၂၉၃၁၆၃၊ ၀၁-၃၉၇၂၂၉
တနင်္လာ မှ သောင်္ကြာနေ (မနက် ၁၀နာရီကနေ ညနေ ၅နာရီ ) ရုံးချိန်အတွင်း
စနေနေ့ နေ့တစ်ဝက်
အိမ်ဖုန်း နံပါတ် …………၀၁ ၆၁၀၉၂၄
………………………………………………………………………………………………………………………………………………
ကိုဦး
([email protected])
Horton VCD အငှါးဆိုင်
စိတ္တသုခဓမ္မာရုံအနီး၊ မဟာမြိုင်အပိုင်း (၄)
မဟာအောင်မြေမြို့နယ်၊ မန္တလေး
([email protected])
Horton VCD အငှါးဆိုင်
စိတ္တသုခဓမ္မာရုံအနီး၊ မဟာမြိုင်အပိုင်း (၄)
မဟာအောင်မြေမြို့နယ်၊ မန္တလေး
Your article helped me a lot, is there any more related content? Thanks!
Thanks for sharing. I read many of your blog posts, cool, your blog is very good. https://www.binance.info/en/register?ref=JHQQKNKN
Thanks for sharing. I read many of your blog posts, cool, your blog is very good. https://www.binance.info/it/join?ref=S5H7X3LP