ပုရေဇာတကလည်း နှစ်ပါးကွဲတယ်။ အာရမ္မဏပုရေဇာတနှင့် ၀တ္ထုပုရေဇာတပါတဲ့။ အာရုံမဖြစ်ခင် ရှေးက ဖြစ်တာ။ တစ်ခုမဖြစ်ခင် တစ်ခုရှေ့က ဖြစ်တာတွေပါပဲ။ အာရမ္မဏပုရေဇာတနှင့် ပတ်သက်လို့ ပြန်ပြောရမှာက အာရမ္မဏအကြောင်းတွေပါပဲ။ ဒီမှာက အဘိဓမ္မာအကြောင်း အတော်လေး နားလည်မှ ပြောလို့ နားလည်နိုင်မယ်။ ဒါပေမယ့် ကျွန်တော် အဘိဓမ္မာမပါဘဲ ပြောနေကျ ဥပမာတွေနဲ့ ရှင်းကြည့်မယ်။ သင့်ရှေ့က အခုမြင်နေရတဲ့ တစ်စုံတစ်ရာကို သင်ကြည့်တယ်။ မြင်တာလေးဖြစ်တယ်။ အဲဒီမှာ မြင်ခြင်းက အရင် ဖြစ်တာလား။ တစ်စုံတစ်ရာက အရင်ဖြစ်တာလား။ ပုရေဇာတက ဒါလေးပါပဲ။ မမြင်ခင် အရာလေးက ကိုယ့်ကို မြင်နိုင်အောင် စွမ်းဆောင်လိုက်တာ မြင်အောင် ပြုလုပ်လိုက်တာ ပုရေ – ရှေးက၊ ဇာတ ဖြစ်နေတာလေးကို ပုရေဇာတလို့ ခေါ်ပါတယ်။ ပုရေ ရှေးက ဆိုတော့ အဲဒီရှေးက ဘယ်လိုရှေးမျိုးလဲပေါ့။ မိမိရဲ့ မြင်ခြင်းစိတ်ကို တကယ်ဖြစ်ပေါ်စေမယ့် ရှေးဖြစ်ပါတယ်။ ထဲထဲဝင်ဝင် စဉ်းစားမှ သိနိုင်မယ်။ အာရမ္မဏနဲ့ သိပ်မခြားဘူး။ မြင်တာလေး ဖြစ်တယ်။ မြင်တာလေးက ဘယ်မှာလာထိပြီး ဖြစ်တာလဲ။ မျက်လုံးက မျက်ကြည်လွှာလေး လာထိပြီးတော့ ဖြစ်တယ်။ မျက်ကြည်လွှာရဲ့ ဘယ်အထပ်က ထိတာလဲ။ ခုနှစ်ထပ်လုံးက ထိတယ်။ ရူပါရုံနဲ့ စက္ခုပဿာဒ ထိခိုက်တဲ့အခါ စက္ခုဝိညာဏဓာတ် စတာတွေ ဖြစ်ပေါ်ရတယ်ပေါ့။ ဥပမာနဲ့ ပြောရရင် ရိုးရိုးအာရမ္မဏက သက်ကြီးရွယ်အိုတွေအတွက် တောင်ဝှေးတို့ ကြိုးတန်းတို့နဲ့ တူတယ်။ စိတ်စေတသိက်တွေဟာ မြင်ခြင်းစတဲ့အာရုံမပါဘဲ မရပ်တည်နိုင်ဘူး။ အာရမ္မဏပုရေဇာတကျတော့ ရှေးလူကြောင့် နောက်လူဖြစ်ရတာ မိဘကြောင့် သားမီးဖြစ်ရတာလောက်ပဲ။ ရှေးက သရက်ပင်ကြောင့် နောက်က သရက်ပင်ဖြစ်တယ်။ ရှေးက မန်ကျည်းပင်ကြောင့် နောက်က မန်ကျည်းပင်ဖြစ်တယ်။ ဒါတွေပါပဲ။ ဥပမာတွေနော်။ ၀တ္ထုပုရေဇာတကျတော့ ဥပမာထဲ ပါသွားပါပြီ။ သဘာဝလွန်ဖြစ်ရပ်တွေက လွှဲရင်ပေါ့လေ။ ဘယ်လိုလဲဆိုတော့ ရှေးက အလင်းကြောင့် နောက်က အလင်းဖြစ်တယ်ဆိုရာမှာ အဲဒီအလင်းရဲ့ ရှေ့မှာ ဘာလဲလို့ မေးစရာ ရှိတယ်။ အဲဒီလို အလင်းပေါ်လာခြင်း လနေနက္ခတ်တို့ ပေါ်လာခြင်းဟာ ပေါ်ကို ပေါ်ရမယ့် သဘာဝကြောင့် ဖြစ်ပါတယ်။ ခု ကွန်ပျူတာတို့ အင်တာနက်တို့ကျပြန်တော့ လူတွေ ထွင်ထားတဲ့ သဘာဝတစ်ရပ်ဖြစ်ပါတယ်။ ဒါပေမယ့် ရှေးကွန်ပျူတာကြောင့် နောက်ကွန်ပျူတာက ဖြစ်တာပါပဲနော။
ပုရေဇာတပစ္စယော
Subscribe
0 Comments