အတ္ထိ – ရှိတယ်။ ဒါပဲလေ။ လူတကာသိ။ အားလုံးသိ။ သဟဇာတမှာ အတူတကွ ဖြစ်တယ်ဆိုခဲ့တယ်။ ရှိလို့ အတူတကွ ဖြစ်တာပေါ့။ မရှိရင် မဖြစ်ဘူးလေ။ ပုရေဇာတမှာဆိုရင် မိဘတွေ ရှိလို့ သားသမီးဆိုတာ ရှိလာတာ။ ပစ္ဆာဇာတသတ္တိမှာလည်း မျှော်လင့်ချက်ကလေးတွေရှိနေတာကြောင့် ရှေးက ရုပ်တွေ ကြိုဖြစ်နေတာ။ အစာအာဟာရ ဆိုတာ ခန္ဓာကိုယ်ကို ကျေးဇူး ပြုကို ပြုတယ်။ မျက်စိဆိုတာ ရှိတယ်။ အကြည့်ခံရမယ့် ပစ္စည်းတစ်ခုခုရှိတယ်။ မြင်တယ်။ ဒါတွေဟာ အရှိတရားတွေပဲလေ။ အတ္ထိပစ္စယော – ဆိုတာ ရှိခြင်းနဲ့ ထောက်ပံ့တာ။ ကျေးဇူးပြုတာကို ခေါ်ပါတယ်။ မြင်းမိုရ်တောင်ရှိတယ်။ မြင်းမိုရ်တောင်ကြောင့် သစ်ပင်တွေ ပန်းမာန်ဥယျာဉ်တွေ ပေါက်ရောက်တယ်။ စိမ်းလန်းစိုပြေစေ နိုင်တဲ့ အရည်အချင်းရှိတယ်။ စိမ်းလန်းစိုပြေမယ့် သစ်ပင်လည်းရှိတယ်။ ဒီလို ရှိနေတာတွေဟာ အတ္ထိပစ္စယောဖြစ်ပါတယ်။ သစ်ပင်မရှိရင် မြင်းမိုရ်တောင်ဟာ မစိမ်းလန်း မစိုပြေဘူး။ မြင်းမိုရ်တောင် မရှိရင် သစ်ပင်ဟာ မစိမ်းလန်း မစိုပြေဘူး အဲလို ရှိနေတာကိုပဲ အတ္ထိပစ္စယောလို့ခေါ်ပါတယ်။ အတ္ထိပစ္စယောကို ဒီလောက်လေးပဲ ပြောပါတော့မယ်။ နားလည်မယ်လို့ မျှော်လင့်ပါတယ်။
Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?
I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article.