ပထမဦးဆုံး ကျွန်တော်တို့အဖွဲ့မှ မန္တလေးမြို့၊ နန်းရှေ့၊ အောင်တော်မူဘုရားဝင်းမှာ အပတ်စဉ် စနေနေ့သန့်ရှင်းရေးအသင်းပြုလုပ်ပြီး စနေနေ့ညနေတိုင်း သန့်ရှင်းရေးလုပ်ခဲ့ပါတယ်။
အဲဒီနောက် အောင်တော်မူဘုရားဝင်းအတွင်းမှာရှိတဲ့ ဘ၀အလင်းစာကြည့်တိုက်မှာ စာအုပ်ပေါင်း ၂၈၄ အုပ်လှူဒါန်းခဲ့ပါတယ်။ စာအုပ်အလှူရှင်နဲ့ စာအုပ်စာရင်းကို ကျွန်တော်တို့ ဆိုက်မှာ လေးကြိမ်ခွဲတင်ခဲ့ပါတယ်။
အလှူရှင်နှင့် စာအုပ်စာရင်း (၁)
အလှူရှင်နှင့် စာအုပ်စာရင်း (၂)
အလှူရှင်နှင့် စာအုပ်စာရင်း (၃)
အလှူရှင်နှင့် စာအုပ်စာရင်း (၄)
နောက် အဖွဲ့ဝင်ထဲမှာ အဖွဲ့ဝင်အချို့က စာကြည့်တိုက်ထဲ ၀င်လိုက်တာနဲ့ တရားသံလေးကို ကြားရမယ်ဆိုရင် ပိုကြည်နူးဖို့ကောင်းမယ်ဆိုပြီးတော့
၁။ Heartskey RMVD စက်တစ်လုံး
၂။ Nibban Jx2box တစ်စုံ
၃။ MS 5 way တစ်လုံး
၎။ 10 m ကြိုးခွေ
၅။ တရားခွေများနှင့်
၆။ MD-Wall Fan နှစ်ခု လှူဒါန်းခဲ့ပါတယ်။
ဒီအလှူရှင်စာရင်းကိုတော့ ဒီနေရာလေးမှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒီအလှူဖြစ်မြောက်အောင် ကူညီပေးခဲ့တဲ့ ကေခမ်းနှင့် ပန်းသခင်ကို အထူးကျေးဇူးတင်ရှိပါတယ်။
နောက် တရားဖွင့်ထားတဲ့အခါ ရုပ်ပုံဖူးမြင်နိုင်ရန်အတွက် ဆိုက်မှာ ကြေငြာကောက်ခံခဲ့ရာ
နန်းလေပြေနု … ၃၀၀၀၀ိ/-(ကျပ်သုံးသောင်း)
asai tomokolay … ၃၀၀၀၀ိ/-(ကျပ်သုံးသောင်း)
Ngatun … ၉၉၀၀၀ိ/-(ကျပ်ကိုးသောင်းကိုးထောင်)
စိုးဝင်းအောင်… ၃၀၀၀၀ိ/- (ကျပ်သုံးသောင်း)
ကူးကူးလေး … ၃၀၀၀၀ိ/-(ကျပ်သုံးသောင်း)
မအေးချမ်းဖြူ … ၅၀၀၀၀ိ/-(ကျပ်ငါးသောင်း)
kabasayar (ကဗျာဆရာ) … ၁၀၀၀၀၀ိ/- (ကျပ်တစ်သိန်း)
ကိုအောင်ပိုင် ...၂၀၀၀၀ (နှစ်သောင်းကျပ်)
စုစုပေါင်း ၃၈၉၀၀၀ိ/- ဖြစ်ပါတယ်။
ဒီအတွက် ရန်ကုန်မှ အလှူငွေကို ကောက်ခံပေးခဲ့ပြီး မန္တလေးကို ငွေလွှဲပေးခဲ့တဲ့ ကိုစိုးဝင်းအောင်ကို အထူးကျေးဇူးတင်ပါတယ်။ ငွေလွှဲကို လက်ခံပြီး ပစ္စည်းကို လိုက်လံဝယ်ယူကူညီပေးခဲ့တဲ့ သူရ (သတင်းအယ်ဒီတာ)နှင့် ကိုကိုမောင်ကို အထူးကျေးဇူး တင်ရှိပါတယ်။
ပင်နာဆိုနစ်တံဆိပ် ၃၂ လက်မ LCD ရုပ်မြင်သံကြားစက် (၃၇၇၀၀၀) ကျပ်နဲ့ ပိုတဲ့အလှူငွေကို ဒီဗီဒီချပ် (၂၄) ချပ် ၀ယ်ယူလှူဒါန်းခဲ့ပါတယ်။
အလှူပြုလုပ် ရေစက်ချအခမ်းအနားကို မိဘမဲ့ ကလေးစောင့်ရှောက်ရေးကျောင်း (M.O.B.A) ဆရာတော်မှ လာရောက်ရေစက်ချပေးခဲ့ပါတယ်။ ရေစက်ချပွဲအခမ်းအနားသို့ တက်ရောက်ပေးသော ဆရာတော်နှင့် သံဃာတော်များကို လည်း အထူးကျေးဇူးတင်ရှိပါတယ်။
အလှူရက်မှာ အောင်တော်မူဘုရားဖူးလာများအတွက် အအေးဘူး စတုဒိသာအတွက်
သူရ (သတင်းအယ်ဒီတာမှ) အလှူငွေ ၁၅၀၀၀ (တစ်သောင်းခွဲကျပ်)ကျပ်
ဘကြိုင် (ခ)အရှင်သုန္ဒရ (admin) မှ အလှူငွေ ၁၀၀၀၀ (တစ်သောင်းကျပ်)
အေထူးမောင် (အဖွဲ့ဝင်)မှ အလှူငွေ ၅၀၀၀ (ငါးထောင်ကျပ်) ထည့်ဝင်လှူဒါန်းခဲ့ပါတယ်။
လှူဒါန်းမှုအစုစု ဖြစ်မြောက်လာဖို့ အဖက်ဖက်မှ ၀ိုင်းဝန်းလှူဒါန်းပေးကြသော အဖွဲ့ဝင်များ ၊ အလှူအတွက် စိတ်ကော လူပါ ကူညီခဲ့တဲ့ အက်ဒမင်များ၊ ရေစက်ချအခမ်းအနားကို တက်ရောက်ပေးကြတဲ့ အဖွဲ့ဝင်များကို အထူးကျေးဇူးတင်ရှိပါတယ်။
ဤကဲ့သို့ လှူဒါန်းရသော ကိုသိုလ်အဖို့ဘာဂကို နိဗ္ဗာန်ကို လွယ်လင့်တကူ မျက်မှောက်ပြုနိုင်ကြပါစေ။ အဖွဲ့ဝင်နှင့်တကွ အားလုံးကိုလည်း ကိုသိုလ်အဖို့ဘာဂကို ပေးဝေပါတယ်။ သာဓုခေါ်ဆိုနိုင်ကြပါစေ။