သံ – အတူတူ ၊ ပ – ဖြစ်တယ်၊ ချုပ်တယ် သမ္ပယုတ္တပစ္စယော အတူတူ ဖြစ်တယ် ချုပ်တယ်တဲ့။ ဒေါသ ဖြစ်တယ်။ ဒေါသစိတ်နဲ့အတူတူ ဒေါသစေတသိက်တွေဖြစ်တယ်။
ဒေါသစိတ် ငြိမ်းသွားတယ်။ ဒေါသစေတသိက်လည်း ငြိမ်းသွားတယ်။ အဲလို အတူတူဖြစ်နေတာကို သမ္ပယုတ္တပစ္စယောလို့ ခေါ်ပါတယ်။ စာလိုရွတ်ပြရရင် သမ္ပယုတ္တပစ္စယော – နာမ်ခန္ဓာတရား လေးပါးတို့ဟာ သူငါမနှော ထင်ရှားသော သဘောဖြင့် ဖြစ်တတ်ခြင်းပေါ့ဗျာ။ အာရုံတစ်ခုနဲ့ တစ်ခုထိခိုက်မှုမှာ ထိတွေ့မှုဆိုတာ ပါဝင်သွားပါတယ်။ မြင်တ့အဲ ခါမှာ မြင်ခြင်းကြောင့် ဖြစ်တဲ့ ထိတွေ့မှု၊ ကြားတဲ့အခါမှာ ကြားခြင်းကြောင့် ဖြစ်တဲ့ စတဲ့ထိတွေ့မှုပေါ့ဗျာ။ အဲဒီ ထိတွေ့မှု ဖြစ်လာပြီဆိုရင် ခံစားမှုဖြစ်တယ်။ ခံစားမှုဖြစ်ရင် မှတ်သားမှုဖြစ်တယ်။ မှတ်သားမှုဖြစ်ရင် ယုံကြည်မှုဖြစ်တယ်။ ယုံကြည်မှုဖြစ်ရင် သတိရမှုတွေ ဖြစ်တယ်။ လူတစ်ယောက်ကို တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်သော်၎င်း မြင်တယ်။ အမြင် ထိတွေ့မှုဖြစ်တယ်။ လူတစ်ယောက်ကို သတင်းသော်၎င်း အမည်နာမသော်၎င်းကြားတယ်။ ချစ်ခြင်း၊ မုန်းခြင်းစတဲ့ ခံစားမှုဖြစ်တယ်။ မှတ်မိနေတယ်။ ဒီရုပ်၊ ဒီအသံစသဖြင့်။ ယုံကြည်မိတယ်။ သတိရတယ်။ ဒါပေမယ့် အဲဒီ ထိတွေ့မှုက စခဲ့တာတွေဟာ တချိန်တည်း တပြိုင်တည်း ဖြစ်ပါတယ်။ ညီတူညီမျှ သမပြီးတော့ကို ဖြစ်နေတယ်။ ဒါဟာ သမ္ပယုတ္တပစ္စယောပါပဲ။ ဟုတ်ပါပြီ။ အဲဒီတရားတွေပေါ့လေ။ မြင်မှုစတဲ့ ထိတွေ့မှု (မျက်လုံးထဲမှာ ရှိတဲ့ အကြည်လွှာလေးကို အပြင်က ရုပ်က လာထိမှ မြင်ခြင်းဆိုတာ ဖြစ်ပါတယ်။ ဒါဟာ ထိတွေ့မှုတစ်ခုဖြစ်ပါတယ်။ တော်ရုံ သတိမထားမိတဲ့ ထိတွေ့မှုပေါ့။) ကြောင့် ချစ်ခြင်းဖြစ်တယ်။ မုန်းခြင်းဖြစ်တယ်။ အဲဒီချစ်ခြင်း မုန်းခြင်းတွေ ဘယ်နားလေးလဲ။ ဦးနှောက်ထဲမှာလား။ ဦးနှောက်ထဲဆိုရင် အရစ်အရစ်ထဲက ဘယ်အရစ်မှာလဲ။ နှလုံးသားထဲမှာလား။ နှလုံးသားထဲမှာဆိုရင် ဘယ်အကန့်မှာလဲ။ သွေးအဟောင်းလက်ခံတဲ့ အခန်းကလား။ သွေးသန့်တဲ့အခန်းကလား။ သွေးလှဲလှယ်တဲ့ အခန်းကလား။ သွေးလွတ်တဲ့ အခန်းကလား။ မဟုတ်ရင်ကော ကျောမှာလား၊ ဗိုက်ထဲမှာလား။ တကယ်တော့ မြင်နိုင်တဲ့ အစွမ်းကို ထောက်ကူနေတဲ့ မျက်လုံးကနေ ဖြစ်ပေါ်လာတဲ့ ဒီစိတ်ခံစားမှုလေးဟာ နာမ်တရားပဲ။ အဲဒီ နာမ်တရားဟာ သူလား၊ ခင်ဗျားလား၊ သားလား၊ သမီးလား၊ အမေလား အဖေလား တစ်ခုမှ မဟုတ်ဘူး။ လုံးဝ ကွက်တိ ညီတယ်။ ငါ သူတပါး ယောကျာ်းမိန်းမ မဟုတ် နာမ်တရားတွေသက်သက်ပဲ။ သမ္ပယုတ္တပစ္စယော သူဖြစ်၊ ငါဖြစ်၊ သူချုပ် ငါချုပ် စတာတွေနဲ့
နာမ်တရားတွေပဲ ဖြစ်နေကြ ချုပ်နေကြတာ။ သမ္ပယုတ္တပစ္စယော က အဘိဓမ္မာပိုင်းတွေချည်းမို့ နားလည်ဖို့ တော်တော် ခက်ပါလိမ့်မယ်။ စိတ်တွေ စေတသိက်တွေ ဘယ်လို အတူတူဖြစ်တယ်ဆိုတာကို နားလည်ရင်တော့ ပြောရနည်းနည်းလွယ်မယ်။ ဒါပေမယ့် ထားပါ။ စေတနာတစ်ခု ဆိုပါစို့။ သူက စေတသိက်။ စေတနာတစ်ခုဖြစ်ရင် စေတနာဆိုးလား၊ စေတနာကောင်းလားပေါ့လေ။ စေတနာကောင်းပဲ ဆိုကြပါစို့။ စေတနာက စေတသိက်တရားဆိုရင် အဲဒီ စေတနာစေတသိက်ဆိုတာနဲ့ အတူ စိတ်တွေက တဝေမသိမ်းလိုက်ဖြစ်ကြတယ်ဗျ။ လိုက်ဖြစ် ပြီးနောက် စေတနာက မရှိတော့ဘူး ဆိုရင် စေတနာနဲ့ အတူဖြစ်နေတဲ့ စိတ်ကလည်း မရှိတော့ဘူး။ အဲဂလိုဗျာ။ ဥပမာလေး ပြရရင် ၁၂ မျိုး ဟင်းချိုနဲ့ ဥပမာ ပြရမယ်ထင်ပ။ ၁၂မျိုးပေါ့လေ။ ထည့်ချက်လိုက်တယ်။ တော်တော်လေး သမအောင် ကောင်းအောင် ချက်ပြီးနောက် ဟင်းရည်ကို ဟုတ်သောက်လိုက်တယ်။ ဒါက မုံညင်းအရသာ၊ ဒါက မုန်လာဥအရသာ၊ ဒါက ခရမ်းသီးအရသာ၊ ဒါက ရုန်းပတီအရသာ စသဖြင့် ခွဲခြား မသိနိုင်တော့သလိုမျိုး ရောဖြစ်ပါတယ်။ သမ္ပယုတ္တပစ္စယောဆိုတာ ဒါပါပဲ။ ဘုရားရှင်က အဲဒါကို တစ်ပါးစီ တစ်ပါးစီ ခွဲထုတ်ပြထားတော်မူတော့ စိတ်တွေ စေတသိက်တွေ ဆိုပြီးသိခဲ့ကြရတာပါ။ ပြီးတော့ ဘယ်လိုစိတ် ဘယ်လို စေတသိက်ဆိုပြီးတော့လည်း သိခဲ့ကြရတယ်လေ။ သမ္ပယုတ္တဆိုတာကတော့ အတူတကွ တွဲလျှက် ဖြစ်တတ်တဲ့ တရားပေါ့ဗျာ။
I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article.