ကမ္ဘာ့သူငယ်ချင်းများနေ့သည် မေလ ငါးရက်နေ့ဖြစ်ပါသည်။
မြန်မာသူငယ်ချင်းများနေ့သည် ဒီဇင်ဘာလ ဆယ့်လေးရက်နေ့ဖြစ်ပါသည်။
မြန်မာသူငယ်ချင်းများနေ့ဖြစ်ပေါ်လာပုံမှာ
၂၀၀၅ ခုနှစ်တွင် ဆရာကောင်းသန့်(ဦးခင်မောင်ကြွယ်)၏ စာတစ်စောင်ရှိပါသည်။ ယင်းစာတွင် ဒီဇင်ဘာ ဆယ့်လေးရက်နေ့ကို မြန်မာသူငယ်ချင်းများနေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။ မူလက မြန်မာသူငယ်ချင်းများနေ့ကို ဒီဇင်ဘာ ( ၄ ) ရက်နေ့အဖြစ် သတ်မှတ်ထားပါသည်။ သို့သော် ကျေနပ်မှုမရှိသေးပါသဖြင့် ဆရာစံဇာဏီဘိုထံသို့ သွားရောက်တိုင်ပင်ခဲ့ပါသည်။ ဆရာ စံဇာဏီဘိုမှ ( ၄ ) ရက်နေ့ သတ်မှတ်ရာတွင် ( ၄ ) ဂဏန်းသည် မကောင်းကြောင်း၊ ပိတ်မိနေကြောင်း၊ ပွင့်လင်းမှု မရှိကြောင်း၊ ရင်းနှီးမှု မရှိနိုင်ကြောင်းပြောပြီး နေ့ကောင်းရက်မြတ်ဖြစ်သော ဒီဇင်ဘာ ( ၁၄ ) ရက်ကသာ နက္ခတ်အရ ကောင်းကြောင်း၊ ရင်းနှီးမှုနိုင်ရှိကြောင်း၊ လူငယ်များနှင့် သင့်တော်မှုရှိ ကြောင်း အကြံပေးပြီး ဒီဇင်ဘာ ( ၁၄ )ရက်ကို မြန်မာသူငယ်ချင်းများနေ့ အဖြစ်သတ်မှတ်လိုက်သည်ဟူသောအကြောင်းများကိုပါ ထိုစာထဲ၌ ရေးသားဖော်ပြထားပါသည်။
ထိုကြောင့် ကျွန်တော်တို့အားလုံးသည် ဒီဇင်ဘာ ( ၁၄ ) ရက်နေ့ကို မြန်မာသူငယ်ချင်းများနေ့အဖြစ်သတ်မှတ်ကာ အသုံးပြုခဲ့ခြင်းဖြစ်ပါသည်။ ယခုအခါ မြန်မာသူငယ်ချင်းများနေ့ဟု သတ်မှတ်ပြီးနောက်တွင်မှာတော့ မြန်မာသူငယ်ချင်းများနေ့လေး ဖြစ်တည်လာသည်မှာ လေးနှစ်မြောက်ရှိခဲ့ပါပြီဖြစ်သည်။
သူငယ်ချင်းများနေ့ကို မေးခဲ့သော သူငယ်ချင်းများကိုယ်စား ဒီ http://www.myanmarfriendsday.comကို တည်ထောင်ပေးခဲ့ရင်း သူငယ်ချင်းများအားလုံး ဘ၀ခရီးကို သူငယ်ချင်းများစွာနဲ့ လက်တွဲလျှောက်လှမ်းနိုင်ပါစေလို့ ဆန္ဒမွန်ဖြင့် ဆုတောင်းပေးလိုက်ပါတယ်။
စာကြွင်း။ ။ မူရင်းစာအဟောင်းကို ၂၀၀၅ ကတည်းကရေးသားထားသဖြင့် ယခုအခါရှာဖွေရန်ခက်ခဲပြီး ကြိုးစားရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ပါ ၊ ထိုအတွက် နားလည်နိုင်ပါလိမ့်မည်။
လေးစားစွာဖြင့်
သူငယ်ချင်းများနေ့အဖွဲ့