ရွှေသော ငွေသော၊ ဘယ်လိုပေါလည်း၊ လောဘစုံမက်၊ မလှူရက်က၊ ဘ၀တွက်တာ၊ လူဖြစ်နာ၏။
ဘုရားသာသနာ၊ တွေ့ကြုံပါလည်း၊ ကောင်းစွာသီလ၊ မတည်ကြလျှင်၊ ဘ၀တွက်တာ၊ လူဖြစ်နာ၏။
ဗုဒ္ဓတရား၊ ရှိနေငြားလည်း၊ အမှားနှစ်ခြိုက်၊ လမ်းလွှဲလိုက်က၊ လူ့ဘ၀မှာ၊ ဖြစ်ရနာ၏။
သူတော်ကောင်းတရား၊ နာရငြားလည်း၊ လေးစားကြိုးကုတ်၊ အားမထုတ်က၊ ဆုတ်ယုတ်သင့်မှာ၊ လူဖြစ်နာ၏။
လက်ရှိလူ၌၊ နေရခိုက်မှာ၊ ဒါန သီလာ၊ ဘာဝနာကို၊ မကွာနေ့ည၊ မပြုကြလျှင်၊ ဘ၀လူဖြစ် နာလှ၏။
ဘယ်သူ (သို့) ဘယ်ဆရာတော်ရဲ့ ကဗျာလည်း မသိပါ။