အိမ် အလုပ်ကို တစ်မိသားစုလုံး ၀ိုင်းလုပ်မှ ပျော်ရွှင်မည်။
တိုင်းပြည်အလုပ်ကို ပြည်သူတစ်ရပ်လုံးလုပ်မှ ၀ိုင်းလုပ်မှ တိုးတက်ဖွံ့ဖြိုးမည်။
စေတနာစကားသည် သိက္ခာ၏ အခြေခံဥပဒေတည်း။
မိဘ၏ စကားသည် မိသားစု၏ အခြေခံဥပဒေတည်း။
ပြည်သူ၏ စကားသည် တိုင်းပြည်၏ အခြေခံဥပဒေတည်း။
စည်းမျဉ်းသည် ဥစ္စာဓနကို ကာကွယ်မှုပေး၏
ဆေးဝါးသည် ခန္ဓာကိုယ်ကို ကျမ်းမာအောင် ကုသ၏
အင်အားသည် အသက်ဇီဝိန်ကို ကာကွယ်စောင့်ရှောက်၏
ကလေးဘ၀တွင် မိဘစကားကို လိုက်နာ၏
ကျောင်းသားဘ၀တွင် ဆရာ့စကားကို လိုက်နာ၏
ရည်းစားဘ၀တွင် ချစ်သူ့စကားကို လိုက်နာ၏
ကိုယ်တိုင်ကိုယ်ကြပ် ထိတွေ့ခံစားခြင်းဖြင့် ဆင်းရဲဒုက္ခကို သိနိုင်၏
ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာခြင်းဖြင့် အဆိုးအကောင်း ခွဲခြားနိုင်၏
ခင်တွယ်မှု ရှိသည်နှင့် အရာကိစ္စအားလုံး ပြေလည်သွားတော့၏
ဘာသာစကား ပြောနိုင်သည်နှင့် အတွေးအခေါ်ချင်း ဖလှယ်နိုင်၏
လူသည် အသက်အရွယ်ကြီးလေ ချည့်နဲ့လေ။
နာမည် နောရာတကာ ပျံ့နှံ့လေ ကြီးကျယ်လေ။
ယဉ်ကျေးခြင်းကို ဦးနှောက်မှစ၍ ကြည့်ရ၏
အိုမင်းခြင်းကို ခြေထောက်က စတင်သိရှိ၏
စာပေအနုပညာသည် လူ့စိတ်ကို ရွှင်လန်းထက်သန်စေ၏
လက်ရုံးရည်အတတ်သည် ခန္ဓာကိုယ်ကို ကျန်းမာပေါ့ပါးစေ၏
တရားသည် အနှစ်တစ်ထောင်ကြာလည်း မပြောင်းလဲ။
နည်းလမ်းသော်ကား အချိန်မရွေး ပြောင်းလဲတတ်၏
စစ်ပွဲသည် အမှားထင်ခြင်းမှ စတင်၏
အောင်ပွဲသည် အမှားလျှော့ခြင်းမှ ရယူ၏
စစ်မြေပြင်တွင် ဓားသေနတ်တို့ဖြင့် အနိုင်အရှုံးယှဉ်ပြိုင်၏
စေ့စပ်ဆွေးနွေးလျှင် အမှားအမှန်ကို နှုတ်လျှာဖြင့် ယှဉ်ပြိုင်၏
အချိန်ကာလကသာလျှင် အဆိုးအကောင်းကို ခွဲခြားသိမြင်နိုင်၏
အကွားအဝေးသာလျှင် ရုပ်ဆိုးရုပ်လှကို ခွဲခြားသိမြင်နိုင်၏
ပျော့ညံ့မှုကြောင့် အလိမ်ခံရမည်။
တွန့်ဆုတ်မှုကြောင့် မုချ ကျဆုံးမည်။
မှန်ကန်ခြင်းသည် အဘယ်နည်း။ အမှားကင်းခြင်းတည်း
ကောင်းမွန်ခြင်းသည် အဘယ်နည်း အကျိုးရှိခြင်းတည်။
ငွေကြေးပြုလုပ်သော ကျေးကျွန်သည် ဆင်းရဲပင်ပန်း၏
ငွေကြေးပြုလုပ်သော သခင်သည် ချမ်းသာပျော်ရွှင်၏
တရားသေနိုင်မှုသည် လူကို အယူသည်းစေ၏
ဆိုးဝါးသော စကားသည် လူကို ဆိုးသွမ်းလွယ်စေ၏
ငွေကြေးနှင့် အာဏာသည် လူကို ပျက်စီးလွယ်စေ၏
ပညာသင်ခြင်းသည် လူကို တိုးတက်စေ၏
ဘာသာတရားသည် လူကို သန့်စင်စေ၏
လှူဒါန်းပေးကမ်းခြင်းသည် လူကို သိက္ခာတက်စေ၏
အနုပညာသည် လူကို လှအောင် မွမ်းမံနိုင်၏
စဉ်းစားပြီးပြောပါ။ လုပြီးမပြောပါနဲ့။ လွဲမှားမှုကင်းသည်။
ကြည့်ပြီးလျှောက်ပါ။ နမော်နမဲ့ မလျှောက်ပါနဲ့။ ချော်လဲကျတတ်သည်။
လူချင်းသင့်မြတ်လျှင် အရာကိစ္စတိုင်း အဆင်ပြေ၏
အိမ်တွင်းသင့်မြတ်လျှင် အိမ်သားအားလုံး ကျန်းမာ၏
တွေးတ၍ မရသော ကိစ္စများကို စဉ်းစားလျှင် စိတ်ကူးယဉ်သည်မည်၏
လုပ်၍ မရသော အလပ်ကို ဇွတ်လုပ်လျှင် ထုံသည်မည်၏
သိက္ခာမဲ့သော အထက်လူနောက် လိုက်ခြင်းထက် မကျွမ်းကျင်သော လူနောက်လိုက်ခြင်းက ပိုကောင်းသေး၏
မရိုးဖြောင့်သော ၀မ်းကျောင်းမှုပြုခြင်းထက် ဆင်းရဲစွာ ဘ၀ကို ကျောင်းရခြင်းက စိတ်ချမ်းသား၏
သူများကို မှီခိုရခြင်းသည် စွမ်းရည် အညံ့ဖျင်းဆုံး။
သားကွဲ မယားကွဲနေရခြင်းသည် စိတ်အဆင်းရဲဆုံး။
သိက္ခာကို ရောင်းစားလိုက်ရခြင်းသည် ရှက်စရာအကောင်းဆုံး။
သေသည်အထိ ယောင်နနဖြစ်နေရခြင်းသည် ၀မ်းနည်းစရာအကောင်းဆုံး။
လေပေးဖြောင့်လျှင် အခွန်းတစ်ထောင်ပြောသော်လည်း မများပါ။
အမြင် မတူသော် တစ်ခွန်းပြောသော် များသည်ထင်။
စကား အပြောမှားလျှင် စိတ်မချမ်းသာဖြစ်ရ။
အမှားလုပ်မိလျှင် အချိန်ကြာကြာ ၀မ်းနည်းရ။
ကူညီမှားလျှင် ပတ်ဝန်းကျင်မှာ မျက်နှာပြလို့မရ။
လူကို မှားယုံမိပြီး ကူညီဖို့ ပြောမိလျှင် တစ်သက်လုံးနောင်တရ။
ကဗျာတစ်ပုဒ်လေးနဲ့ အဆုံးသတ်ပါ့မယ်။ ကဗျာလေးက
နိဂုံးချုပ်ကဗျာ
နာမ်ရုပ်နဲ့ ဘောင်ခတ်ထားတဲ့
အချန်းကျဉ်းကျဉ်းလေးထဲမှာတော့
မရှိသင့်ပဲ ရှိနေတာက “ဒေါသ”
ရှိသင့်နေတာထက် ပိုရှိနေတာက “လောဘ”
မရှိသလိုလို ရှိနေတာက “မောဟ”
အခန်းဘောင်ကို ထွင်းထုထားတာက “အတ္တ”
အခန်းပြိုကျလို့ ယိုစီးလာတာက “သောက၊ ပရိဒေ၀”
ပြီးတော့. . .
အကုန်လုံး စုရုံးပွက်ထ
အခန်းတစ်ခုလုံးကြေမွ၊ ကွဲလျှ၊ အုံကြွ
မလှမပ၊ သဘာဝကျကျ
အဆုံးသတ်သွားတာက “မရဏ”။
ဂိုဂို (ဆေးတက္ကသိုလ်)
ဒီနေ့ ဖတ်မိတဲ့စာအုပ်ထဲက မောင်မောင်လှိုင်ရဲ့ စာတွေပါ။ ကဗျာကတော့ ဂိုဂိုရဲ့ ကဗျာ။
Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.