ကျွန်တော်တို့ “မြန်မာသူငယ်ချင်းများနေ့” ၀က်ဆိုက်မှ အဖွဲ့ဝင် လူငယ်မောင်မယ်များက မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ၆၃ လမ်း၊ ၂၈x၂၉ လမ်းကြားရှိ၊ “အောင်တော်မူဘုရားရင်ပြင်တော်” တွင် စနေနေ့ ညနေတိုင်း ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ တံမျက်စည်းလှည်းခြင်းဖြင့် ဝေယျာဝစ္စအသင်းဖွဲ့ကာ သန့်ရှင်းရေး ပြုလုပ်လာခဲ့ရာ ယခု ၂၀၁၀ ခုနှစ်၊ ဇွန်လဆိုလျှင် (၈) လခန့်ရှိခဲ့ပြီဖြစ်သည်။ ၎င်းကာလအတွင်း ၀က်ဆိုက်ထဲမှ အဖွဲ့ဝင် ဟုတ်သူရော၊ မဟုတ်သူပါ ကုသိုလ်ပါဝင်ယူလာခဲ့ရာမှာ အချို့ရက်တွင် (၆) ယောက်၊ (၇) ယောက်ခန့်သာ ရှိသော်လည်း အချို့ရက်တွင် အစိတ်၊ သုံးဆယ်ခန့်ရှိခဲ့သည်။
အချို့က မွေးနေ့ကုသိုလ်အဖြစ်၊ အချို့က တစ်ပတ်အတွင်း အလုပ်လုပ်ရသည့် နောက်ဆုံးလုပ်ရက်၊ အချို့က အဖွဲ့ဝင်တစ်ဦးဦးနဲ့ ရင်းနှီးကျွမ်းဝင်၊ အချို့က ဂေါပကနှင့်ဆက်စပ်၍၊ အချို့က ဘုရားဖူးလာရင်းကုသိုလ်ယူစသဖြင့် အသီးသီးလာရောက်ကုသိုလ်ယူရင်း Paul Mitchell မှ မဇင်မာနွယ်က ၅.၆.၂၀၁၀ ရက်နေ့တွင် “ကြမ်းပါတိုက်ရင် ကောင်းမယ်၊ လိုအပ်တဲ့ ပစ္စည်းတွေကို သူက မ,တည်ပြီး သူငယ်ချင်းတွေနဲ့ စုဝယ်ခဲ့မယ်” ဟုဆိုရာ ၁၂.၆.၂၀၁၀ ရက်နေ့မှ စ၍ ရင်ပြင်တော်တစ်ခုလုံး ကြမ်းတိုက်နိုင်ခဲ့သည်။
ဘုရားဖူးအချို့က တနိုင်စာ ကုသိုလ်ယူရင်း တံမျက်စည်းကို လှည်းသွားပြီး နီးစပ်ရာတွင် ချထားခဲ့ခြင်း၊ တစ်ခါခါ မိုးရွာသည့်နေ့မျိုးတွင် တံမျက်စည်းများ မိုးမိခြင်း စသည်ကြောင့် စနေနေ့ညနေရောက်တိုင်း တံမျက်စည်းကို အမြဲရှာဖွေ နေရခဲ့ရာ အားလုံးက ဝေယျာဝစ္စအသင်းအနေဖြင့် ကိုယ်ပိုင်တံမျက်စည်းဖြင့် လှည်းကြမည်။ ထို့နောက် ကြမ်းတိုက်ရာတွင် စက်မှု (၁) ထုတ် ပုဝါကြမ်းကို အသုံးပြုကြသည်။ ရေညှစ်ကာ ခြေထောက်ဖြင့် နင်းတိုက်ရခြင်းကြောင့် ၎င်းပုဝါမှာ လေး၊ ငါး၊ ခြောက်ပတ်လောက်သာ ခံနိုင်မည်။ နောက် ပုဝါ (၁၀) ထည်သာရှိသည်။ လူများသည့်နေ့ အချို့ ဘေးမှ ရပ်ကြည့်နေရမည်။
လိုအပ်သော တံမျက်စည်း၊ ကြမ်းတိုက်ပုဝါများကို တစ်ဦးတစ်ယောက်တည်း (သို့မဟုတ်) သူငယ်ချင်းတစ်စု အနေဖြင့် လှူဒါန်းနိုင်ပါသည်။ ထိုကဲ့သို့ လှူဒါန်းသူ မရှိခဲ့လျှင်“မြန်မာသူငယ်ချင်းများနေ့” အောင်တော်မူ စနေနေ့ညနေ ဝေယျာဝစ္စအသင်းများအနေဖြင့် လာရောက် ကုသိုလ်ယူသူများထံမှ တစ်ညနေလျှင် တစ်ယောက်ထံမှ မုန့်ဖိုး အပိုစုငွေ သဘောမျိုးဖြင့် “၅၀၀” ကျပ်စီကောက်ခံ၍ ဖြည်းဖြည်းချင်းစီ စုကာ လိုအပ်သည်များကို ၀ယ်ယူသွားပါမည်။
အကယ်၍ လှူဒါန်းချင်သူများရှိခဲ့လျှင် ထိုအောင်တော်မူဘုရားသို့ စနေနေ့ညနေ ဝေယျာဝစ္စပြုလုပ်ချိန် အတွင်းလာရောက်၍ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။ ကြမ်းတိုက်ပြီးနောက် အပန်းဖြေစဉ်အတွင်း 1 Litre ရေသန့်ဗူးလေးဖြင့်လည်း ကုသိုလ်ယူနိုင်ပါသည်။
I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article.