ကြီးမားထင်ရှားတဲ့ အရာဝတ္ထုတွေမှာ ဖြစ်ဖြစ် အလွန့်အလွန် သေးငယ်ပြီး မြင်နိုင်ဖို့ခက်တဲ့ အရာဝတ္ထုတွေမှာဖြစ်ဖြစ် ဘယ်အရာဝတ္ထုတွေမှာ မဆို သူ့စွမ်းအင်နဲ့ သူရှိကြသလိုပါပဲ သီလမှာလည်း သူ့စွမ်းအင်နဲ့ သူရှိပါတယ်။ ထိတွေ့ကိုင်တွယ် မြင်နိုင်တဲ့ အရာဝတ္ထုမှာရှိတဲ့ စွမ်းအင်တွေမှာ ဘေးထွက်ဆိုးကျိုးတွေ ဘာတွေ ရှိနိုင်ပေမယ့် သီလမှာတော့ သူ့စွမ်းအင်ဟာ အပြည့်အဝ အကျိုးရရှိပြီး ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါဘူး။
ဒီတော့ ကာမဘုံသားတွေကျင့်ကြံလို့ ကာမာဝစရကုသိုလ်သီလလို့ခေါ်တဲ့ တစ်ပါးသီလ၊ နှစ်ပါးသီလ၊ သုံးပါးသီလ၊ လေးပါးသီလ၊ ငါးပါးသီလ၊ ခြောက်ပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလ၊ ဆယ်ပါးသီလကိုဆောက်တည်မယ်ဆိုရင် ဒီဂုဏ်သတ္တိ (စွမ်းအင်) တွေ ရရှိမှာ ဖြစ်ပါတယ်။
၁။ အဓိသီလသိက္ခာဂုဏ်——– မဂ်ဖိုလ်နိဗ္ဗာန်ကို ရောက်ဖို့ အဆင့်ရှိတယ်။ ဆိုလိုတာက သုဂတိဘုံရောက်ရုံ၊ နတ်ဖြစ်ရုံ၊ ဗြဟ္မာဖြစ်ရုံ အဆင့်လေးမဟုတ်ဘဲ ဒီလို သီလထက် မြင့်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကို ရစေနိုင်တဲ့ စွမ်းအင်ရှိတယ်လို့ ဆိုလိုပါတယ်။
၂။ အာဒိကလျာဏဂုဏ် ———- ဈာန်၊ မဂ်၊ ဖိုလ် ရဖို့ ပဋိပတ်လုပ်ငန်းတွေမှာ အစပထမဦးစွာ စောင့်ထိန်းအပ်တဲ့ ဂုဏ်သတ္တိ ရှိပါတယ်။ ဆိုလိုတာက မဂ်ဖိုလ် နိဗ္ဗာန် ရအောင် ကျင့်တော့မယ် တရားထိုင်တော့မယ် စသဖြင့် လုပ်ရင် ဒီသီလကိုပဲ အရင်ဦးဆုံး ဆောက်တည်ရတယ်လို့ ဆိုလိုပါတယ်။
၃။ တေဝိဇ္ဇုပနိဿယဂုဏ် ——— ပု ဒိ အာ (ပုဗ္ဗေနိဝါသနုဿတိဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ အာသဝက္ခဝဉာဏ်) ဆိုတဲ့ ဉာဏ်ကို ရဖို့အတွက် အားကြီးသော အကြောင်းဖြစ်တဲ့ သတ္တိ အစွမ်းရှိတယ်။
၎။ ကာမသုခလ္လိကာနုယောဂ အန္တဝဇ္ဇနဂုဏ် ———- ကာမဂုဏ်၊ ချမ်းသာမှု၊ ကပ်ညှိစွဲလန်းမှု၊ အားထုတ်မှု၊ အစွန်းရောက်မှု၊ ရှောင်ကြဉ်မှု စတာတွေကို အားထုတ်ခြင်းမှ သွေဖယ်သွားတဲ့ သတ္တိအစွမ်းရှိတယ်။ ကာမဂုဏ်ဆိုတာကတော့ ရှင်းပါတယ်။ ချမ်းသာမှုဆိုတာက တစ်ခုခုကို ခံစားရတဲ့ ချမ်းသာမှုကို ဆိုလိုပါတယ်။ လူနေမှုနဲ့ မဆိုင်ပါဘူး။ ဘယ်လောက်ချို့တဲ့ချို့တဲ့ အစားအစာ စားရတဲ့အခါ ကောင်းလိုက်တာ၊ အိပ်ရတာ ကောင်းလိုက်တာ စတဲ့ ချမ်းသာမှုကို ဆိုလိုပါတယ်။ ကပ်ညှိစွဲလန်းမှု ဆိုတာက မျက်နှာကို တစိမ့်စိမ့်စိုက်ကြည့်တာမျိုး၊ လိုချင်တာကို တစိုက်မတ်မတ် စွဲလန်းနေတာမျိုး၊ ပစ္စည်းတစ်ခု လိုချင်လာပြီ ဆိုပါစို့။ စားလည်း ဒီစိတ် သွားလည်းဒီစိတ် ဖြစ်နေတာမျိုးကို ခေါ်ပါတယ်။ အားထုတ်မှုဆိုတာက အဲဒါတွေကို မရရအောင် ကြိုးစားတဲ့အတွက်ပါ။ အစွန်းရောက်မှု ဆိုတာက အမှားအမှန်ကို မခွဲခြားနိုင်တော့တာ။ ရှောင်ကြဉ်မှုဆိုတာက မဖြစ်နိုင်တဲ့ ကိစ္စတွေကို ရှောင်ကြဉ်လာတာ။ ကိုယ့်ကို တားမြစ်မယ့် အရာကို ရှောင်ကြဉ်လာတာကို ဆိုလိုပါတယ်။
၅။ အပါယသမတိက္ကမနုပါယဂုဏ် ———– ချမ်းသာခြင်း စိုးစိမှ မရှိတဲ့ အပါယ်ကနေ လွတ်မြောက်နိုင်ကြောင်း စွမ်းအင်ရှိတယ်။
၆။ တဒင်္ဂပ္ပဟာနဂုဏ်———– ခဏခေတ္တအားဖြင့် ကိလေသာကို ပယ်နိုင်သော အစွမ်းသတ္တိရှိပါတယ်။ သီလဆောက်တည်နေစဉ်မှာဗျာ လောဘလည်းမရှိသလို၊ ဒေါသလည်းမရှိတော့သလို ဖြစ်သွားတာဟာ တဒင်္ဂပဟာန-တစ်ခဏလေး လွတ်ကင်းသွားခြင်း လို့ခေါ်ပါတယ်။ အဲလို ဂုဏ်လေးရှိတယ်ဗျ။ ကိုယ်က မကောင်းမှု တစ်ခုခု လုပ်တော့မယ်။ အဲဒီအချိန်မှာ ကိုယ့်ရှေ့က နိဗ္ဗာန်ယာဉ်ဖြတ်သွားတယ်။ ကိုယ့်စိတ်ထဲကနေ အော် ငါလည်း တစ်နေ့ သေရမှာပါလား လို့တွေးမိတယ်။ မကောင်းမှုကို ငါဘာကြောင့်လုပ်နေရမှာလဲ၊ သေမယ့်အတူတူ နောင်ဘဝမှာ ကောင်းကောင်းနေရအောင် ကောင်းတဲ့ ဘဝရောက်အောင် ရှောင်မယ်လို့ ဖျတ်ခနဲ တွေးလိုက်မိပြီး မလုပ်တော့တာဟာ တဒင်္ဂပဟာန်အားဖြင့် ရလိုက်တဲ့ ကုသိုလ်ဖြစ်ပါတယ်။ သီလကလည်း အဲလိုပါပဲ။ ဆောက်တည်ဆဲ၊ ဆောက်တည်လတံ့၊ ဆောက်တည်ပြီးမှာ လောဘ၊ ဒေါသကင်းတဲ့ စိတ်ကလေး ဖြစ်ပေါ်နိုင်စွမ်းတဲ့ ဂုဏ်သတ္တိရှိတယ်။
၇။ ဝီတက္ကမ ပဋိပက္ခဂုဏ် ———— ကာယကံ၊ ဝစီကံနှင့် မကျူးလွန်တော့တဲ့ အစွမ်းရှိတယ်။ သတ်မယ်ဗျာ။ ခိုးမယ်ဗျာ။ သူတပါးသားမယားကို စော်ကားမယ်ဗျာ။ အရက်သောက်မယ်၊ ဘိန်းရှုမယ်ဗျာ။ (အရက်သောက်၊ ဘိန်းရှုစတာတွေက ကိုယ်နဲ့ ထိတွေ့ပြီး လုပ်ရတဲ့ အမှုမို့လို့ ကာမေသုထဲ ထည့်ပါတယ်၊ ဒီတော့ အရက်သောက်တာ ကံသုံးပါးထဲက ကာယကံပါ။) အဲဒီအမှုတွေဟာ ကာယကံဆိုတော့ မကျူးလွန်ဖြစ်တော့ဘူး။ မုသာဝါဒ၊ သမ္ပပ္ဖလာပ၊ ဖရုသ၊ ပိသုဏတို့ကို သီလထဲထည့်တဲ့ ရှစ်ပါးသီလတစ်မျိုးရှိပါသေးတယ်။ အဲဒီ ရှစ်ပါးသီလအရ မလိမ်တော့ဘူး၊ ဘယ်သူက ဘယ်ဝါက ဘယ်လို ဘယ်ဝါ ဘယ်ညာ ဘယ်ကဲ့သို့ စပြီး အတင်းမတုတ်တော့ဘူး၊ ခွေးမသား သာသနာဖျက် စသဖြင့် ကြမ်းတမ်းတဲ့ စကားကို မပြောဖြစ်ဘူးဗျာ၊ ဘယ်သင်းက ဘယ်လိုတဲ့ အဲဒါ မင်းကို ပြောနေတယ်၊ ဘယ်သူကတော့ဖြင့် မင်းကို ဘာတဲ့ နော်စသဖြင့် ကုန်းမတိုက်တော့ဘူး။ ဒီတော့ ဝစီကံကို မကျူးလွန်ဖြစ်တော့မယ့် အစွမ်းရှိတယ်ပေါ့ဗျာ။
၈။ ဒုစ္စရိတ သံကိလေသ ဝိသောဓနဂုဏ်———– မကောင်းသော အကျင့်စရိုက်၊ မကောင်းသော အညစ်အကြေးကို သုဓ်သင်ပေးနိုင်တဲ့ သတ္တိရှိတယ်။
၉။ ကာယဝိဝေကဂုဏ် ————- ကိုယ်ရဲ့ ဆိတ်ငြိမ်ခြင်း အစွမ်းရှိတယ်။ ဒါကိုတော့ဖြင့် သီလကို လုံလုံခြုံခြုံဆောက်တည်ဖူး၊ အထူးသဖြင့် တရားတွေ ဘာတွေ ထိုင်ဖူးမှ သိတဲ့ အစွမ်းတမျိုးပါ။ သီလက စင်ကြယ်နေတော့ ကိုယ်ဟာလည်း ကြည်တောက်နေပါတယ်။ သွေးတွေလည်း သန့်နေပါတယ်။ စိတ်ကလည်း ရှင်းနေပါတယ်။ အဲဒီအချိန်မှာ ကိုယ်ဟာ အလွန့်အလွန် အေးချမ်းဆိတ်ငြိမ်နေပါတယ်။
၁၀။ အဒေါသ ကုသလမူဟဂုဏ် ————- အဒေါသ ခေါ် မေတ္တာတွေသာ ဖြစ်တည်ပြီး ကုသိုလ်တရားကိုသာ ပိုပို လုပ်ဖြစ်စေတဲ့ အစွမ်းရှိတယ်။
၁၁။ ဝိမောက္ခသုခဂုဏ် ————- ကိလေသာဝဋ်မှ လွတ်မြောက်ပြီး မဂ်ဖိုလ်ရကြောင်း အမှတ်အသားဆိုတဲ့ သတ္တိလည်း ရှိတယ်။
၁၂။ အနိမိတ္တ ဝိမောက္ခမုခဂုဏ် ———— အရာအားလုံးအပေါ် မြဲတယ်ဆိုတဲ့ အမှတ်သညာကို ပယ်ပြီး ရှုဆင်ခြင်နိုင်စွမ်းကြောင့် မဂ်ဖိုလ်ကို ရဖို့ အစွမ်းသတ္တိလည်း ရှိပါတယ်။
အနညာတညဿာမိတိန္ဒြိယဂုဏ်————– အစမထင် သံသရာကနေ မျောလာလိုက်တာ ဘယ်ဘဝမှာမှ တစ်ခါမှ မသိဖူး၊ မရဖူးခဲ့တဲ့ သစ္စာလေးပါးရဲ့ အစဆုံးမဂ်ဖြစ်တဲ့ သောတာပတ္တိမဂ်ကို ရကြောင်းပညာကို အလွယ်တကူရနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။
I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article.
Your point of view caught my eye and was very interesting. Thanks. I have a question for you. https://accounts.binance.info/en/register?ref=JHQQKNKN